MyID Game Feature အကြောင်းတစ်စေ့တစ်စောင်း

MyID Game Feature အကြောင်းတစ်စေ့တစ်စောင်း

Game ဆိုတဲ့ Entertainment ကို လူကြီး လူငယ်မရွေး စိတ်အပန်းဖြေဖို့အတွက် အချိန်တွေကုန်ဆုံးဖို့အတွက် ဆော့ကစားဖြစ်ကြပါတယ်။ ဂိမ်းတွေကတော့  မျိုးစုံပါပဲ။ အရင်ခေတ်တွေကတော့ ဂိမ််းဆော့ချင်ပြီဆိုရင် TV တို့ ကွန်ပျူတာတို့နဲ့ တွဲဆော့ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ လုဆော့ရတာပေါ့နော်။ “ဟေ့ကောင် တစ်ကောင်သေရင် မင်းအလှည့်ပြီးပြီလေကွာ” “ဒီတစ်ကောင်သေမှလေကွာ” ဆိုပြီး ငြင်းခဲ့ကြရတာပေါ့။ အင်း အဲ့လို games တွေမဆော့ခဲ့ရဘူးဆိုရင်တောင် Monopoly လို board game မျိုးဆော့ပြီး မြေကွက်တွေ သိမ်းခဲ့ကြဖူးမှာပါ။ အင်း အဲ့ဒါတွေ ပြီးလာတော့ ဒီဘက်ခေတ် လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ ဖြစ်လာတော့ကျ ဖုန်းဂိမ်းတွေက ပိုပြီး ခေတ်စားလာတာ အမှန်ပဲ။ PC Games တွေ ကြိုက်တဲ့သူတွေကလည်း သူ့အကြိုက်နဲ့သူပေါ့။ ဒါပေမဲ့ ဖုန်းဂိမ်းကျတော့ ဘတ်စ်ကား စောင့်နေတုန်းဖြစ်ဖြစ် ဘော်ဒါတွေ စုံလို့ပဲဖြစ်ဖြစ် အချိန်နည်းနည်းလေးရရင်တောင်မှ ဆော့လို့ အဆင်ပြေတယ်ဆိုတော့ လူကြိုက်များတာလည်း မဆန်းပါဘူး။

ဆောလို့ ကောင်းတဲ့ ဂိမ်းလေးတွေထဲကမှ MyID Game Feature မှာ ပါတဲ့ ဂိမ်းအကြောင်း ဒီနေ့ မိတ်ဆက်ပေးချင်ပါတယ်။ MyID Game Feature အသစ်မှာ ဘာဂိမ်းတွေပါလည်းဆိုတော့ Tennis Fun ၊ Pig Fighter ၊ Pig Ball ၊ Shooter နဲ့ Gold Miner ဆိုတဲ့ ဂိမ်းတွေပါပါတယ်။ အကုန်လုံးက လွယ်လွယ်ကူကူနဲ့ ဆော့လို့ရတယ်ဆိုတော့ ဘယ်လိုဆော့ရလဲဆိုတာ အထူးတလည်  ရှင်းပြစရာလိုမယ်မထင်ပါဘူး။ MyID Game Feature ဆိုတဲ့အတိုင်း ဂိမ်းဆော့ဖို့အတွက် App အသစ်တစ်ခုကို သပ်သပ်သွားရှာ download လုပ်စရာမလိုပါပဲ MyID Application ထဲကနေပဲ Game ဆိုတဲ့ icon လေးကို နိုပ်ပြီး ဆော့လို့ရအောင် လုပ်ထားပေးပါတယ်။ MyID App ကို မဒေါင်းရသေးဘူးဆိုရင်တော့ ဒီလင့်လေးကနေတစ်ဆင့် bit.ly/MyIDApp ဝင်ဒေါင်းထားလို့ရပါတယ်။ ကဲ ဒါဆို မဒေါင်းရသေးရင် အရင် ဒေါင်းလိုက်ပါဦး။ တကယ်ရှင်းပြမှာက အခုမှလာမှာ။

ဘာလို့ဆော့လို့ကောင်းတာလို့မေးရင် ဂိမ်းကို ဖန်တီးထားတဲ့ ပုံကိုက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောရမယ်။ ဂိမ်းက စုစုပေါင်း ၅ မျိုးရှိမယ် အပေါ်မှာပြောခဲ့တဲ့ ငါးမျိုးပေါ့။ ဂိမ်းတစ်ပွဲဆော့ဖို့အတွက် ဝင်ကြေးလေးတော့ ပေးရမယ်။ Game City ထဲဝင်ခပေးရသလိုပေါ့ဗျာ။ တစ်ပွဲနိုင်ရင် ဝင်ကြေးအဖြစ် ကိုယ်ပေးလိုက်တဲ့ ဒင်္ဂါးတွေရယ် တစ်ဘက် ကစားသမားရဲ့ ဒင်္ဂါးကိုလည်း ရမယ့်အပြင် အဲ့ ဒင်္ဂါးနဲ့ ညီမျှတဲ့ အမှတ်ကိုလည်း ရမယ်။ အဲ့အမှတ်တွေနဲ့ ဘာပြန်ရမလဲဆိုတာကို အောက်မှာဆက်ရှင်းပြပေးမယ်။

ရှုံးရင်တော့ ဒီပွဲအတွက် ဝင်ကြေးတော့ ပါသွားမှာပေါ့ဗျာ။ ဒါကလည်း ဂိမ်းရဲ့အသက်ပဲလေ။ အကယ်၍ ဝင်ကြေးမပေးချင်ဘူးဆိုရင်တော့ ကြော်ငြာလေး ကြည့်ပြီး ဝင်ကြေးအခမဲ့နဲ့ ဝင်ဆော့လို့ရမယ်ဗျ။ ဒါပေမဲ့ တစ်ရက်ကိုတော့ ကြော်ငြာကြည့်ခွင့် ၅ ခေါက်ပဲ ခွင့်ပြုပေးထားပါတယ်။ တန်ပါတယ်ဗျ။ အနည်းဆုံးတော့ ဝင်ကြေးမပေးရတော့ဘူးပေါ့။

ဂိမ်း ၅ မျိုးကိုဆော့ဖို့ Player Vs Player, Tournament နဲ့ Championship ဆိုပြီး ဂိမ်း Mode သုံးမျိုးရှိပါမယ်။ ထုံးစံအတိုင်း ဂိမ်း Mode တွေပေါ်မူတည်ပြီး ရမယ့် ဒင်္ဂါးတွေ ရမှတ်တွေကလည်း ကွာသွားမှာပါ။ ပထမဆုံးတစ်ခု PvP Mode ကတော့ (1 Vs 1) တစ်ဖက်ကစားသမား တစ်ယောက်နဲ့ one by one ထိပ်တိုက် ကစားရမှာပါ။ ဂိမ်းထဲဝင်ပြီးသွားတာနဲ့ ဆော့မယ့်ဂိမ်းအမျိုးအစားကို ရွေး၊ ဝင်ကြေးဒင်္ဂါး ဘယ်လောက်လဲဆိုတာရွေး ပြီးရင် တစ်ဘက်က ပြိုင်ဘက်ကို နိုင်အောင်ဆော့ နိုင်ရင် ဒင်္ဂါးတွေသိမ်းပိုက်ရုံပဲ။ ဒါက PvP Mode ပေါ့နော်။

နောက်တစ်ခု Tournament Mode မှာကျတော့ ကစားသမား ၄ ယောက်လား ၈ ယောက်လား ၁၆ ယောက်လားဆိုပြီး အရင်ရွေးရမှာဖြစ်ပါတယ်။ ပြီးမှ ကိုယ် ဒင်္ဂါးဘယ်လောက် ပေးချင်လဲဆိုတာရွေး ပြီးမှ ဆော့မယ့် ဂိမ်းကိုရွေးရမှာပါ။ ဒီ Mode မှာကျ ဘာပိုသာသွားသလဲဆိုတော့ ကစားသမားများလာတဲ့အတွက်  နိုင်ရင် ကိုယ်ပြန်ရမယ့် ဒင်္ဂါးအရေအတွက်လည်း များလာမှာပါ။ လူအများကြီးနဲ့ ယှဉ်ဖိုက်ရတာဆိုတော့လေ။

နောက်ပြီး တစ်ပွဲနိုင်တိုင်းနိုင်တိုင်းမှာ ကံစမ်းမဲလက်မှတ် (Golden Pot Ticket) ကိုလည်း ရရှိဦးမှာပါ။ လက်မှတ်စောင်ရေကတော့ ဘယ်လောက်ဆိုပြီးသတ်မှတ်ထားတာမျိုးပဲ ကျပန်းရမှာဖြစ်ပါတယ်။ အဲ့လက်မှတ်ကိုစုထားပြီး MyID App ကနေပြီး Golden Pot Lucky Draw ကို မဲဖောက်ပေးတဲ့အခါကျရင် ကိုယ့်လက်မှတ်နဲ့ ပေါက်မပေါက်ဝင်ကြည့်လို့ရပါသေးတယ်။ ဆုရမယ့် ပမာဏကတော့ ဒီဂိမ်းကို ဆော့နေကြတဲ့ ပွဲ အရေအတွက်ပေါ်မူတည်ပြီး တက်တက်လာတာဆိုတော့ ဆော့တဲ့သူပိုများရင် ဆုကြေးပိုများသွားမှာဖြစ်ပါတယ်။ ဒီအတွက် ဆုကြေးငွေကိုလည်း Championship Leaderboard ကလိုပဲ MytelPay Emoney ကနေပဲ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဆိုတော့ ဒီဂိမ်းမှာ ဒင်္ဂါးတွေက အရေးတော့ကြီးတယ်ဗျ။ နောက်ပွဲတွေဆော့ဖို့အတွက် ဂိမ်းဒင်္ဂါး များများရှိလေပိုကောင်းလေလေပဲ။ အင်း ဆော့ရင်းနဲ့ လက်လွန်ပြီး ဒင်္ဂါး တွေကုန်သွားခဲ့ရင်လည်း အပေါ်ဆုံးက အပေါင်း လက္ခဏာကိုနိုပ်ပြီး ကိုယ့် ဖုန်းလက်ကျန်ငွေကိုသုံးပြီး  ဒင်္ဂါးဝယ်လို့ရပါတယ်။ နိုင်ခဲ့တဲ့ ဒင်္ဂါးတွေကိုရော ဘာပြန်လုပ်လို့ရမလဲဆိုတော့ Mytel Data (ဒါမှမဟုတ်) Voice Min နဲ့ပြန်လဲလို့ရမှာဖြစ်တဲ့အတွက် တစ်ချက်ခုတ် သုံးချက်လောက်ပြတ် ဆိုသလိုပေါ့။ နောက်ပြီး ခုမှစဆော့မယ့်သူတွေအတွက် ကို ဒင်္ဂါး ၁၀၀ လက်ဆောင်ပေးထားဦးမှာဖြစ်ပြီး စစဆော့ချင်း ပထမဆုံးရက်ကို ဒင်္ဂါး ၆၀ ၊ ဒုတိယရက် နဲ့ တတိယရက်ကို ၂၀ ဆီပေးထားပါတယ်။

မဆော့ကြည့်ရသေးရင် ဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဂိမ်းတစ်ခုဆော့ပြီး ဆု ၃ မျိုးလောက်ပြန်ရနိုင်မယ့် အခွင့်အရေးပဲလေ။ PvP ပဲဆော့မလား Tournament မှာ သွား fight မလား ဘော်ဒါတွေနဲ့ပဲ local ဆော့မလား Leaderboard မှာ အဆင့်အမြင့်ဆုံးရောက်အောင် ဆော့မလား Golden Pot Lucky Draw ဖောက်ရင်ရော သွားကံစမ်းမလား ဒင်္ဂါးတွေများလွန်းလို့ အင်တာနက် ဒေတာတွေနဲ့ ပြန်လဲမလား။ ဒီ ဂိမ်းထဲမှာတင်လုပ်စရာများများလွန်း စမ်းဆော့တာနဲ့တင် အချိန်ကုန်လို့ ကုန်လို့သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ အားလုံးပဲ စမ်းဆော့ကြည့်ပြီး အတွေ့အကြုံလေးတွေ ဝေမျှသွားပါဦးလို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle