MPT စေတနာ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို မြို့ကြီး (၃) မြို့တွင် စတင်ဆောင်ရွက်

MPT စေတနာ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို မြို့ကြီး (၃) မြို့တွင် စတင်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်) – MPT အနေဖြင့် သွေးလှူဒါန်းခြင်းသည် လူ့အသက် ကယ်တင်ခြင်းနှင့် ကျန်းမာရေးအခြေအနေကို ပိုမိုကောင်းမွန်စေသော အခြေခံကျသည့် လိုအပ်ချက် တစ်ရပ် ဖြစ်သည်ဟု ယုံကြည်သောကြောင့် MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင်များ ပါဝင်သည့် စုပေါင်း သွေးလှူဒါန်းမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သွေးလိုအပ်သူများ နှင့် အရေးပေါ်သွေးဌာနများသို့ သွေးအိတ်ပေါင်း (၁၈၉) ကျော်လှူဒါန်း ခဲ့ပါသည်။ ယခု စုပေါင်းသွေးလှူဒါန်းပွဲတွင် ရန်ကုန် မှ (၁၅၃)ဦး၊ မန္တလေး မှ (၂၇)ဦးနှင့် နေပြည်တော် မှ (၄၂)ဦး စုစုပေါင်း သွေးလှူရှင် (၂၂၂)ဦးတို့မှ ပါဝင်လှူဒါန်းခဲ့ပါသည်။
ယခု စုပေါင်းသွေးလှူဒါန်းမှုသည် ကိုဗစ်-၁၉ပြီးနောက် ပထမဆုံးပြန်လည်လှူဒါန်းမှုဖြစ်ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသင်တန်းကျောင်း၊ မန္တလေးကုတင် (၃၀၀) သင်ကြားရေးဆေးရုံ နှင့် နေပြည်တော်ကုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက အသီးသီးကျင်းပ ဆောင်ရွက်ခဲ့ ပါသည်။ စုပေါင်းသွေးလှူဒါန်းမှုသည် MPT မှ ဆောင်ရွက်နေသော တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး သွေးသည် လူတစ်ယောက်မှ အခြားလူတစ်ယောက်ကို ပေးအပ်နိုင်သည့် အမွန်မြတ်ဆုံးလက်ဆောင်-အသက်ကယ်ပေးခြင်း ဖြစ်သောကြောင့် MPT အနေဖြင့် ယခုကဲ့သို့ မွန်မြတ်သော လက်ဆောင်တစ်ခုကို မြန်မာပြည်သူများကို ပေးအပ်လိုသောကြောင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ၂၀၁၇ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံ၏ သွေးလိုအပ်ချက် ၈၀% ကို စေတနာသွေးလှူရှင်များနှင့် အခကြေးငွေမယူဘဲလှူဒါန်းသူများထံမှ ရရှိကြောင်း သိရပါသည်။ နေ့စဥ်နေ့တိုင်း သန်းနှင့်ချီသောလူများသည် သန့်စင်သောသွေးများကို သွေးသွင်းကုသမှုအတွက် လိုအပ်နေပြီး MPT အနေဖြင့် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ၏ အကူအညီဖြင့် ယခုလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်စွမ်းပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

MPT ၏ စုပေါင်းသွေးလှူဒါန်းမှုသည် လူမှုအသိုက်အဝန်းကို ကောင်းမွန်သော အပြောင်းအလဲ/ အကျိုး သက်ရောက်မှုများနှင့် အထောက်အပံ့ပေးနိုင်ရန် ပြင်ပမှ စေတနာရှင်များနှင့် ပူပေါင်းလုပ်ဆောင်သည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ MPT အနေဖြင့် ၂၀၁၆ခုနှစ်မှ စတင်၍ ၂၀၁၉ခုနှစ် ကိုဗစ်ကာလမတိုင်မီအထိ နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းမှုများကို အများပြည်သူနှင့် လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် တစ်နှစ်လျှင် သုံးကြိမ်ခန့်မျှဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၆ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ လူမှုအသိုက်အဝန်းအတွက် သွေးအိတ် ပေါင်း ၁သောင်းကျော်ခန့် လှူဒါန်းပြီးဖြစ်ကာ ပါဝင်လှူဒါန်းသူဦးရေမှာ ၇,၀၀၀ ခန့်ဖြစ်ပါသည်။

သွေးလှူဒါန်းခြင်းဖြင့် လူ့အသက်ကိုကယ်တင်နိုင်သဖြင့် သွေးလှူဒါန်းမှုမှာ မြန်မာတို့အတွက် မြင့်မြတ်သည့် အလှူတစ်မျိုးလည်းဖြစ်ပါသောကြောင့် MPT အနေဖြင့် ယင်းသို့သောကောင်းမွန်သည့် လှုပ်ရှားမှုကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အခြားသောနယ်ပယ်များတွင် ဆောင်ရွက်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများက “နှလုံးသားထဲကမြန်မာ” ဟူသော ခံယူချက်နှင့်အညီ ဆောင်ရွက်နေသည့် MPT ၏ ကတိကဝတ်များပင် ဖြစ်ပါသည်။
သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle