MPL MY/ SG SEASON 5 ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီ

MPL MY/ SG SEASON 5 ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီ

Mobile Legends: Bang Bang Professiona League Singapore and Malaysia Season 5 ပြိုင်ပွဲကြီးကို ကျင်းပလာခဲ့တာ အခုဆိုရင် Week 3 ပြိုင်ပွဲတွေ ပြီးဆုံးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့ အတွက် အခြားသော Esports ပြိုင်ပွဲတွေနည်းတူ MPL MY/ SG Season 5 ပြိုင်ပွဲကိုလည်း ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။

ကစားသမားတွေ၊ ပရိသတ်တွေ၊ ဝန်ထမ်းတွေ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် Moonton အနေနဲ့ MPL MY/ SG Season 5 ပြိုင်ပွဲကြီးကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ရတာဖြစ်ကြောင်း MPL SG/ MY Facebook Page ကနေ တစ်ဆင့် ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက် မလေးရှားနိုင်ငံ အစိုးအရ နေနဲ့ အခမ်းအနားများ ကျင်းပခွင့်ကို ကန့်သတ်ခဲ့သလို မလေးရှားနိုင်ငံသားတွေကို နိုင်ငံခြား ခရီးသွားလာခွင့် ပိတ်သိမ်းခြင်း၊ နိုင်ငံခြားသား ခရီးသည်များ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

အခုလို မလေးရှား နိုင်ငံတွင်း အခမ်းအနားများ ကျင်းပခွင့်ကို ကန့်သတ်လိုက်ပြီ ဖြစ်တာကြောင့် MPL MY/ SG Season 5 ပြိုင်ပွဲကို ခေတ္တရပ်နားဖို့ Moonton အနေနဲ့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ MPL MY/ SG Season 5 ပြိုင်ပွဲကို ကျင်းပခဲ့တာ တတိယမြောက် ရက်သတ္တပတ် အထိ ပြီးစီးသွားခဲ့ပြီဖြစ်ပြီး Geek Fam အနေနဲ့ ၅ ပွဲနိုင်၊ ရှုံးပွဲမရှိ ရလဒ်ဖြင့် ဇယားထိပ်မှာ ဦးဆောင်လျက် ရှိပါတယ်။

လက်ရှိအချိန်မှာ မလေးရှားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ (၆၀၀) ကျော်တဲ့ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်တာကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ခြင်း မရှိခင် အချိန်အထိ MPL MY/ SG Season 5 ပြိုင်ပွဲကို ရပ်နားသွားဖွယ် ရှိပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ