MPL Myanmar Season 4 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Burmese Ghouls

MPL Myanmar Season 4 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Burmese Ghouls

မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်းတွေ အထဲမှာ အကောင်းဆုံး အသင်း အဖြစ် ရပ်တည်လျက်ရှိတဲ့ Burmese Ghouls ကတော့ MPL Myanmar Season 4 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် စွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Burmese Ghouls MLBB အသင်း အနေနဲ့ MPL Myanmar Season 3 ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူနိုင်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Burmese Ghouls MLBB အသင်း အနေနဲ့ MPL Myanmar Season 1 ပြိုင်ပွဲကနေ Season 4 အထိ နှစ်စဥ်နှစ်တိုင်း Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို သုံးကြိမ်တိုင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး MPL Season 2 ပြိုင်ပွဲ တစ်ခုတည်းမှာသာ ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရပါတယ်။

Burmese Ghouls MLBB အဖွဲ့သားတွေ အနေနဲ့ MPL Myanmar Season 4 ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဥ်တွေမှာ Claw Esports တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အုပ်စု ဒုတိယ နေရာဖြင့် Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoffs အဆင့် ပထမ ပွဲစဥ်မှာ အုပ်စုတွင်း ပြိုင်ဘက်ကောင်း Claw Esports နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Grand Finals အဆင့်မှာတော့ Lower Bracket ကနေ ပြန်လည် တက်လှမ်းလာခဲ့တဲ့ Claw Esports နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး (၃) ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် MPL MM Season 4 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: BurmeseGhouls, MLBB

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle