Mytel သည် Covid 19 တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အားပါဝင်သည့် အနေဖြင့် Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အလှုငွေများလှုဒါန်း

Mytel သည် Covid 19 တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အားပါဝင်သည့် အနေဖြင့် Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အလှုငွေများလှုဒါန်း

တိုက်ပွဲတစ်ပွဲကို နိုင်အောင်တိုက်ဖို့ဆိုတာ ရှေ့တန်းက တိုက်တဲ့သူတွေအရေးပါသလို လိုအပ်တဲ့ထောက်ပံ့မှု ရဖို့လည်း လိုပါတယ်။ ထောက်ပံ့မှု မလုံလောက်ရင် ဒါမှမဟုတ် အချိန်မီ မရောက်ခဲ့ရင် အရေးနိမ့်နိုင်ပါတယ်။  ဒီ Covid 19 ကို ထိန်းချုပ်မှုရအောင်လုပ်ရတာကလည်း တိုက်ပွဲတစ်ပွဲတိုက်နေရသလိုပါပဲ။
ဒီတိုက်ပွဲကို အသာစီးရဖို့ ရှေ့တန်းမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ အခြား ကျန်းမာရေးဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေ အစွမ်းရှိသလောက်တိုက်နိုင်ဖို့ဆိုရင် သူတို့လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေ ကိရိယာတွေ ပြည့်စုံနေဖို့လိုပါတယ်။ ဒါကြောင့်မို့ ရှေ့တန်းမှာမနေနိုင်ပေမဲ့ နောက်တန်းကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့ကလည်း အရေးပါပါတယ်။  ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒီတိုက်ပွဲမှာ ရှေ့တန်းကနေ ကာကွယ်တိုက်ထုတ်ပေးနေသူတွေကို လေးစားပြီး တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို စည်းကမ်းရှိရှိ လေးစားလိုက်နာပြီး ပူးပေါင်းဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒီလို ညီညီညွတ်ညွတ်ပါဝင်မှသာ အနိုင်ရနိုင်မှာဖြစ်ပါတယ်။


ဒီလို covid 19 ကို တိုက်နေတဲ့ ရှေ့တန်းက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာရှင်တွေရဲ့ အရေးပါပုံကို သဘောပေါက်ပြီး နောက်တန်းပံ့ပိုးမှုကလည်းအရေးကြီးတာကို သိထားတဲ့အတွက် Mytel က Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် တပ်အားသရွေ့ပါဝင်နေခဲ့ခြင်းပဲဖြစ်ပါတယ်။  ဒီတစ်ခါမှာလည်း Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အလှုငွေနဲ့တကွ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို လှုဒါန်းခဲ့ပါတယ်။  ဒီလှုဒါန်းငွေတွေဟာ Mytelနဲ့တကွ Mytel  သုံးစွဲသူတွေ၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက E-Sports community ကသူတွေရဲ့ စုပေါင်းလှုဒါန်းမှုလို့ ပြောလို့ရပါတယ်။ Covid 19 ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်မှာ တစ်တပ်တအားပါဝင်တဲ့အနေနဲ့ “TogetherWeFightCovid19” ဆိုတဲ့ campaign ကို Mytel ကစတင်ခဲ့ပြီး အဲဒီ campaign အောက်မှာ စာတိုပေးပို့လှူဒါန်းခြင်း၊ Mytel Mobile Legends Myanmar Covid-19 Charity Championship နဲ့ အခြားအစီအစဉ်များကို ပြုလုပ်ခဲ့ပါတယ်။  တနိုင်ငံလုံးမှာရှိတဲ့ Mytel သုံးစွဲသူ မိဘပြည်သူတွေအနေနဲ့ 111 ကို CV19 လို့ စာတိုပေးပို့ပြီး မိမိတို့လက်ကျန်ငွေထဲကနေ ၁,၀၀၀ ကျပ်ကို Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို  လှုဒါန်းနိုင်မဲ့ စာတိုပေးပို့လှုဒါန်းခြင်း အစီအစဉ်ကို ဧပြီလအစောပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။  ဒီလှုဒါန်းမှုဟာ Mytel ရဲ့ SMS donation (စာတိုပေးပို့လှုဒါန်းခြင်း) ကနေရတဲ့  ၅,၆၀၀ USD ရယ်၊ Mytel Mobile Legends Myanmar Covid-19 Charity Championship က ၁၀,၀၀၀ USD ရယ်နဲ့ surgical masks အခု ၁၀,၀၀၀ တို့ကိုလှုဒါန်းခဲ့တဲ့အလှုဖြစ်ပါတယ်။


Mytel ဟာ Covid 19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ တတပ်တအားပူးပေါင်းပါဝင်နေပြီး ထောက်ပံ့မှုတွေ လှုဒါန်းမှုတွေ ပြုလုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း “Safe Market” အစီအစဉ်ကို  ဒေသဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနဲ့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ social distancing အလေ့အကျင့်ကို ကျင့်သုံးဖို့အတွက်ရော နေပူဒဏ်ကာကွယ်ဖို့အတွက်ရော ရည်ရွယ်ပြီး ဈေးသည်တွေအတွက် ရွင်ဖျင်ထီးတွေ လှူဒါန်းခဲ့ပါသေးတယ်။  ဒါ့အပြင် Mytel က (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နဲ့ (Mobile Legends နဲ့ PUBG မိုဘိုင်းဂိမ်းတွေကို ၇ရက်၇လီ ဒါမှမဟုတ် ရက် ၃၀ အတွင်း ဆော့ကစားနိုင်မယ့်) အကန့်အသတ်မရှိဂိမ်းဒေတာ အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle