သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် Chill နိုင်ကြစေဖို့

သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် Chill နိုင်ကြစေဖို့

လာမယ့် ဧပရယ်လ မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အချိန်အခါ ပြန်လည်ရောက်ရှိလို့လာ တော့ မယ် နော်…မြန်မာလူမျိုးတွေရဲ့ရင်ခုန်ရဆုံးကာလ၊အပျော်ရွှင်ရဆုံးအချိန်လည်းဖြစ်တာဆိုတော့ အခု အချိန်မှာ သင်္ကြန်သီချင်းလေးကြားရရင်တောင် သင်္ကြန်ပိုးက အလိုလို ဖြစ်နေကြ ပြီ ထင် ပါ တယ်။ ပြီးတော့ ဒီနှစ်က ရက်ထပ်နှစ်လည်းဖြစ်တော့ သင်္ကြန်က (၅)ရက် လည်း ဖြစ်၊ ပိတ်ရက် ရှည်တွေ အများကြီးနဲ့ဆိုတော့ ပျော်စရာကြီးနော်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ COVID -19 ကြောင့် သင်္ကြန် မှာ လည် ဖို့နဲ့ လူများတဲ့ နေရာတွေကို သွားဖို့ စိုးရိမ်နေကြတဲ့ သူတွေနဲ့ အေးအေး ဆေးဆေး chill ချင်တဲ့ သူ တွေလည်းရှိနေပြန်တယ်.. သင်္ကြန်ကာလလေးမှာတော့ ပျော်ပျော် ရွှင်ရွှင်နဲ့ နှစ်သစ်ကူး သင့် တယ် ဟုတ်။ ....ကဲဒီလိုဆိုရင်သင်္ကြန်မှာအေးဆေးလေး chill ဖို့ ဘယ်လို plan ကြမလဲ..?

ခရီးထွက်မယ်

သင်္ကြန်တွင်းအပူလည်းရှောင်ချင်တယ်၊ပိတ်ရက်လေးမှာလျှောက်မလည်ချင်ဘူး၊အေးအေးဆေးဆေးလေးနားချင်တယ်ဆိုရင်တော့beach ကို recommend ပေးချင်ပါတယ်။ Beach မကြိုက်တဲ့ သူတွေအတွက်တော့ ၊လေကောင်းလေသန့်လေးတွေရတဲ့တောင်ပေါ်ဒေသလေးတွေဖြစ်တဲ့ တောင်ကြီး၊ကလောနဲ့  မေမြို့လိုနေရာလေးတွေမှာ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ သူတွေနဲ့ အတူ သင်္ကြန်ကျရင်း အေးဆေးလေး Chill လို့ရပါတယ်။

Photo Crd- www.istockphoto.com

ရိက္ခာစုပြီးအိမ်မှာ chillမယ်

ခရီးသွားဖို့ Mood မလာဘူး.. နေပူတာလည်းရှောင်ချင်တယ်၊သင်္ကြန်မှာဘယ်မှလည်းမသွားချင်ဘူး၊ လျှောက်လည်းမလည်ချင်ဘူးဆိုရင်တော့အိမ်တွင်းအောင်းတာအကောင်းဆုံးပါနော်။အိမ် တွင်း အောင်းတဲ့ အပျိုကြီး၊လူပျိုကြီးတွေဆိုပြီး အစခံရလည်း အေးဆေးဆိုတဲ့သူတွေအတွက် တစ်နှစ်တာလုံး ပင်ပန်းထားသမျှတွေကိုStress Out လုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ အိမ်တွင်းအောင်းနိုင်ဖို့ အတွက် ရိက္ခာတော့ ကြိုတင်စုဆောင်းထားဖို့လိုတယ်နော်..။

90's တုန်းက သင်္ကြန်

တစ်နှစ်နဲ့ တစ်နှစ် သင်္ကြန်ကျတဲ့ ပုံတွေက တိုးတက်လာပြီး အခုဆို EDM ပွဲတွေနဲ့ စည်စည် ကားကားကျင်းပလာနေတဲ့ အချိန်မျိုးမှာ ငယ်ဘဝတုန်းက သင်္ကြန်လေးကို မလွမ်း ဘူးလား? သူငယ်ချင်းတွေနဲ့ တစ်ရက်တစ်လေ မဏ္ဍပ်ထိုင်တာမျိုးပဲဖြစ်ဖြစ် ကားလေးနဲ့ ရေပက်ခံ တာမျိုးဖြစ်ဖြစ် တစ်ရက်လောက်တော့ စမ်းကြည့်သင့်ပါတယ်။ လမ်းပေါ်မှာ ကျွေးနေတဲ့ စတုဒီသာတွေမှာ မုန့်လုံးရေပေါ်၊မုန့်လက်ဆောင်၊သင်္ကြန်ထမင်း စတဲ့ အကျွေး အမွေးတွေကို ဗိုက်ဆာဆာနဲ့ ဝင်စားရတဲ့ အရသာကလည်း သင်္ကြန်မှာမှ ရတဲ့အမှတ်တရ လေးပဲနော်။ နေ့လည်ဘက်နေတွေပူလို့ အမောဖြေကြရင်း ရေခဲစိမ်ပုံးနဲ့ သယ်လာတဲ့ Beer အေးအေး လေးသောက်ပြီး စကြနောက်ကြရင်း ငယ်ဘဝကို ပြန်လွမ်းလို့ရပါသေးတယ်။

Photo Crd - www.wrikledchiffon.com

အိမ်တွင်းအောင်းပြီး Feel မယ်

ပိတောက်ပန်းမြင်ရင်ဘယ်သူကိုသတိရမှန်းမသိဘူးဆိုတဲ့သူတွေနဲ့ မသိဘူး feel မယ်ဆိုတဲ့ သူတွေအတွက်လည်း အနားယူပြီး အိမ်ထဲမှာပဲ ငြိမ့်ငြိမ့်လေး Feelလို့ရပါတယ်။အသဲကွဲနေလို့ဖီးမယ်ဆိုရင်တောင် Beer  လေးသောက်ပြီးသင်္ကြန်သီချင်းလေးအော်ဆိုလိုက်ရရင်ထဲကခံစားချက်လေးတွေ နည်းနည်းများပေါ့သွားမလား။သေချာတာကတော့ ကိုယ့်ရဲ့crush တော့ အနားမှာ မရှိပေးနိုင်ပေမဲ့ Beer က သင်္ကြန် တစ်တွင်းလုံးအနားမှာရှိပေးနိုင်တယ်နော်။

ရုပ်ရှင်နဲ့ စာအုပ်ကောင်းတွေ အရသာခံစားမယ်

လူရှုပ်ရှုပ် နားငြီးတာမျိုးတွေ မခံချင်ဘူး၊တစ်ယောက်ထဲသီးသန့်နေရာတာမျိုး ကိုပဲ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် Netflix, Drama တွေနဲ့ Movie Pages တွေ မှာ ဇာတ်ကားကောင်းလေးတွေရှာပြီး အနားယူလို့ရပါတယ်။ ပြီးတော့ ဖတ်ဖို့ ကျန်နေတဲ့ စာအုပ်ကြွေးတွေကိုလည်း အနှောင့်အယှက်ကင်းကင်းနဲ့ ရှင်းလို့ရတဲ့ အချိန်နော်။

Photo Crd -www.unsplash.com

ကဲ..သင်္ကြန် plan ကို ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတဲ့သူတွေအတွက် အဖြေရလောက်ပြီထင်ပါတယ်။  နှစ်စဉ်နှစ်တိုင်း ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန် ပွဲတိုင်းမှာ Myanmar Beer ကလည်း ရွှေမြန်မာတို့နဲ့ အတူတူရှိနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ သတိထားမိကြတယ်ဟုတ်..။

မြန်မာတို့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ သင်္ကြန်ပွဲတိုင်းမှာ Myanmar Beer အမြဲရှိနေတဲ့ အတွက်ဒီနှစ် သင်္ကြန်ကိုလည်း Akhayar က Myanmar Beer နဲ့အတူတူဖြတ်သန်းဖို့ အသင့်ပါပဲ။

Kelly (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle