နိုင်ငံကိုယ်စားပြု ထိပ်တန်းအသင်းတွေ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် Mytel International Championship Series – 2
ဇူလိုင်လ ၂၀ ရက်နေ့ကနေ စတင်ပြီးတော့ နိုင်ငံကိုယ်စားပြု ထိပ်တန်းအသင်း (၁၆) သင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် Mytel International Championship Series-2 ကို ကျင်းပပေးတော့မှာဖြစ်ပါတယ်။ ဇူလိုင် ၂၀ ကနေ ၃၀ ရက်နေ့ အထိ ကျင်းပမှာဖြစ်ပြီးတော့ Mobile Legends: Bang Bang ဂိမ်းကို ဝင်ရောက်ယှဥ်ပြိုင် ကစားရမှာဖြစ်ပါတယ်။
အခုတစ်ခေါက် Mytel International Championship မှာ ပါဝင်ယှဥ်ပြိုင်မယ့်အသင်းတွေကတော့ စင်ကာပူကိုယ်စားပြုအသင်း Resurgence နဲ့ Evos (SG)၊ မလေးရှားကိုယ်စားပြုအသင်း Geek Fam နဲ့ Team Bosskurr၊ မြန်မာကိုယ်စားပြုအသင်း Yangon Galacticos, Claw esports နဲ့ Team Cyanide၊ ကမ္ဘောဒီးယားကိုယ်စားပြုအသင်း Impunity Esports၊ ဗီယက်နမ်ကိုယ်စားပြုအသင်း Vec Fantasy Main နဲ့ Atlas Gaming၊ ဖိလစ်ပိုင်ကိုယ်စားပြုအသင်း Onic PH, Aura နဲ့ Bren Esports၊ မလေးရှားကိုယ်စားပြုအသင်း RPQ, Evos နဲ့ Geek Fam (Malay) တို့ပါဝင်မှာဖြစ်ပါတယ်။
အရင်တစ်ခေါက် Mytel International Championship ကို ဇွန်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီးတော့ ထိပ်တန်းအသင်း (၁၀) သင်းသာပါဝင်ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ အသင်းတွေပိုစုံလာပြီး မြန်မာကိုယ်စားပြုအသင်း ၃ သင်းပါဝင်လာတာကြောင့် ပိုပြီးစုံစုံလင်လင်နဲ့ မြန်မာအသင်းဘက်ကအားပေးချင်တဲ့ Esports ပရိသတ်တွေအတွက် စိတ်ကြိုက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Ref: Myanmar Game Hub