အခွန်အခတွေကို MytelPay နဲ့ အိမ်ကနေပဲ ပေးဆောင်လို့ရအောင် Mytel နဲ့ Yangon City Bank တို့ သဘောတူစာချုပ်လက်မှတ်ရေးထိုး

အခွန်အခတွေကို MytelPay နဲ့ အိမ်ကနေပဲ ပေးဆောင်လို့ရအောင် Mytel နဲ့ Yangon City Bank တို့ သဘောတူစာချုပ်လက်မှတ်ရေးထိုး

နိုင်ငံတော်အစိုးရကနေ ခုလို Covid-19 ဖြစ်နေတဲ့ကာလမှာ မြန်မာ့စီးပွားရေးကုစားစီမံကိန်း တစ်ခုချမှတ်ပြီး တကယ် လိုအပ်နေတဲ့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်အောင်နဲ့ Covid-19 ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုနည်းနိုင်သမျှ လျှော့နည်းစေဖို့ ပန်းတိုင် ၇ ခုကို ချမှတ်ခဲ့ပါတယ်။ အဲ့ ၇ ချက်ထဲမှာ e-commerce ရဲ့ အသုံးဝင်မှုကို မြှင့်တင်ဖို့နဲ့ မိုဘိုင်းငွေပေးချေမှုတွေကို ပိုပြီး အသုံးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်အသုံးပြုနေပေမယ့်  ဘေလ်ပေးဆောင်တာတွေ ပစ္စည်းဝယ်ယူတာတွေမှာတော့ ငွေကြေးကိုပဲ အဓိကထား အသုံးပြုနေကြပါသေးတယ်။ ဒါပေမဲ့ အခုလို အစိုးရကနေ စီမံကိန်းရဲ့ ပန်းတိုင်တစ်ခုအနေနဲ့ထားပြီး ဆောင်ရွက်မယ်ဆိုရင်တော့ အနာဂတ်မှာ ပြည်သူတွေအနေနဲ့ လွယ်လွယ်ကူကူ ငွေပေးချေမှုတွေ လုပ်လာနိုင်တော့မယ်လို့ မျှော်လင့်နိုင်ပါတယ်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေရဲ့ အသုံးပြုမှု မြင့်တက်လာလေ ပိုက်ဆံကို ကိုင်တွယ်ပြီး သုံးရတာနည်းလာလေလေ  ပိုက်ဆံကတစ်ဆင့် ရောဂါပိုးကူးစက်တဲ့ နှုန်းလည်း ပိုနည်းလာမှာပါ။


မြန်မာနိုင်ငံရဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ MytelPay ကလည်း ဒီလို နိုင်ငံတော် လမ်းညွှန်ချက်ကို အထောက်အပံ့ပေးနိုင်ဖို့နဲ့ သုံးစွဲသူ အများပြည်သူအတွက် အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်အောင် အမြဲကြံဆနေပါတယ်။ ဒါကြောင့်လည်း မေလ ၄ ရက် ၂၀၂၀ ရက်နေ့မှာတော့ MytelPay ကတဆင့် စည်ပင်အခွန် အမျိုးမျိုးကို အလွယ်တကူပေးဆောင်နိုင်အောင် Mytel နဲ့ ရန်ကုန်မြို့တော်ဘဏ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။


ထိုသဘောတူလက်မှတ်ရေးထိုးပွဲကိုတော့ ရန်ကုန်မြို့တော်ဘဏ်မှာ ကျင်းပခဲ့ပြီး Mytel ရဲ့ CEO - Mr. Hoang Trung Thanh နဲ့ ရန်ကုန်မြို့တော်ဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးကျော်ဝင်း တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။  ဒီအခွန်ဆောင်တဲ့ ဝန်ဆောင်မှုကို မေလထဲမှာ သုံးစွဲသူတွေအနေနဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို MytelPay ကနေတစ်ဆင့် လွယ်ကူစွာ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
Mytel က ဒီအစီအစဉ်အပြင် အခြားအသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် Mytel FTTH အတွက် ကျသင့်တဲ့ လစဉ်ကြေး (ဘေလ်) ကို MytelPay ကတဆင့်ပေးသွင်းမယ်ဆိုရင် ၅ ရာခိုင်နှုန်းလျော့ပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ထား ပါတယ်။
COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် social distancing လုပ်ဖို့ အရေးကြီးတဲ့အချိန်မှာ MytelPay ကိုအသုံးပြုပြီး စည်ပင်ခွန်တွေ ဘေလ် တွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ ပေးနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ လူအများနှင့် ထိတွေ့မှု ကို လျှော့ချပြီး အဆင်ပြေပြေငွေပေးချေနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle