Mytel မှ (၄) ကြိမ်မြောက် e-Government ညီလာခံနဲ့ ICT ပြပွဲ အခမ်းအနားအား Gold Sponsor အဖြစ် ပံ့ပိုးကူညီ

Mytel မှ (၄) ကြိမ်မြောက် e-Government ညီလာခံနဲ့ ICT ပြပွဲ အခမ်းအနားအား Gold Sponsor အဖြစ် ပံ့ပိုးကူညီ

မြန်မာနိုင်ငံရဲ့ ခေတ်မီအဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေမှာ တတ်အားသရွေ့ ပါဝင်ကူညီကာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း ဖေဖော်ဝါရီလ ၁၈ ရက် နဲ့ ၁၉ ရက်နေ့၊  Myanmar International Convection Centre (2) မှာ ကျင်းပခဲ့တဲ့ (၄) ကြိမ်မြောက် e-Government ညီလာခံနဲ့ ICT ပြပွဲ အခမ်းအနားကို Gold Sponsor အဖြစ် ပါဝင်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ဒီပွဲအခမ်းအနားမှာဆိုရင်တော့ Mytel က Brand Name SMS, Cloud PBX vs Sip Trunk, Water Supply Solution, Smart City Solution နဲ့ MytelPay စတဲ့ မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍကို တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးတင်ပြခဲ့ပြီးပွဲအတွင်းရှိ Mytel ရဲ့ ပြခန်းငယ်တွေမှာ လာရောက်ကြည့်ရှုမေးမြန်းသူအားလုံးရဲ့ စုံစမ်းမေးမြန်းမှုတွေကိုလည်း ဖြေကြားရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် Bulk SMS လို့ခေါ်တဲ့ အစုပြုံလိုက် စာတိုပေးပို့ခြင်းရဲ့ လုပ်ဆောင်ချက် ဖွဲ့စည်းပုံတွေနဲ့ My Sip Trunk လို့ခေါ်တဲ့ အင်တာနက်ကို အခြေခံတဲ့ VoIP စနစ်အကြောင်းတွေကို အသေးစိတ်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ အခြားအရေးကြီးအကြောင်းအရာတွေဖြစ်တဲ့ Water Supply Solution လို့ခေါ်တဲ့ ရေမီတာကို တိုင်းထွာပြီး မီတာခပေးခြင်းစနစ်နဲ့ Electricity Supply Solution လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်အား တိုင်းထွာပြီး မီတာခပေးခြင်းစနစ်တွေအတွက်လည်း မိတ်ဆက်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် ဗီယက်နမ်နိုင်ငံမှာ အဓိကအသုံးပြုနိုင်တဲ့ Smart City Solution အကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။

Mytel အနေနဲ့ အရင်ထဲက လူထုအကျိုးပြုလုပ်ငန်းတွေမှာပါဝင်လျက်ရှိပြီး သိပ်မကြာသေးခင်အချိန်ကပဲ ရန်ကင်းကလေးဆေးရုံမှာ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်တဲ့ လှူဒါန်းမှုတစ်ခုဖြစ်တဲ့ Empower My Children ပွဲကြီးကိုလဲ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အားကစားကဏ္ဍကို ပံ့ပိုးကူညီတဲ့အနေနဲ့ ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာ့အားကစားသမားများကို ဆုချီးမြင့်တဲ့အခမ်းအနားကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

ယခုအခါလည်း Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ Mytel က သုံးစွဲသူတွေအတွက် အကောင်းဆုံး အော်ပရေတာဖြစ်လာဖို့ ရည်ရွယ်ပြီး သုံးစွဲသူတွေအတွက် အပြန်အလှန်အကျိုးရှိစေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံတွေကိုပေးနိုင်ဖို့ အခုလို ကြိုးစားဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle