Mytel မှ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို လှူဒါန်း

Mytel မှ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို လှူဒါန်း

မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်လှသော လှူဒါန်းမှုတစ်ခုဖြစ်တဲ့ Empower My Children ပွဲကြီးကို  ကျင်းပခဲ့ပါတယ်။

အဆိုပါ လှူဒါန်းမှု အခမ်းအနားကို ဝါရင့်ဆရာဝန်ကြီးတွေဖြစ်တဲ့ အကြီးတန်းဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး- ဒေါက်တာ မြင့်မြင့်ခိုင်(နှလုံးရောဂါအထူးကု)၊ ပါမောက္ခဒေါက်တာ ဦးခင်မောင်ဦး(နှလုံးခွဲစိတ်ဆရာဝန်) နှင့် ပါမောက္ခနှင့်ဆေးရုံမှူး ဒေါက်တာဦးအောင်သူ ၊ Mytel ၏ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် ဦးသိန်းအောင် နဲ့အတူMytelသတင်းအချက်အလက်အရာရှိချုပ် ဦးဇော်လင်း တို့က ဦးဆောင်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ကလေးငယ်တွေအတွက် ငွေကြေးထောက်ပံ့မှုနဲ့ လိုအပ်တဲ့ကူညီမှုများကို ထောက်ပံ့ပေးခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသု၊ တေးသံရှင် ပိုပို နဲ့ မော်ဒယ်နှင့်သရုပ်ဆောင် ငြိမ်းသော်တို့လည်းMytel က အခြားတာဝန်ရှိသူများနဲ့အတူ တက်ရောက်ခဲ့ပြီး ဝေဒနာရှင် ကလေးငယ်များကို လှူဒါန်းခဲ့တဲ့အပြင် ခွဲစိတ်မှုပြုလုပ်နေတုန်းနဲ့ ခွဲစိတ်မှုအပြီးမှာ ကြံ့ကြံ့ခံနိုင်အောင် အားပေးစကားတွေနဲ့ နှစ်သိမ့်စကားတွေလည်းပြောကြားခဲ့ပါတယ်။

"Empower My Children" လှူဒါန်းမှုအခမ်းအနားဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်တွေရဲ့ အသက်များကို ကယ်တင်မယ့် Mytel  ရဲ့ ရှည်စီမံကိန်းကြီးအတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ ထို စီမံကိန်းကြီးရဲ့ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်သွားမှာဖြစ်ပြီး တစ်လမှာ ကန်ဒေါ်လာ ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ အသုံးပြုသွားမှာဖြစ်ပါတယ်။

Mytel ဟာဆိုရင်ဖြင့် ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့  မြန်မာနိုင်ငံရှိကျောင်းပေါင်း၂၅၈ ကျောင်းမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။Mytel အနေနဲ့ အစိုးရ ဌာနဆိုင်ရာများ နဲ့ အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နဲ့ ဆေးရုံ ၁ ရုံ တွေမှာလဲ အခမဲ့အင်တာနက်ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဌာနရုံး ၆ ရုံး မှာလဲ Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာမှာ အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။ Mytel က ဆက်လက်ပြီး အခမဲ့ဝန်ဆောင်မှုတွေကို အခြားဘာသာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ဘုန်းကြီးကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ပုဂ္ဂလိဂနဲ့ အထွေထွေဆေးရုံတွေနဲ့ အစိုးရဆိုင်ရာကဏ္ဍတွေမှာVideo Conferencing စနစ်နဲ့ အင်တာနက်ဝန်ဆောင်မှု များကိုလုပ်ဆောင်ပေသွားမှာပဲ ဖြစ်ပါတယ်။   Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ်  ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။လှူဒါန်းမှုအခမ်းအနားမှာ အလှူလက်ခံရရှိခဲ့တဲ့ မိသားစုတွေရဲ့ ကြည်နူးစရာကောင်းတဲ့ စကားသံလေးတွေကို အောက်က ဗီဒီယိုလေးမှာ ခံစားကြည့်ရှုနိုင်ပါတယ်။

Empower My Children

ကလေးငယ်​တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်! ဒီလိုကလေးငယ်တွေရဲ့ အနာဂတ် ပိုမိုလှပစေရန်အတွက် Mytel မှ"နှလုံးသား ၁ခုမှ နှလုံးသား ၁ခုသို့ နွေးထွေးမှုဖြင့် ကူညီပါမည်" အစီအစဉ်အား လုပ်ဆောင်ခဲ့ပါတယ်။ပထမဦးဆုံးအနေဖြင့် နှလုံးရောဂါဝေဒါနာရှင် ကလေးငယ် ၁၂ ယောက်အား ခွဲစိတ်ရန် လိုအပ်သော ငွေကြေးအား ရန်ကင်းဆေးရုံနှင့်ပူးပေါင်းပြီး လှူဒါန်းပေးအပ်ခဲ့ပါသည်။ နောက်ထပ် ဒီထက်ပိုမိုကောင်းမွန်သော အစီအစဉ်တွေကို Mytel နှင့်လက်အတူတူတွဲပြီးပူပေါင်းဆောင်ရွက်ရင်း ကလေးတွေရဲ့ ဘဝမြှင့်တင်ဖို့ အတူကြိုးစားလိုက်ကြစို့။ Children are our future! With a hope to give Myanmar children a brighter long future, we have started our “Empower My Children” project. Our very first step is giving chances to 12 children who suffers from congenital heart disease to receive their corrective surgeries at the Yankin Children’s Hospital and cover all the costs. Join hands with us! Together, we make a better place for our children. #MytelMyanmar #MytelEmpower #TheBestOperator MUSIC: Fight Song (Allen Chang Violin Instrumental Cover)

Geplaatst door Mytel Myanmar op Vrijdag 21 februari 2020

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle