ပူပြင်းသည့်ရာသီဥတုဒဏ်ကို ကာကွယ်ပေးရန်နှင့် နိုင်ငံတစ်ဝှမ်း social distancing အလေ့အကျင့်ကောင်းများကို ကျင့်သုံးနိုင်ရန် Mytel မှ ထီးများဖြင့် အားပေးကူညီပေးလျက်ရှိ

ပူပြင်းသည့်ရာသီဥတုဒဏ်ကို ကာကွယ်ပေးရန်နှင့် နိုင်ငံတစ်ဝှမ်း social distancing အလေ့အကျင့်ကောင်းများကို ကျင့်သုံးနိုင်ရန် Mytel မှ ထီးများဖြင့် အားပေးကူညီပေးလျက်ရှိ

တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ Covid 19 ကပ်ရောဂါကြောင့် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက အစိုးရအသီးသီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အပြင်ထွက်ရမယ် လူထူထပ်တဲ့နေရာတွေကို သွားရမယ်ဆိုရင် အနည်းဆုံး ၃ ပေအကွာမှာနေဖို့ mask တပ်ဖို့ လက်ခဏခဏဆေးဖို့ကို ညွှန်ကြားထားပါတယ်။  ဒီလိုမဖြစ်မနေ သွားလာနေရတဲ့ နေရာတွေထဲမှာ အများပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက်ရော လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေဝယ်ဖို့ မဖြစ်မနေသွားရတဲ့နေရာတွေထဲမှာ ဈေးလည်းအပါအဝင် ဖြစ်ပါတယ်။  ဈေးလို့ပြောလိုက်ရင် လူတွေ ပျားပန်းခပ်လှုပ်ရှားသွားလာ အော်ဟစ်နေကြပြီး တိုးဝှေ့နေရတဲ့ နေရာဆိုတာ လူတိုင်းသိနေမှာပါ။ ဒီလို နေရာကို မဖြစ်မနေသွားရတဲ့အခါမျိုးမှာ သူ့မှာများရောဂါရှိနေမလား ငါ့ကိုများကူးနေပြီလားဆိုပြီး  စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြမယ်ဆိုတာ မငြင်းနိုင်ပါဘူး။  ဒီလိုပူပန်မှုမျိုးတွေ ရှိနေတာကို နားလည်တဲ့အတွက် လုံခြုံတဲ့ဈေးဖြစ်နိုင်မဲ့ လက်တွေ့ကျတဲ့နည်းလမ်းကို ကြံဆပြီးတဲ့နောက်မှာ ဈေးသည်တွေကို အကွာအဝေးသတ်မှတ်နေရာသတ်မှတ်ပြီး ထင်သာမြင်သာရှိအောင်ရော ပူပြင်းတဲ့ရာသီဥတု ဒဏ်က ကာကွယ်ဖို့ အတွက်ရော ထီးတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

သက်ဆိုင်ရာဒေသက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ Mytel တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဒီလုပ်ရပ်ကို ဒေသခံတွေသာမက လူမှုကွန်ယက်ပေါ်မှာပါ လူအများရဲ့ နှစ်သက်လက်ခံမှုကိုရရှိထားပါတယ်။  ပူပြင်းတဲ့နေရောင် အောက်မှာ ဝမ်းစာအတွက် ဈေးရောင်းချနေချရတဲ့ ဈေးသည်တွေဟာ Mytel မှ ပံ့ပိုးထားတဲ့ ရွက်ဖျင်ထီးအောက်မှာ အရိပ်ခိုရင်း ဈေးရောင်းချနေနိုင်တာကို တွေ့ရလို့လည်း ကြည်နူးမိပါတယ်။  ဒီလိုဈေးမျိုးကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ စတင်ဖော်ဆောင်ခဲ့ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းများမှာပါ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ဖို့ Mytel က ကြိုးစားနေပါတယ်။


ဒီလှုဒါန်းမှုသာမကပဲ Mytel ကနေ ဆေးရုံတွေမှာလိုအပ်တဲ့ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ ဒစ်ဂျစ်တယ် သာမိုမီတာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို လှုဒါန်းခဲ့သလို Quarantine Centers တွေမှာ အခမဲ့ wifi ထောက်ပံ့ပေးခြင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။  ဒီလိုခက်ခဲ နေတဲ့ကာလမျိုးမှာ မြန်မာပြည်ရဲ့ အကောင်းဆုံး operator Mytel ဟာ မြန်မာလူထုကို အမြဲဂရုစိုက်ပြီး အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးဖို့ ကြိုးစားနေပါတယ်။
Mytel က ဒီကပ်ရောဂါကြီးကိုတိုက်ဖျက်တဲ့နေရာမှာ တတပ်တအားပါဝင်တဲ့အနေနဲ့ ပြုလုပ်နေတဲ့ #TogetherWeFightCovid19 အစီအစဉ်အောက်ကနေလည်း ဒီလှိုလှုဒါန်းမှုအစီအစဉ်တွေအပြင် မြန်မာပြည်သူတွေအတွက် အကျိုးရှိမဲ့ အခြားသော  အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။  ဒီ #TogetherWeFightCovid19 အစီအစဉ်မှာဆိုရင် Mytel ကနေ (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆု) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မယ့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေနဲ့ လက်ကျန်ငွေကနေ ၁,၀၀၀ ကျပ်ကို လှူဒါန်းခြင်း) အစီအစဉ်ကိုလဲ ပြုလုပ်လျက်ရှိပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle