လူပျိူလူလွတ်အရွယ် သွားကဲသင့်တဲ့နေရာများ

လူပျိူလူလွတ်အရွယ် သွားကဲသင့်တဲ့နေရာများ

ကမ္ဘာပေါ်မှာရှိတဲ့ တချို့ Tourist Attraction တွေက Single တွေအတွက် သီးသန့်ရည်ရွယ်ထားတာပါ။ ယောကျ်ားလေးတွေ စိုးရိမ်တတ်တဲ့အရာက ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ရေးတစ်ခုကို စိတ်ရော ၊ လူရော ပုံအပ်လိုက်ပြီး လုပ်ချင်တာတွေ မလုပ်လိုက်ရမှာကိုပါ။ လူငယ်ဆိုတဲ့အတိုင်း သွားလည်ချင်တဲ့နိုင်ငံတွေ ၊ ထွက်ချင်တဲ့ခရီးတွေ ၊ လုပ်ဖူးချင်တဲ့ စွန့်စားခန်းတွေကတော့ ရှိကြမှာပဲလေ။ ဒီတော့စွန့်စွန့်စားစားနဲ့ ဘဝအရသာကိုခံချင်တဲ့သူတွေသွားသင့်တဲ့နေရာတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ စတော့ဟုမ်းကနေ ရီယိုဒီဂျနေးရိုးအထိ ၊ ဒီနေရာခြောက်ခုက စွန့်စားစရာတွေအများကြီးကိုပေးစွမ်းနိုင်ပြီး ချောမောလှပတဲ့ မိန်းမငယ်လေးတွေနဲ့လည်း တွေ့ဆုံခွင့်ကို ပေးနိုင်ပါတယ်။ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ညအလှတွေကိုကြောင့် ဒီနေရာတွေက ရည်းစားမရှိကျတဲ့ အပျို ၊ လူပျိုတွေနဲ့ ပြည့်နှက်နေကြတာပါ။ ကိုယ့်ရဲ့အားလပ်ရက်ကို ဘယ်လိုကုန်ဆုံးချင်တယ်ဆိုတာပေါ် မူတည်ပြီး ရွေးချယ်စရာတွေလည်း တစ်ပုံတစ်ခေါင်းပါပဲ။ ဒီတော့ စာရေးသူပြောနေတဲ့ နေရာဆယ်ခုကိုကြည့်လိုက်ရအောင်နော်။

၁။ ကနေဒါ ၊ မွန်ထရီရယ်
မွန်ထရီရယ်ကို လာကြတဲ့ ယောကျ်ားလေးတော်တော်များများက ဆွဲညှို့နိုင်တဲ့ပြင်သစ်လေသံဝဲနေတဲ့ ကောင်မလေးတွေကို မတွန်းလှန်နိုင်ကြပါဘူး။ ဒါပေမယ့် မွန်ထရီရယ်မှာ မိန်းကလေးတွေကပဲ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ တစ်မြို့လုံးက ညှို့ဓာတ်အပြည့်နဲ့ဖြစ်နေတာပါ။ ပြောရရင် UNESCO က မွန်ထရီရယ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးဒီဇိုင်းဆွဲပြီးတည်ဆောက်ထားတဲ့ မြို့လို့တောင်စာရင်းသွင်းထားတာပါ။ မွန်ထရီရယ်ကိုရောက်ရင်တော့ Mount Royal ပန်းခြံကို သွားဖြစ်အောင်သွားကြပါ။ ဒီပန်းခြံကို နယူးယောက်က Central Park ကို ပူးတွဲဒီဇိုင်းဆွဲခဲ့တဲ့သူကပဲ ဖန်တီးထားတာပါ။ နောက်သွားသင့်တဲ့တစ်နေရာကတော့ Notre-Dame Basilica ပဲဖြစ်ပါတယ်။ Basilica က သူ့ရဲ့သမိုင်းကြောင်းကြောင့် ထင်ရှားပါတယ်။ ညဖက်ဆိုရင် စော်လန်းလန်းလေးတွေမြင်ခွင့်ရမယ့် နာမည်ကြီးနိုက်ကလပ်တွေလည်း အများကြီးပါ။ မွန်ထရီရယ်က သူ့မြို့ရဲ့ အဖော်အချွတ်ကလပ်တွေကြောင့် နာမည်ကြီးပါတယ်။ Single Men တွေအကြိုက်တွေ့စရာပေါ့။

၂။ စတော့ဟုမ်း ၊ ဆွီဒင်
စတော့ဟုမ်းက Scandinavian တွေရဲ့သမိုင်းနဲ့ရိုးရာကိုလေ့လာဖို့အကောင်းဆုံးနေရာပေါ့။ တစ်မြို့လုံးက စိတ်ဝင်စားဖို့ကောင်းတဲ့ မော်ဒန်ဗိသုကာလက်ရာတွေအပြင် ပြတိုက်တွေ ၊ ပြခန်းတွေနဲ့ပြည့်နှက်နေတာပါ။ စတော့ဟုမ်းရဲ့အားသာချက်တစ်ခုက ရှုခင်းတွေကြည့်ဟိုသွားဒီသွားလုပ်ရင်းနဲ့ မောလာပြီဆိုရင် ဘယ်နေရာမှာမဆို နားလို့ရတာပါပဲ။ ဘာလို့လဲဆိုတော့ သူ့မှာပန်းခြံ ၂၆ ခုတောင်ရှိတာကြောင့်ပါ။ စတော့ဟုမ်းမှာလုပ်တဲ့ ပါတီတွေကလည်း အရမ်းကိုမိုက်ပါတယ်။ ဘာလို့လဲဆိုတော့သူတို့ရဲ့ EDM တွေက ကမ္ဘာ့အကောင်းဆုံးထဲမှာပါလို့ပဲဖြစ်တယ်။ ပြီးတော့စတော့ဟုမ်းက အရမ်းချောမောလှပပြီး အချိန်ကိုကောင်းကောင်းဖြုန်းတတ်တဲ့ ရွှေရောင်ဆံကေသာနဲ့ မိန်းမလှတွေကြောင့် နာမည်ကြီးပါတယ်။

၃။ IBIZA ၊ စပိန်
နေ့ရောညရော ပါတီလုပ်ဖို့ နေရာရှာနေတာဆိုရင် Ibiza က အသင့်တော်ဆုံးပါပဲ။ ဒီနေရာကိုမရင်းနှီးဘူးဆိုရင်ပြောပြပါ့မယ်။ Ibiza က မြေထဲပင်လယ်မှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး သဘာဝအလှတရားနဲ့ဘဝနေထိုင်မှုကြောင့် နိုင်ငံခြားသားဧည့်သည်တွေကြား နာမည်ကြီးပါတယ်။ ကျွန်းပေါ်မှာညဖက်ဆိုရင် ကလပ်တွေ EDM သီချင်းတွေနဲ့ဆူညံနေကြတယ်။ ကမ္ဘာ့အကြီးဆုံးကလပ်ဖြစ်တဲ့ Privilege ကလပ်ကလည်း Ibiza မှာရှိတာပါနော်။ ဒီကလပ်ကလူပေါင်း ၁ဝ,ဝဝဝ ထိဝင်ဆံ့နိုင်ပါတယ်။ ဇွန်လကနေအောက်တိုဘာလအတွင်းဆိုရင် ကမ္ဘာတဝန်းက နာမည်ကြီး DJ တွေက ကျွန်းပေါ်ကထင်ရှားတဲ့ကလပ်တွေမှာ လာရောက်ဖျော်ဖြေကြပါတယ်။ ဒီကျွန်းရဲ့နာမည်ကြီးတဲ့နောက်အချက်ကတော့ တစ်ကျွန်းလုံးမှာ ဥရောပတိုက်သူလေးတွေပြည့်နေလို့ပါတဲ့။ မြေထဲပင်လယ်ကလည်း မိန်းမချောတွေမွေးထုတ်ပေးတဲ့နေရာပဲလေ။ ဝေးဝေးမကြည့်နဲ့ Gal Gadot ကိုပဲကြည့်။

၃။ Les Vegas ၊ Nevada
Les Vegas ရဲ့ကောင်းတဲ့အချက်ကတော့ စိတ်လွတ်ကိုယ်လွတ်လာပြီးပေါက်ကွဲချင်တဲ့ ကောင်လေးတွေ ကောင်မလေးတွေ တစ်နေရာထဲ စုပြီးတော့ရှိနေကြတာပါ။ ဒါကြောင့်မို့လို့ ကိုယ်သာ Les Vegas ကိုရောက်သွားခဲ့မယ်ဆိုရင် ကိုယ့်လိုပဲလောကကြီးကို စိတ်ကုန်နေပြီး ပြဿနာတွေနဲ့ဝေးရာကို ထွက်ပြေးလာတဲ့သူတွေကို တွေ့ဆုံခွင့်ရမှာပါ။ Les Vegas ကို လာတဲ့သူတွေဆိုတာ အပျော်လာရှာတဲ့သူတွေပဲလေ။ ဒီကြောင့် Les Vegas ကိုရောက်တာနဲ့ အလုပ်ကိစ္စတွေ ၊ မိသားစုကိစ္စတွေ ၊ ရည်းစားပြဿနာတွေကိုပစ်ပြီး ပျော်ချင်သလောက် ပျော်လိုက်ပါ။ စိတ်လွတ်ကိုယ်လွတ် ကလပ်တွေတက် ၊ မျက်စိအစာကျွေး ၊ Casino တွေမှာလောင်း ၊ အရက်တွေသောက်ပြီး ပျော်ပျော်ပါးပါးနေလို့ရပါတယ်။ အစားအသောက်တွေကလည်းစားလို့ကောင်းတယ် ၊ ပြီးတော့ဟိုတယ်တိုင်းမှာ နိုက်ကလပ်တွေရှိတာကြောင့် အပြင်ထွက်ပြီး တကူးတက ရှာစရာမလိုတော့ပါဘူး။ Les Vegas က ကလပ်တွေအပြင် ရှိုးပွဲတွေ ၊ မျက်လှည့်ပွဲတွေနဲ့ တခြားပွဲတွေလည်းရှိတာကြောင့် ကိုယ့်အကြိုက်နဲ့ကိုယ် ရွေးချယ်နိုင်တယ်လေ။ အဓိကအရေးအကြီးဆုံးက Les Vegas ရောက်ရင် လောင်းကစားလုပ်ဖို့ မမေ့ဖို့ပဲ။

၄။ ဘန်ကောက် ၊ ထိုင်းနိုင်ငံ
ဘန်ကောက်နိုင်ငံကတော့ လူပျိုလူလွတ်မှ မဟုတ်ပါဘူး။ လူတိုင်းသွားချင်တဲ့ နိဗ္ဗာန်ပါ။ မီးရောင်စုံတွေနဲ့ထိန်လင်းနေတဲ့ ဘန်ကောက်က နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်လွန်းပါတယ်။ ဘန်ကောက်မှာ စားသောက်ဆိုင်တွေဆိုတာ မှိုလိုပေါက်နေတာပဲ။ ဘယ်ကြည့်ကြည့်ညာကြည့်ကြည့် ရောင်စုံနီရွန်မီးတွေနဲ့ ဈေးဆိုင်တွေက လာပါလာပါလို့ဖိတ်ခေါ်နေသလိုပါပဲ။ ဘန်ကောက်သွားရင် Les Vagus တို့လိုတော့ ကလပ်တွေမှာ ကဲဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘန်ကောက်ရဲ့ညဈေးတွေက ကလပ်တွေထက်ပိုပြီးတော့ ဆွဲဆောင်မှုရှိနေမှာမို့လို့ပါ။ ဒါ့အပြင်ဘန်ကောက်မှာက နတ်ကွန်းတွေ ၊ ဗိမာန်တွေနဲ့ ကမ္ဘာ့အလှဆုံးဘုံကျောင်းတွေလည်း မြို့ပတ်ပတ်လည်မှာရှိတာကြောင့် ရိုးရာနဲ့ယဉ်ကျေးမှုကိုလည်း လေ့လာနိုင်မှာပါ။ ဘုရားလည်းဖူး လိပ်ဥလည်းတူးပေါ့။

၅။ ရီယိုဒီဂျနေရိုး ၊ ဘရာဇီး
ရီယိုဒီဂျနေရိုးကတော့ ယောကျ်ားသားတွေအတွက် ဘုံဗိမာန်ပါပဲ။ ဘာလို့လဲဆိုတော့ ရီယိုဒီဂျနေရိုးလောက် အမျိုးသမီးပေါတာ ရီယိုဒီဂျနေရိုးပါပဲ။ ပေါပါတယ်ဆိုတဲ့အမျိုးသမီးတွေကလည်း အားလုံးလိုလိုချောကြတာမို့ သမင်လည်ပြန်ကြည့်ရမယ့် သူတွေကြီးပါပဲ။ သေချာတယ် ရီယိုဒီဂျနေရိုးကို သွားလည်တဲ့ယောကျ်ားလေးတွေ မြန်မာကိုပြန်ရောက်ရင် ကျီးပေါင်းတွေဘာတွေဖြစ်ရင်ဖြစ်သွားမှာ။ နောက်ပြီးတော့ ဘရာဇီးရဲ့နာမည်ကြီး ကာနီဗယ်ပွဲတော်ကလည်း တစ်သက်မှာတစ်ခါတော့ မျက်မြင်တွေ့ဖူးသင့်တဲ့ ပွဲတော်ပါပဲ။ အရောင်တလက်လက်နဲ့ ဝတ်စုံတွေဝတ်ပြီး ကခုန်မြူးတူးစီတန်းလှည့်လည်နေတဲ့ ကောင်လေးတွေ ၊ ကောင်မလေးတွေက ဘယ်လောက်တောင် လှပအသက်ဝင်နေမလဲ စဉ်းစားကြည်ေ့ပါ့။

၆။ မိုင်ယာမီ ၊ ဖလော်ရီဒါ
မိုင်ယာမီလို့ပြောလိုက်တာနဲ့ အားလုံးပြေးမြင်လိုက်မှာက ကမ်းခြေပါပဲ။ ဒါပေမယ့် ဒီကကမ်းခြေတွေနဲ့မတူတာက မိုင်ယာမီမှာဆိုရင် စော်လန်းလန်းလေးတွေကို ဘီကနီလေးတွေနဲ့ မြင်တွေ့ရမှာမို့လို့ပါ။ ယောကျ်ားလေးတိုင်းကောင်မလေးလှလှလေးတွေကို မြင်ရင်ငမ်းချင်တာပဲ။ ငြင်းမနေကြပါနဲ့နော်။ ဒီတော့လူပျိူလူလွတ်အရွယ်မှာ လွတ်လွတ်ကျွတ်ကျွတ်ငမ်းထားချင်ရင် မိုင်ယာမီကိုသွားလိုက်ပါ။ အိမ်ထောင်ကျရင် ဘယ်တော့မှ လုပ်ရတော့မှာမဟုတ်လို့ပါ။ တစ်ခုတော့ရှိတယ် ၊ လူများတာမကြိုက်ရင်တော့ မိုင်ယာမီကို ဇူလိုင်လ ၊ ဧပြီလနဲ့ သြဂုတ်လတွေမှာတော့ မသွားပါနဲ့။ ပိတ်ရက်တွေမှာခရီးထွက်လာတဲ့သူတွေနဲ့ အုံနေမှာမို့လို့ပါ။

Piki (Akhayar)

Ref: www.therichest.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle