မြန်မာနိုင်ငံ၏ အကောင်းဆုံး အခမဲ့ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် MYANMARKT.COM ကို တရားဝင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး အခမဲ့ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် MYANMARKT.COM ကို တရားဝင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် ဖြစ်သည့် MYANMARKT.COM ကို ရောင်းသူနှင့် ဝယ်သူများကြား ချိတ်ဆက်ပေးမည့်ရည်ရွယ်ချက်ဖြင့် အဆိုပါဝက်ဆိုက်ကို စတင်ခဲ့ပြီး ယနေ့ တရားဝင်မိတ်ဆက်ခဲ့ပါသည်။ MYANMARKT.COM တွင် လာရောက်ရောင်းချသည့် ရောင်းသူများအနေဖြင့် မိမိ၏ကုန်ပစ္စည်းများကို အခမဲ့ရောင်းနိုင်သကဲ့သို့ ဝယ်ယူသူများသည် ဝန်ဆောင်ခ ပေးချေရန် မလိုအပ်ဘဲ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး Portal ဖြစ်လာသည့် Myanmarkt.com မှ လျှပ်စစ်ပစ္စည်း၊ အိမ်ခြံမြေ၊ မော်တော်ယာဉ်၊ အလုပ်အကိုင်နှင့် ဝန်ဆောင်မှုများကို ဝက်ဘ်ဆိုဒ် တစ်ခုတည်းမှာတင် အသုံးပြုနိုင်ပါသည်။

MYANMARKT.COM ၏ Chief Operating Officer ဖြစ်သူ ဒေါ်ကျော့စန္ဒီက “မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အညီ လူတွေရဲ့လိုအပ်ချက်၊ ကုမ္ပဏီတွေရဲ့လိုအပ်ချက်ကလည်း များပြားလာပါတယ်။ ကျွန်မတို့တွေက လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကိုရောင်းဖို့  လိုအပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေရသလို လိုအပ်နေတဲ့အရာတွေကို ဝယ်ယူဖို့လည်း ရှာဖွေကြရပါတယ်။ အဲ့ဒါတွေက ဖိနပ်အသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဖုန်းတစ်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ ကားတစ်စီးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့က နိုင်ငံရဲ့လိုအပ်နေတဲ့အရာတွေဖြစ်တဲ့ ရောင်းသူ၊ ဝယ်သူတွေကြား အခမဲ့အသုံးပြုလို့ရအောင် ချိတ်ဆက်ပေးနိုင်တဲ့ အွန်လိုင်းဈေးဝယ်တဲ့ဈေးကွက်တစ်ခုဖွံ့ဖြိုးလာအောင် ကြိုးစားဖို့ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်ပြီး MYANMARKT.COM ကို ပိုပြီး အလွယ်တကူ၊ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်အောင် ကျွန်မတို့တွေ အမြဲကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို မြန်မာနိုင်ငံအနေနှင့်လည်း ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည့်အလျောက် လူမှု့ဆက်သွယ်မှုတွေကိုလည်း လျော့ချခဲ့ကြရပါသည်။ ယခုလိုအခြေအနေမှာ ကုမ္ပဏီများဘက်ကလည်း လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် ပြည်သူလူထုကလည်း လိုအပ်သည်များကို ရှာဖွေရန်အတွက် ပလက်ဖောင်းတစ်ခု ရှိထားသင့်သော အချိန်ဖြစ်သည့်အတွက် MYANMARKT.COM ကို ခြေလှမ်းစတင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ထိုသို့ ရည်ရွယ်ချက်ဖြင့် စတင်ဖြစ်ပုံအကြောင်းကို ဆက်လက်ပြီး MYANMARKT.COM ၏ Chief Operating Officer ဖြစ်သူ ဒေါ်ကျော့စန္ဒီက “ကျွန်မတို့အနေနဲ့လည်း အခုလိုခက်ခဲနေကြတဲ့အချိန် နည်းပညာမြင့် အကောင်းဆုံးနဲ့ အခမဲ့ဝန်ဆောင်မှုကို ကုမ္ပဏီများနှင့် သုံးစွဲသူများထံ မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အပြင်မထွက်ကြဖို့ တားမြစ်နေတဲ့အချိန်မှာ အွန်လိုင်းဈေးဝယ်နေရာတွေက သုံးစွဲသူများအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ဖြစ်မှာပါ။” ဟု ပြောကြားခဲ့သည်။

ထို့အပြင် Portal ဘက်မှ မည်သည့် Product မှ ရောင်းချမှုမရှိခြင်းနှင့် ကော်မရှင်ကြေး ပေးသွင်းစရာမလိုသည့်အပြင် ရောင်းသူနှင့် ဝယ်သူကြား ဝင်ရောက်စွက်ဖက်မှုမရှိခြင်း စသည့်အချက်များသည် MYANMARKT.COM ၏ အားသာချက်များ ဖြစ်ပါသည်။ လုပ်ငန်းလုပ်ဆောင်သည့် ကြာချိန်မှာလည်း အချိန် (၂) မိနစ်နှင့် အဆင့် (၃) ဆင့်သာ ကြာမြင့်မည် ဖြစ်ပြီး ပထမအဆင့်တွင် ကုန်ပစ္စည်းပုံကို Upload တင်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်ပစ္စည်းအချက်အလက်များ ဖြည့်သွင်းခြင်းနှင့် တတိယအဆင့်တွင် ဆက်သွယ်ရမည့်အချက်အလက် ဖြည့်ခြင်းဖြင့် ဝယ်ယူသူများထံ ရောက်ရှိနိုင်ပါသည်။

“ကျွန်မတို့ရဲ့ရည်မှန်းချက်ကတော့ ကြုံတွေ့နေရတဲ့ကျန်းမာရေးအခက်အခဲတွေမှာ ကိုယ့်နိုင်ငံကို တစ်ဖက်တစ်လမ်းကပံ့ပိုးပေးဖို့နဲ့ ကုမ္ပဏီတွေနဲ့ လူတွေရဲ့ကြားထဲက ဆက်သွယ်မှုတွေမှာ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး ကျွန်မတို့ဝက်ဆိုက်ကဝယ်ယူသူတွေကို Free Delivery နဲ့ပို့ဆောင်ပေးမှာပါ။ ဒါက နှစ်ဘက်စလုံးအတွက်လည်း အဆင်ပြေတဲ့နည်းလမ်းတစ်ခု ဖြစ်သလို ဒီလို အခမဲ့ဝန်ဆောင်မှုကြောင့် ဝယ်သူတွေက ကိုယ်တိုင်လာဝယ်စရာမလိုသလို လိုက်လံပို့ဆောင်ပေးမယ့် Delivery တာဝန်ရှိသူတွေကလည်း သတ်မှတ်ထားတဲ့လမ်းညွှန်ချက်တွေအတိုင်း ပို့ဆောင်ပေးမှာဖြစ်လို့ ရောင်းသူ၊ ဝယ်သူနဲ့ သူတို့တွေရဲ့မိသားစုတွေအတွက်လည်း လုံခြုံစိတ်ချနိုင်မှာပါ” ဟု ဒေါ်ကျော့စန္ဒီမှ ထပ်မံ ပြောကြားခဲ့သည်။

MYANMARKT.COM အနေနှင့်လည်း လက်ရှိအခြေအနေမှာ ကုန်ပစ္စည်းများ၊ ပညာရှင်များ၊ အိမ်ခြံမြေအရောင်းအဝယ် ၊ ကုမ္ပဏီများနှင့် ဝက်ဆိုက်သုံးစွဲသူများအကြား အဆိုပါဝက်ဆိုက်ကို ကောင်းမွန်စွာအသုံးချပြီး အခမ်းအနားများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝန်ဆောင်မှုများနှင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အစဉ်အမြဲ ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

MYANMARKT.COM ကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ကုန်စည်ကဏ္ဍတို့မှ တာဝန်ရှိသူများထံ မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး လူငယ်ကျွမ်းကျင်သူများအတွက် ယင်းလုပ်ငန်းများမှ Internship အစီအစဉ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးနေသည့်အစီအစဉ်များအတွက်လည်း ကူညီ ဆွေးနွေးပေးခဲ့ပါသည်။

MYANMARKT.COM နှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက http://www.myanmarkt.com  ကို ဝင်ရောက်လေ့လာနိုင်ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle