လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ Love, Death & Robots ဇာတ်လမ်းတွဲ

လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ Love, Death & Robots ဇာတ်လမ်းတွဲ

လက်လွတ်မခံသင့်ဆုံး Animation ဇာတ်လမ်းတွေ ပြောပါဆိုရင် Love, Death & Robots Season 1 ရဲ့ ဇာတ်လမ်းတွေ ပါသလို Movie crazy တိုင်း မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတွေပြောပါဆို Love, Death & Robots ကိုပဲ ညွှန်ပြရမှာပါပဲ။

Episode ၁၈ခုရှိပြီး ဇာတ်လမ်းကြာမြင့်ချိန် အများဆုံး ၁၇ မိနစ်သာရှိတဲ့ Love, Death & Robots Season 1 ကို ၂၀၁၉၊ မတ်လ ၂၅ ရက်နေ့ကစပြီး Netflix မှာ စတင်ပြသခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ Animation သမားတွေ ဖန်တီးထားတဲ့ အကြမ်းစားဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ မင်သက်စရာ Animation လက်ရာတွေပါ ကြည့်ရမှာဖြစ်ပါတယ်။ ဒီ TV Show အစီအစဉ်ကို ဖန်တီးသူကတော့ Deadpool ရုပ်ရှင်မှာ Feature Film Director အဖြစ် ပါဝင်ထားတဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်းဖြစ်သလို Visual Effect ပညာရှင်ဖြစ်တဲ့ Tim Miller ပါ။ Executive Producer ကတော့ နာမည်ကျော် ဒါရိုက်တာ David Fincher ပဲဖြစ်ပါတယ်။

ဘာကြောင့်ကြည့်သင့်လဲဆိုတာကို အချက်အလက်တွေနဲ့ မပြောခင် သူ့ရဲ့ IMDb Rating ကိုပဲ ကြည့်ပါ။ IMDb 8.7 နဲ့ Rotten Tomatoes 74% ရှိပါတယ်။ Love, Death & Robots က ဇာတ်လမ်းတွဲဟာ ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ချစ်ခြင်းတွေ၊ သေခြင်းတရားတွေနဲ့ စက်ရုပ်တွေကို သဘာဝလွန်ဖြစ်ရပ်၊ ဟာသနဲ့ တခါတလေ Horror ၊ တချို့ ဇာတ်လမ်းတွေမှာတော့ ခေတ်လွန်ဇာတ်ကြောင်းကို အခြေခံလို့ Animated ဇာတ်လမ်းတိုတွေအဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာတွေက ကြည့်လိုက်သူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့အထိ ဆွဲဆောင်တဲ့ ဇာတ်လမ်းတွေချည်းပါပဲ။

Episode ၁၈ ခုလုံးမှာ ဘာအပိုင်းကို စကြည့်ရမလဲ စဉ်းစားမရဘူး ဖြစ်နေတယ်ဆိုရင် Episode 3 ဖြစ်တဲ့ The Witness က စကြည့်လိုက်ပါ။ ဇာတ်လမ်းကြာမြင့်ချိန်က ၁၂ မိနစ်ရှိပေမယ့် ကြည့်နေရင်း အူလှိုက်သည်းလှိုက် ခံစားချက်နဲ့အတူ ဇာတ်သိမ်းပိုင်းအထိ သင့်ကို ခေါ်ဆောင်သွားမှာပါ။

တစ်ခုရှိတာက ချစ်ခန်းကြိုက်ခန်း အကြမ်းစားတွေပါတာကြောင့် ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်ပါဘူး။ အပိုင်းတစ်ခု အစချီတိုင်းမှာ Love, Death & Robots ဆိုတဲ့ စာသား ကိုယ်စားပြုအဖြစ် အနီရောင် အသီးသီးရှိကြတဲ့ အသည်းပုံ၊ ကြက်ခြေခတ်၊ စက်ရုပ်ခေါင်းတို့ တဆက်တည်းပါ Logo ပေါ်လာတတ်ပြီး ဘယ်လိုမျိုးဇာတ်လမ်းတွေက သင့်ကို မျက်တောင်မခတ်ဘဲ ကားပြီးတဲ့အထိ ဆွဲခေါ်သွားမလဲဆိုတာ သိချင်ရင်တော့ အခုပဲ Love, Death & Robots ကို ကြည့်ဖို့ Try လိုက်ကြတော့။

Reference – Wikipedia, IMDb

Photo Credit – IMDb, Polygon

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle