Mytel ရဲ့ “နှစ်သစ်လဲရောက် ရွှေလဲပေါက်အစီအစဉ်နဲ့” ၂၀၂၀ ခုနှစ်ကို ကြိုဆိုလိုက်ရအောင်

Mytel ရဲ့ “နှစ်သစ်လဲရောက် ရွှေလဲပေါက်အစီအစဉ်နဲ့” ၂၀၂၀ ခုနှစ်ကို ကြိုဆိုလိုက်ရအောင်

နောက်ဆုံးတော့ ဆယ်စုနှစ်ကြီးတစ်ခုရဲ့ အဆုံးသတ်ကို ဖြတ်ကျော်ခဲ့ပြီး နှစ်သစ်ရဲ့စမှတ်တစ်ခုကို ရောက်ရှိခဲ့ပါပြီ။ နှစ်သစ်ဖြစ်တဲ့ ၂၀၂၀ လဲရောက်၊ ဒေတာ pack တွေဝယ်ပြီး ဆုကြီးတွေလဲပေါက်ဆိုရင် သိပ်ပျော်ဖို့မကောင်းဘူးလား။ သုံးစွဲသူတွေအဲ့လို ပျော်ရွှင်ရအောင် Mytel ကနေ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ “နှစ်သစ်လဲရောက် ရွှေလဲပေါက်”ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါပြီနော်။

မြန်မာနိုင်ငံ ဈေးကွက်အတွင်း အသက်သာဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးဒေတာနဲ့ နှုန်းထားများ ပေးလျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခောတ်မီဆန်းသစ်ဆုံးနဲ့ အကောင်းဆုံး အော်ပရေတာ Mytel က ပြီးဆုံးသွားတဲ့ ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်လာပြီးတော့ တဖန်ရောက်ရှိလာတဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ “နှစ်သစ်လဲရောက် ရွှေလဲပေါက်” ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

သုံးစွဲသူများအနေနဲ့ ဒီအစီအစဉ်ရဲ့ အထူးဆုတွေဖြစ်တဲ့ ရွှေ ၂၀ ကျပ်သား (၈) ဆု ၊ SAMSUNG ၅၅ လက်မ TV (၈) လုံး၊ သိန်း ၁၆၀ တန်ဖိုးရှိ MytelPay e-wallet နဲ့ ၁၀,၀၀၀ GB အထိ ကံထူးနိုင်မယ့် အခြားနေ့စဉ်ဒေတာဆုမဲများကို MyID App ကနေ လစဉ်ဒေတာများကို ဝယ်ယူရုံနဲ့ ကံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ကြီး ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ကနေ ၂၀၂၀ ခုနှစ် မတ်လ ၅ ရက် အထိ ကာလကြာမြင့်စွာ သတ်မှတ်ပေးထားတာဖြစ်လို့ ဒီလိုစိတ်လှုပ်ရှားဖွယ်ဆုကြီးတွေကို ကံထူးနိုင်ဖို့ အခွင့်အရေး ပိုများတာပေါ့။ Mytel Official Facebook ကတစ်ဆင့်လဲ အပတ်တိုင်း live session ထုတ်လွှင့်ပြီး ကံထူးသူတွေကို ကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ဖုန်းထဲမှာ MyID ကို မဒေါင်းရသေးရင် စိတ်မပူပါနဲ့။ ဒီ link လေးကိုနှိပ်ပြီး ဒေါင်းလိုက်ပါ - onelink.to/myid။

Mytel က ဒီ “နှစ်သစ်လဲရောက်၊ ရွှေလဲပေါက်”အစီအစဉ်ကနေတစ်ဆင့် ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန်နိုင် ဖို့ ရည်ရွယ်ပါတယ်။ ဒီ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်”ဆိုတဲ့ အစီအစဉ်လေးက Mytel စတင်ခဲ့တဲ့ အချိန်ကစလို့ အခုလို နှစ်သစ်ကူး အချိန်ကာလ ကို ကြိုဆိုတော့မယ့်အချိန်အထိ ယုံကြည်စွဲမြဲစွာ အသုံးပြုနေကြတဲ့ သုံးစွဲသူတွေ အားလုံးကို ကျေးဇူးတုံ့ပြန်ချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။ Mytel က နောက်နှစ်တွေမှာသာမက နောက်လာမည့်နှစ်များမှာလည်း ပိုမိုကောင်းမွန်ပြီး ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပျော်ရွှင်ဖွယ်အစီအစဉ်များကိုလည်း ပြုလုပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။