စပိန်မှာ ကျင်းပနေတဲ့ MWC19 မှာ ကဏ္ဍ (၄) ခု ကို အဓိကထားပြီး နည်းပညာတွေ မိတ်ဆက်ပေးသွားတဲ့ Mytel

စပိန်မှာ ကျင်းပနေတဲ့ MWC19 မှာ ကဏ္ဍ (၄) ခု ကို အဓိကထားပြီး နည်းပညာတွေ မိတ်ဆက်ပေးသွားတဲ့ Mytel

တစ်နှစ်မှာတစ်ခါ စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ MWC Barcelona အခမ်းအနားကြီးကို နိုင်ငံတကာကုမ္ပဏီကြီးတွေ အများအပြားတက်ရောက်ကြပြီး နည်းပညာတွေ ဖလှယ်၊ မိတ်ဆက်တင်ပြ ကြပါတယ်။ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ MWC19 ကို ‘Intelligent Connectivity’ ခေါင်းစဉ်နဲ့တင်ဆက်သွားတာဆိုတော့ ဒီအခမ်းအနားကြီးမှာ ဘယ်လို ကုမ္ပဏီတွေက ဘယ်လိုနည်းပညာမျိုးတွေ မိတ်ဆက်ပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍကို နောက်ဆုံးဝင်ရောက်လာခဲ့တဲ့ Mytel ကလည်း MWC19 ကို တက်ရောက်နေတယ်ဆိုတော့ Mytel ရဲ့ နောက်ဆုံးပေါ်တီထွင်မှုတွေနဲ့ သစ်လွင်ဆန်းသစ်တဲ့ နည်းပညာရပ်တွေက ဘာတွေဖြစ်မလဲ။ Mytel က ကဏ္ဍ ၄ ခုကို အဓိကထားပြီးတော့ ထောက်ပံ့ကူညီရေး solutions တွေ မိတ်ဆက်ပေးသွားခဲ့ပါတယ်။

အဓိကကျတဲ့ ကဏ္ဍ ၄ ခု

၁. Smart Telco Solutions

၂. Smart City Solutions

၃. Network Security Solutions

၄. Smart Marine Communication Solutions

Smart Telco Solutions ဆိုတာ ဘာလဲ။

စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ကိုယ်တိုင်လည်းအသုံးပြုနေကြတဲ့ သုံးစွဲသူတစ်ဦးချင်းစီ နဲ့ သူတို့တစ်ဦးချင်းစီတိုင်းအတွက် ဆက်သွယ်ချိတ်ဆက်ရာမှာ လွယ်ကူအဆင်ပြေစေတဲ့ စနစ်တွေကို  ဖော်ထုတ်မိတ်ဆက်ပေးတဲ့အပြင် Internet of Things (IoTs) တွင် ဖန်တီးတဲ့အခါမှာလည်း  ထောင်နဲ့သန်းနဲ့ချီတဲ့ သုံးစွဲသူတွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ ပံ့ပိုးကူညီမှုစနစ်ကို ဆိုပါတယ်။

Smart City Solutions ကရော ဘယ်လိုအခန်းကဏ္ဍမျိုးကို အထောက်အကူပြုနေသလဲ။

ဒစ်ဂျစ်တယ်နိုင်ငံတည်ဆောက်တဲ့အခါ နိုင်ငံတွင်းမှာရှိတဲ့မြို့တွေကို ခေတ်မီမြို့ပြအဂါၤရပ်တွေနဲ့ ကိုက်ညီအောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အဆင့်မြင့်နည်းပညာတွေနဲ့ လွှမ်းခြုံထားဖို့ လိုအပ်ပါတယ်။ Smart City Solutions တွေက မြို့တစ်မြို့ရဲ့ အရေးကြီးအခန်းကဏ္ဍတွေဖြစ်တဲ့ ယာဉ်လမ်းကြောထိန်းချုပ်မှု၊ ပြည်သူ့လုံခြုံရေး၊ အရေးပေါ်ကူညီထောက်ပံ့မှု စတာတွေကို နည်းပညာ အကူအညီနဲ့ အထိရောက်ဆုံး လုပ်ဆောင်နိုင်ပေးနိုင်မှာ  ဖြစ်ပါတယ်။

ကွန်ရက်လုံခြုံရေး (Network Security) ကရော ဘယ်လောက်ထိအရေးပါသလဲ။

နယ်ပယ်အသီးသီးက အဖွဲ့အစည်းကြီးတွေရဲ့  IT စနစ်တွေ လုံခြုံမှုရှိဖို့ကအရမ်းကိုအရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ IT စနစ်တွေကို တိုက်ခိုက်နေတာပဲဖြစ်ဖြစ်၊ ဒီစနစ်တွေမှာ တစ်ခုခုမူမမှန်တာ၊ လွဲချော်နေတာတွေကို စောစီးစွာသိရှိနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Network Security ပံ့ပိုးကူညီမှုစနစ်ကလည်း အရမ်းကို အရေးပါပါတယ်။

ပင်လယ်ပြင်၊ ရေပြင်မှာ လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေအတွက်ရော Smart Marine Communications Solutions   တွေက ဘယ်လိုကူညီနိုင်မလဲ။

လှိုင်းလှေကြီးတဲ့ ပင်လယ်ပြင်ကြီးမှာ အကြောင်းအရာအမျိုးမျိုးအတွက် လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ငါးဖမ်းသမားတွေကို အထိရောက်ဆုံး အကာအကွယ်ပေးဖို့အတွက် ရေကြောင်းဆက်သွယ်ရေး ပံ့ပိုးမှုစနစ်တွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ဒီကဏ္ဍကြီး ၄ ခု ကို ပံ့ပိုးကူညီပေးသွားဖို့ ဘယ်လိုနည်းပညာတွေ ပါဝင်မလဲ။

Virtual Telecommunications ကွန်ရက် နဲ့ M2M ဖန်တီးတည်ဆောက်တဲ့အခါ အချိန်နဲ့တပြေးညီ billing လုပ်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ စနစ်ဖြစ်တဲ့ vOCS
Volte နဲ့ ဒေတာတွေကို အမြန်ဆန်ဆုံး နဲ့ အထိရောက်ဆုံး အသုံးပြုနိုင်မယ့် နည်းပညာ
ကွန်ရက်တစ်ခုရဲ့ ရေဒီယိုအချက်ပြဆိုင်ရာကိစ္စရပ်များ နဲ့ ကွန်ရက်ပိုင်းဆိုင်ရာ တွေ့ကြုံနိုင်တဲ့ အခက်အခဲ တွေကို သိရှိဖြေရှင်းဖို့ အထောက်အပံ့ပေးနိုင်တဲ့ Geolocation နည်းပညာ
သုံးစွဲသူတစ်ဦးချင်းစီတိုင်းရဲ့ ကွန်ရက်အသုံးပြုမှုသဘာဝကို လေ့လာပြီး သုံးစွဲသူတွေ နှစ်ခြိုက် သဘောကျမယ့် ဈေးကွက်အလိုက် အစီအစဉ်တွေ ဖန်တီးနိုင်ဖို့ Campaign Management စနစ်
ခေတ်မီမြို့ ပြတစ်ခုဖြစ်စေဖို့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထောက်ပံ့ပေးသွားမယ့် Smart Operating Center
အလွယ်တကူ ကားထိုး၊ ကားရပ်ဖို့ အကူအညီပေးမယ့် Smart Parking နည်းပညာ
IT စနစ်လုံခြုံမှုရှိဖို့ Mytel SOC
ရေကြောင်းဆက်သွယ်ရေးအတွက် အဓိကကျတဲ့ S-Tracking cruise ship monitoring equipment ၊ AIS automatic identification system ၊ HF communication transceiver နဲ့ Personal Location Beacon equipment
Mytel အနေနဲ့ ဒီလိုအရေးပါလှတဲ့နယ်ပယ် ၄ ခုကို အဓိကထားတဲ့ ပံ့ပိုးမှုဆိုင်ရာစနစ် နဲ့ နည်းပညာတွေကို တင်ပြမိတ်ဆက်ပေးခဲ့တဲ့အပြင် ဒစ်ဂျစ်တယ်နိုင်ငံဖော်ဆောင်နိုင်ရေး ဆိုတဲ့ ရည်မှန်းချက်ကို အကောင်းဆုံး  ထောက်ပံ့ပေးသွားမယ့် အစီအစဉ်နဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle