Covid 19 ကပ်ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ရှေ့တန်းကပါဝင်နေကြတဲ့ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာရှင်များကို Mytel က telecom နဲ့ internet ဝန်ဆောင်မှုများဖြင့် ထောက်ပံ့

Covid 19 ကပ်ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ရှေ့တန်းကပါဝင်နေကြတဲ့ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာရှင်များကို Mytel က telecom နဲ့ internet ဝန်ဆောင်မှုများဖြင့် ထောက်ပံ့

WHO က မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့တဲ့ Covid 19 ကူးစက်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက နိုင်ငံတွေမှာပါ ထိန်းချုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း Covid 19 ကို ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ဖို့အတွက် လူအမြောက်အများဟာ ရှေ့တန်းကနေ ပူးပေါင်းပါဝင်နေကြပါတယ်။  ဒီလိုပါဝင်နေကြတဲ့သူတွေထဲမှာ ရောဂါပိုးကူးစက်ခံထားရသူတွေကို ဖော်ထုတ်ပေးနေတဲ့၊ ကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျရာဝန်ထမ်းနေကြတဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေ ပါဝင်ကြပါတယ်။  ဒီလိုရှေ့တန်းက ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ သူတို့တွေရဲ့အခန်းကဏ္ဍဟာ အလွန်ပဲအရေးကြီးလှပါတယ်။
ဒီလို ရှေ့တန်းကပါဝင်နေကြတဲ့သူတွေဟာ တွယ်တာစရာမရှိတာ ချစ်ခင်ရမဲ့သူတွေမရှိနေတာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေကို နောက်တန်းမှာချန်ထားခဲ့ပြီး မြန်မာနိုင်ငံသား တစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်နေကြတာပါ။  ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ ချစ်ရတဲ့သူတွေ အန္တရာယ်ကင်းဖို့ သူတို့ချစ်ရတဲ့သူတွေဆီ မပြန်ပဲ ခွဲနေနေကြရပါတယ်။  သူတို့ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်တောက်စေဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းကနေတဆင့် အင်တာနက်ကနေတဆင့် စာပို့တာ၊ စကားပြောတာနဲ့ video call ခေါ်တာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုခွဲနေရတဲ့ အခိုက်အတန့်မှာ သူတို့ မိသားစုဝင်တွေနဲ့ ချစ်ခင်ရတဲ့သူတွေ ဘာလုပ်နေသလဲ၊ ဘာတွေဖြစ်နေသလဲ ဆိုတာကို social media ကနေသာ သူတို့သိမြင်နိုင်ကြတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကို နားလည်တဲ့အတွက် Mytel ကနေ ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ quarantine နေရာများမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာဝန်များ၊ သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် 5 GB data နှင့် Mytel အချင်းချင်း မိနစ် ၂၀၀ အခမဲ့ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒါ့အပြင် masks တွေ၊ hand sanitizers တွေနဲ့ အခြားလိုအပ်တဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေကိုလည်း လှုဒါန်းခဲ့ပါသေးတယ်။

Mytel ဟာ Covid 19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ တတပ်တအားပူးပေါင်းပါဝင်နေပြီး ထောက်ပံ့မှုတွေ လှုဒါန်းမှုတွေ ပြုလုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း “Safe Market” အစီအစဉ်ကို  ဒေသဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနဲ့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ social distancing အလေ့အကျင့်ကို ကျင့်သုံးဖို့အတွက်ရော နေပူဒဏ်ကာကွယ်ဖို့အတွက်ရော ရည်ရွယ်ပြီး ဈေးသည်တွေအတွက် ရွက်ဖျင်ထီးတွေ လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် Mytel က (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ်၊ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle