မြန်မာနိုင်ငံရဲ့ eSports ကို မြှင့်တင်ပေးနိုင်မယ့် Mytel နဲ့ Mobile Legends: Bang Bang တို့ရဲ့ ပူးပေါင်းမှု

မြန်မာနိုင်ငံရဲ့ eSports ကို မြှင့်တင်ပေးနိုင်မယ့် Mytel နဲ့ Mobile Legends: Bang Bang တို့ရဲ့ ပူးပေါင်းမှု

Mobile Legend လို့ပြောလိုက်တာနဲ့ ဒီနိုင်ငံမှာတင်မကဘူး အာရှတစ်ဝိုက်နဲ့ ကမ္ဘာတစ်ဝှမ်း မှာပါ နာမည်ကြီး လူကြိုက်များလျက်ရှိတဲ့ multiplayer online battle arena (MOBA) 5 vs 5 mobile game တစ်ခုဆိုတာ လူတိုင်းနီးပါ သိကြပါတယ်။ တကယ်တမ်း Mobile Legends ဆိုပြီးစပေါ်တုန်းကတော့ သူနဲ့အပြိုင် တခြား 5Vs5 Arena Game တွေဖြစ်တဲ့ Vainglory တို့ Hero Evolved တို့ကို စမ်းဆော့ကြည့်ခဲ့ကြပေမဲ့ လူအတော်များများ က User Interface လည်းအဆင်ပြေပြီး ဖုန်းတော်တော်များများနဲ့compatible ဖြစ်တဲ့ ဂိမ်းကို ပိုပြီး ရွေးချယ်လာကြတဲ့အခါမှာတော့ Mobile Legends ဂိမ်းကိုသာ ပိုနှစ်သက်လာတာကိုတွေ့ရပါတယ်။ မြန်မာပြည်မှာ Mobile Legends ကစားတဲ့သူ တော်တော်များလာပြီးနောက်ပိုင်းမှာ မင်းစစ်သား (Minsitthar) ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြုHero ထွက်ပေါ်လာပြီး လူကြိုက်များခဲ့ပါသေးတယ်။

ဒီနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ 2019 SEA Game မှာဆိုရင်လည်း Mobile Legends ဂိမ်းဟာဆိုရင်eSports ကဏ္ဍအောက်မှာ ပထမဆုံးပါဝင်လာတဲ့ ဂိမ်းပြိုင်ပွဲတွေထဲကတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကလည်း Mobile Legendsပြိုင်ပွဲရဲ့ နိုင်ငံကိုယ်စားပြုအနေနဲ့  Team Cyanide ဆိုတဲ့ အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလို eSports လောကရဲ့ အခန်းကဏ္ဍက ကြီးမားလာတာကြောင့်လည်း လူငယ်တွေအတွက် ဂိမ်းကစားတယ်ဆိုတာ အပျော်တမ်း စိတ်အပန်းဖြေစရာတစ်ခုထက် ပိုလာပြီး သူတို့ရဲ့ ဘဝအိမ်မက် Career တစ်ခုအဖြစ်ပါ ရွေးချယ်ဖို့ ဆုံးဖြတ်လာကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ eSportsနဲ့ အသက်မွေးနေတဲ့ လူငယ်တွေအတွက်ကြပြန်တော့ ဒီလို နိုင်ငံတကာပြိုင်ပွဲတွေယှဉ်ပြိုင်ရာမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ အထောက်အပံ့တွေ များစွာရှိလို့နေပါတယ်။ နိုင်ငံတော်ကရော eSports Community တစ်ခုလုံးကရော အားပေးမှုတွေ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့လိုပါတယ်။

အခု Akhayarပရိတ်သတ်ကို ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ eSportsကဏ္ဍကိုမြင့်တင်ပေးဖို့ အတွက် Mytel နဲ့ Mobile Legends: Bang Bang ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Shanghai Moonton Technology တို့က Official Partner အဖြစ် တစ်နှစ်တာ လက်တွဲဖို့ ပူးပေါင်းလိုက်ပြီဆိုတာပါပဲ။ ဒီလို ပူးပေါင်းမှုမျိုးက မြန်မာနိုင်ငံမှာ မရှိဖူးသေးသလို Mobile Legend ကစားသူတွေအတွက်လည်း အကျိုးရှိဝန်ဆောင်မှုတွေ ရောက်လာတော့မှာ အသေချာပါပဲ။

ခုတလော ကြုံတွေ့နေရတဲ့  ပြဿနာမျိုးတွေဖြစ်တဲ့ လိုင်းကျတာမျိုးတွေ ၊ ဆော့နေရင်း Ping များတာမျိုးတွေ နောက်ဆိုပိုပိုနည်းလာဖို့ပဲရှိပါတယ်။ နောက်ဆို Mobile Legends ကစားရင် ပိုကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေနဲ့  ပိုမိုမြန်ဆန်တဲ့ လိုင်းနဲ့ ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး Mytelသုံးတဲ့သူတွေအတွက် Legendary Pack ဒေတာကို ဝယ်ယူပြီး Mobile Legends ဆော့ရင် သုံးလို့ရနိုင်မယ့် ဒေတာတွေအပြင် Diamond ပေါင်း ၁၀ သိန်းကျော် (ဒါမှမဟုတ်) iPhone 11 series ၉ လုံးကို ကံထူးနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူမယ်ဆိုရင်တော့ 966ကို “ML1”လို့ပို့ပြီး Legendary Pack Data 4MB ကို ၅ ကျပ်နဲ့ ဝယ်ယူလိုက်ရုံနဲ့ Legendary Draw အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားမှာပါ။ နောက်ဆိုရင်လည်း Mytelရဲ့ Data Pack တွေပဲဝယ်ဝယ် Mobile Legends ဂိမ်းထဲက ပစ္စည်းတွေပဲဝယ်ဝယ် ထပ်ဆောင်းအကျိုးခံစားခွင့်တွေလည်း ရရှိမှာပါတဲ့။

ဒါတွေကတော့ Mytel နဲ့Mobile Legends တို့နှစ်ဦးရဲ့ ပူးပေါင်းမှုကနေ Mytel အသုံးပြုတွေရယ် Mobile Legends ကို နှစ်သက်စွာ ကစားကြတဲ့သူတွေရယ်ကို ပေးစွမ်းသွားမယ့်အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် ဒေသတွင်း Mobile Legends ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပပြီးတော့ အဲ့လိုပြိုင်ပွဲတွေကနေ လက်စွမ်းထက်တဲ့ နိုင်ငံကိုယ်စားပြုမယ့် အသင်းတွေ ကစားသမားကောင်းတွေကိုလည်း ပေါ်ထွက်လာမှာပါ။ ဒါကြောင့် ဒီလို Official Partner အဖြစ် ပူးပေါင်းမှုကနေ ရရှိလာတဲ့ အကျိုးဆက်တွေက Mobile Legends ကို နေ့စဉ်နေ့တိုင်းကစားကြတဲ့သူတွေကိုရော၊ Mytel ကို စွဲမြဲစွာသုံးစွဲကြသူတွေကိုရော အကျိူးဖြစ်ထွန်းစေမယ့်အပြင်eSportsကစားသမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့်သူတွေကိုလည်း မြေတောင်မြှောက်ပေးနိုင်မှာဖြစ်သလို နိုင်ငံရဲ့ eSports ကဏ္ဍကိုပါ တစ်ဖက်တစ်လှမ်းကနေ တိုးတက်အောင် လုပ်ဆောင်ပေးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle