မြန်မာပြည်သူတွေအတွက် ပေးအပ်လိုက်တဲ့ Mytel ရဲ့ မွေးနေ့လက်ဆောင်

မြန်မာပြည်သူတွေအတွက် ပေးအပ်လိုက်တဲ့ Mytel ရဲ့ မွေးနေ့လက်ဆောင်

လူတစ်ယောက်နဲ့တစ်ယောက်အတွက် မွေးနေ့ဆိုတဲ့အပေါ်  အဓိပ္ပါယ်အမျိုးမျိုး ခံယူချက်အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့သူအတွက် မွေးနေ့ဆိုတာ ချစ်ခြင်းမေတ္တာတွေ ခံယူရမဲ့ နေ့ထူးနေ့မြတ်လို့ သတ်မှတ်သလို တချို့တွေအတွက်က မိမိကို ကျွေးမွေးပြုစုလာတဲ့ မိဘနဲ့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စိတ်နဲ့ ပြန်လည်ပေးဆပ်ရမဲ့နေ့လို့ သတ်မှတ်ကြပါတယ်။ တချို့သူတွေအတွက်က အခြားနေ့တွေနဲ့ ဘာမှမထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပေမဲ့ တချို့အတွက်ကျတော့လည်း အထူးတလည်နဲ့ တန်ဖိုးထားရတဲ့နေ့ ဖြစ်နေပြန်ပါတယ်။ Mytel အတွက်ကတော့ မွေးနေ့ နှစ်ပတ်လည်နေ့ဆိုတာ သုံးစွဲသူ မိဘပြည်သူတွေကို အထူးကျေးဇူးပြန်လည်တုံ့ပြန်ရမဲ့အချိန်လို့ သတ်မှတ်ခံယူထားပါတယ်။

ဒါကြောင့်လည်း သုံးစွဲသူပြည်သူတွေ အတွက်ရော နိုင်ငံအတွက် လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ပါဝင်ကူညီပေးရင်း Mytel ရဲ့  (၂) နှစ်ပြည့် မွေးနေ့အခါသမယကို ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ပထမဆုံး မွေးနေ့လက်ဆောင်ကတော့ Mytel ရဲ့ သုံးစွဲသူ Mytel ချစ်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့  အစီအစဉ်လေးပါ။ မွေးနေ့မွေးရက် ကျရောက်ပြီဆိုရင် မွေးနေ့ရှင်ကို သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေ ချစ်သူခင်သူတွေက မွေးနေ့ဆုတောင်း ပေးကြပြီး မွေးနေ့ရှင်ကလည်း အဲ့လူတွေကို မွေးနေ့အလှူအဖြစ် ပြန်ပြီး မုန့်တွေလိုက်ကျွေးကြတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စဖွယ် အလေ့အထလေး တစ်ခုပါ။ Mytel ကလည်း မြန်မာပြည်သူ မိုဘိုင်းဖုန်းသုံးစွဲသူတွေ ကနေ Mytel အတွက် မွေးနေ့ဆုတောင်း ပေးရုံနဲ့ လက်ဆောင်ပြန်လည် ပေးအပ်သွားမယ့် အစီအစဉ်လေးနဲ့အတူ မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
မွေးနေ့ဆုတောင်းပေးမယ့်သူတွေအနေနဲ့ ၂၀၂၀ခုနှစ် ၊ ဇွန်လ ၃ ရက်နေ့ ကနေ ဇွန်လ ၉ ရက်နေ့အတွင်း Mytel ဆင်းကတ်နဲ့ "966" ဆိုတဲ့ နံပါတ်ကို HBD (သို့) HPBD (သို့) HAPPYBIRTHDAY ဆိုတဲ့ SMS ပေးပို့လိုက်မယ်ဆိုရင် မွေးနေ့အမှတ်တရ လက်ဆောင်ဆုများကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ရရှိနိုင်မယ့်ဆုတွေကတော့  ၁၀၀ MB ကနေစပြီး ၂၀၀ MB၊ ၅၀၀ MB ၊ ၁ GB နဲ့ အများဆုံး ၂ GB အထိ ရရှိနိုင်မှာဖြစ်ပြီး on-net ဖုန်းခေါ်ဆိုမှုအတွက်လည်း ၁၀ မိနစ်၊ မိနစ် ၂၀၊ မိနစ် ၅၀၊ မိနစ် ၁၀၀ နဲ့ အများဆုံး မိနစ် ၂၀၀ အထိ လက်ဆောင် ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဆုလက်ဆောင်တွေရဲ့ သက်တမ်းကတော့ ၇ ရက်ဖြစ်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း Mytel ဖုန်းနံပါတ်တစ်ခုကို တစ်ကြိမ် ဆုခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Mytel ရဲ့ (၂) နှစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ သုံးစွဲသူ မိဘပြည်သူ အားလုံးကို လက်ဆောင်ပေးသွားမယ့် အစီအစဉ်လေးပါ။


နောက်ထပ်မွေးနေ့အလှူတစ်ခုလည်းရှိပါသေးတယ်။ ဒီအလှူကတော့ ရန်ကင်းကလေးဆေးရုံမှာ ရှိတဲ့ ခွဲစိတ်ကုသဖို့ လိုအပ်နေတဲ့ နှလုံးရောဂါဝေဒနာသည်  ကလေးငယ် ၂၂ ယောက်အတွက် ခွဲစိတ်ဖို့ ကုန်ကျမယ့် ငွေကြေးကို ထပ်မံ ထောက်ပံ့ လူဒါန်းပေးခဲ့တဲ့အပြင် Covid-19 ရောဂါ ကာကွယ်ဖို့အတွက် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး အခု ၂၀,၀၀၀ ကို မွေးနေ့အလှူအဖြစ် လှူဒါန်းပေးနိုင်ခဲ့တဲ့အတွက် အလွန်မွန်မြတ်လှတဲ့  အလှူလို့ဆိုရင်လည်း မမှားပါဘူး။ ကလေးငယ်တစ်ယောက်ကို ခွဲစိတ်ရာမှာ ကုန်ကျမယ့် ခန့်မှန်း ကုန်ကျငွေ ၂၅ သိန်း နဲ့ ကလေးငယ် ၂၂ ယောက်အတွက် လှူဒါန်းငွေ စုစုပေါင်း သိန်း (၅၅၀) ကို ဇွန်လ ၅ ရက်နေ့မှာ ဆေးရုံက တာဝန်ရှိသူတွေထံ ထပ်မံ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကလေးငယ်တွေ အတွက် ကူညီမယ့် ကမ်းလက်တစ်စုံဖြစ်ခဲ့တဲ့ ဒီလှူဒါန်းမှုဟာ Mytel ရဲ့ Empower My Children ဆိုတဲ့ ဖောင်ဒေးရှင်းကနေ ဒုတိယအကြိမ်မြောက် လှူဒါန်းနိုင်ခဲ့တဲ့ လှူဒါန်းမှုလည်းဖြစ်ပါတယ်။

ဒီလိုအစီအစဉ်တွေ လှူဒါန်းမှုတွေနဲ့ Mytel ကတော့ သူ့ရဲ့  ၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကို ကျင်းပခဲ့ပြီး အားလုံးပါဝင်ဆင်နွှဲကာ ဒေတာလက်ဆောင် ဖုန်းခေါ်ဆိုမှုလက်ဆောင်တွေ ရယူနိုင်မယ့် ပျော်ရွှင်ဖွယ် Happy Birthday SMS အစီအစဉ် အပြင် သာဓုအနုမောဒနာခေါ်ဆိုနိုင်မည့် အလှူဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကလေးငယ် ၂၂ ဦးအတွက် ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်တွေ ထောက်ပံ့ခဲ့တဲ့ Empower My Children အလှူကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ “မိုင်တယ် မိုက်တယ် မိုက်တယ်” နဲ့ “မီမီ မီမီ မီမီ မီမီ” ကနေစပြီး သိကျွမ်းလာခဲ့တဲ့ Mytel Myanmar က စိတ်ဝင်စားစရာကောင်းတဲ့ ပရိုမိုးရှင်းတွေ ၊ MyID အက်ပလီကေးရှင်းလိုမျိုး စွယ်စုံသုံး Entertainment Hub မျိုးတွေ ၊ Shake More နဲ့ OK Mytel လို အစီအစဉ်အသစ်တွေ စတဲ့ အသစ်အသစ်သော နည်းပညာတွေ ပျော်စရာ စိတ်လှုပ်ရှားစရာ ကမ်းပိန်းတွေ နဲ့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးလာခဲ့တာ ၂ နှစ်တာ ပြည့်မြောက်လို့လာခဲ့ပါပြီ။ ဒါကြောင့်လည်း Mytel ရဲ့  နှစ်နှစ်တာ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အပေါ်မှာ ပြောခဲ့သလို Happy Birthday ဆိုတဲ့ မွေးနေ့ဆုတောင်း SMS ပို့ပြီး Mytel နှစ်နှစ်ပြည့်ကို ဂုဏ်ပြုလိုက်ရအောင်။ Happy Birhday ပါ Mytel ရေ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle