နိုင်ငံကိုယ်စားပြု ထိပ်တန်းအသင်းတွေ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် Mytel International Championship Series – 2

နိုင်ငံကိုယ်စားပြု ထိပ်တန်းအသင်းတွေ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် Mytel International Championship Series – 2

ဇူလိုင်လ ၂၀ ရက်နေ့ကနေ စတင်ပြီးတော့ နိုင်ငံကိုယ်စားပြု ထိပ်တန်းအသင်း (၁၆) သင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် Mytel International Championship Series-2 ကို ကျင်းပပေးတော့မှာဖြစ်ပါတယ်။ ဇူလိုင် ၂၀ ကနေ ၃၀ ရက်နေ့ အထိ ကျင်းပမှာဖြစ်ပြီးတော့ Mobile Legends: Bang Bang ဂိမ်းကို ဝင်ရောက်ယှဥ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

အခုတစ်ခေါက် Mytel International Championship မှာ ပါဝင်ယှဥ်ပြိုင်မယ့်အသင်းတွေကတော့ စင်ကာပူကိုယ်စားပြုအသင်း Resurgence နဲ့ Evos (SG)၊ မလေးရှားကိုယ်စားပြုအသင်း Geek Fam နဲ့ Team Bosskurr၊ မြန်မာကိုယ်စားပြုအသင်း Yangon Galacticos, Claw esports နဲ့ Team Cyanide၊ ကမ္ဘောဒီးယားကိုယ်စားပြုအသင်း Impunity Esports၊ ဗီယက်နမ်ကိုယ်စားပြုအသင်း Vec Fantasy Main နဲ့ Atlas Gaming၊ ဖိလစ်ပိုင်ကိုယ်စားပြုအသင်း Onic PH, Aura နဲ့ Bren Esports၊ မလေးရှားကိုယ်စားပြုအသင်း RPQ, Evos နဲ့ Geek Fam (Malay)  တို့ပါဝင်မှာဖြစ်ပါတယ်။

အရင်တစ်ခေါက် Mytel International Championship ကို ဇွန်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီးတော့ ထိပ်တန်းအသင်း (၁၀) သင်းသာပါဝင်ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ အသင်းတွေပိုစုံလာပြီး မြန်မာကိုယ်စားပြုအသင်း ၃ သင်းပါဝင်လာတာကြောင့် ပိုပြီးစုံစုံလင်လင်နဲ့ မြန်မာအသင်းဘက်ကအားပေးချင်တဲ့ Esports ပရိသတ်တွေအတွက် စိတ်ကြိုက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Ref: Myanmar Game Hub

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle