Mytel မှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာ့အားကစားသမားများကို ဆုချီးမြင့်ပြီး မြန်မာ့အားကစားကဏ္ဍကို ပံ့ပိုးကူညီ

Mytel မှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာ့အားကစားသမားများကို ဆုချီးမြင့်ပြီး မြန်မာ့အားကစားကဏ္ဍကို ပံ့ပိုးကူညီ

မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ ၂၀၁၉ခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင်ဆုရရှိသူမြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများကိုဆုချီးမြင့်တဲ့အခမ်းအနားကိုPark Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ (၃၀) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဆုအသီးသီးရရှိခဲ့ကြသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေကို Mytel မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အားကစားအမျိုးအစားပေါင်း ၂၁ခု ဖြစ်တဲ့ အမျိုးသား ဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော် (ရိုးရာလှေ)၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြှားပစ်၊ ဂျူဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ စသည့်အားကစားများမှာ ရွှေတံဆိပ် ၄ဆု၊ ငွေတံဆိပ် ၁၈ဆုနှင့် ကြေးတံဆိပ် ၅၂ဆု စုစုပေါင်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Mytel အနေနဲ့ အခုလိုချီးမြှင့်ရခြင်းကနိုင်ငံ့ကိုယ်စားသွားရောက်ယှဉ်ပြိုင်ပေးတဲ့သူတွေနဲ့ဆုတံဆိပ်တွေ ပြန်လည်ယူဆောင်လာပေးနိုင်တဲ့သူတွေကိုကျေးဇူးတုံ့ပြန်ချင်လို့ဟု ပြောပါတယ်။ Mytel အနေနဲ့ကိုယ့်နိုင်ငံကိုကိုယ်စားပြုပြီးနိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်တာကမျိုးချစ်စိတ်ပြင်းပြမှုကိုပြသတယ်လို့ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Mytel အနေနဲ့ အားကစားသမားတိုင်းကိုဆက်လက်ကြိုးစားပါလို့ အားပေးခဲ့ပြီး နောက်နှစ်တွေမှာလည်းအခုလိုရှေ့ဆက်ကြိုးစားမယ်ဆိုရင်မြန်မာနိုင်ငံအနေနဲ့အောင်မြင်မှုတွေပိုရရှိပြီးဆုတံဆိပ်တွေပိုရမည်ဖြစ်သည့်အကြောင်းအားလည်း ပြောကြားခဲ့ပါတယ်။

Mytel ဟာဆိုရင်ဖြင့် ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့  မြန်မာနိုင်ငံရှိကျောင်းပေါင်း၂၅၈ ကျောင်းမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။ လက်တလောမှာလည်း ရန်ကင်းကလေးဆေးရုံမှာမွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်(၁၂) ဦးအတွက်အလွန်မွန်မြတ်တဲ့လှူဒါန်းမှုတစ်ခုဖြစ်တဲ့Empower My Children ပွဲကြီးကိုလဲ ကျင်းပခဲ့ပါတယ်။Mytel အနေနဲ့ အစိုးရ ဌာနဆိုင်ရာများ နဲ့ အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နဲ့ ဆေးရုံ ၁ ရုံ တွေမှာလဲ အခမဲ့အင်တာနက်ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဌာနရုံး ၆ ရုံး မှာလဲ Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာမှာ အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။Mytel က ဆက်လက်ပြီး အခမဲ့ဝန်ဆောင်မှုတွေကို အခြားဘာသာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ဘုန်းကြီးကျောင်းတွေ၊  ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ပုဂ္ဂလိဂနဲ့ အထွေထွေဆေးရုံတွေနဲ့ အစိုးရဆိုင်ရာကဏ္ဍတွေမှာVideo Conferencing စနစ်နဲ့ အင်တာနက်ဝန်ဆောင်မှု များကိုလုပ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။  Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ်  ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle