အကောင်းဆုံး အော်ပရေတာ နဲ့အတူ ကိုဗစ်-၁၉ ကို ကာကွယ်တိုက်ထုတ်လိုက်ရအောင်

အကောင်းဆုံး အော်ပရေတာ နဲ့အတူ ကိုဗစ်-၁၉ ကို ကာကွယ်တိုက်ထုတ်လိုက်ရအောင်

Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအတော်များများရဲ့ စီးပွာရေး နိုင်ငံရေး လူမှုရေးကဏ္ဍတွေမှာ လှုပ်ခပ်မှုများစွာရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ Covid-19 Confirmed Case စတွေ့တဲ့အချိန် မတ်လကုန်လောက်ကနေစပြီး Covid-19 ရောဂါကို ဂရုတစိုက် ကာကွယ်လာတာ အခုဆို နှစ်လကျော် သုံးလနီးပါး ရှိနေပြီဖြစ်ပြီး တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံက Covid-19 ကြောင့် အထိအခိုက်နည်းတယ်လို့ဆိုနိုင်ပါတယ်။ ဒီလို အခြေအနေကောင်းတစ်ခုကို ဖန်တီးနေနိုင်တာကလည်း ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့ကြတဲ့ ပူးပေါင်း ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရောဂါပိုမို မပြန့်ပွားအောင် ရှေ့တန်းကနေ ကာကွယ်ပေးခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် လို့ဆိုနိုင်ပါတယ်။

ဒီလူတွေတင်ပဲမကပဲ ကျန်းမာရေးအဖွဲ့အစည်းတွေ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက လုပ်ငန်းစုကုမ္ပဏီတွေကလည်း ရောဂါကာကွယ်ဖို့အတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေကစပြီး quarantine ဝင်ရတဲ့ လူတွေနဲ့ Covid-19 လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးအထောက်အပံ့တွေ အခြေခံစားသောက်ကုန်တွေနဲ့ ငွေကြေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို အဆက်မပြတ် လှူဒါန်းပေးခဲ့ကြပြီး အလှူအတန်း အရက်ရောဆုံးနိုင်ငံတွေစာရင်းထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီလို လှူဒါန်းခဲ့ကြတဲ့အထဲမှာမှ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအော်ပရေတာ တစ်ခုဖြစ်တဲ့ Mytel ကလည်း သုံးစွဲသူ ပြည်သူတွေအတွက်ရော ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော Covid-19 ထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီအတွက်ကိုရော လှူဒါန်းမှုပေါင်း များစွာ ပြုလုပ်ပေးခဲ့ပြီး Covid-19 ရောဂါ အားလုံးနဲ့ အတူတိုက်ထုတ်ခဲ့တဲ့ အော်ပရေတာတစ်ခုဖြစ်လာပါတယ်။

Covid-19 အစောပိုင်းကာလ ဧပြီလဆန်းပိုင်းတုန်းကဆိုရင် ပြည်သူတွေအနေနဲ့ အိမ်ထဲမှာပဲနေပြီး နောက်ဆုံးရသတင်းကို အဆက်မပြတ်စောင့်ကြည့်နေခဲ့ရတဲ့အတွက် အင်တာနက်အသုံးပြုမှုက သိသိသာသာမြှင့်တက်ခဲ့ပါတယ်။ အဲ့လိုအချိန်မျိုးမှာ Mytel က သုံးစွဲသူတွေအတွက် ကုန်ကျစရိတ်ပိုမို သက်သာစေမယ့် ၅၀% ငွေဖြည့်အပိုလက်ဆောင်အစီအစဉ်၊ ၂၀၀% အပိုဒေတာအစီအစဉ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီး အချင်းချင်းအဆက်သွယ်မပြတ် ရှိနေစေဖို့အတွက်လည်း MyID ကနေ Mytel ဖုန်းနံပါတ်တွေကို အခမဲ့ခေါ်ဆိုနိုင်မယ့် အစီအစဉ်နဲ့ Covid-19 နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို အခမဲ့ကြည့်ရှုလို့ရနိုင်မယ့် အစီအစဉ်ကိုလည်း ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလို တယ်လီကွန်းဝန်ဆောင်မှုတွေ အပြင် သင်္ကြန်ကာလအပြီး ဈေးတွေ ပြန်ဖွင့်ဖို့ လိုအပ်လာတဲ့အချိန်မှာလည်း ယာယီဈေးတွေ ပျံကျဈေးတွေမှာ social distancing ပြုလုပ်ဖို့လိုအပ်တဲ့အတွက် အဲ့ဒီနေရာတွေက ဈေးသည်တွေအတွက် ရွက်ဖျင်ထီးအမိုးတွေကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှူဒါန်းခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ လူသိများခဲ့တဲ့ လှူဒါန်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။

Esport ကဏ္ဍကို တိုးတက်အောင် အားပေးကူညီလျက်ရှိတဲ့ အော်ပရေတာလည်း ဖြစ်တာကြောင့် Mytel Mobile Legends Myanmar Covid-19 Charity Championship ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီးတော့ အဲ့ပြိုင်ပွဲကနေတစ်ဆင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ကန်ဒေါ်လာ ၁၀,၀၀၀ လှူဒါန်းခဲ့ပါသေးတယ်။ ဧပြီလအတွင်းမှာပဲ Mytel အနေနဲ့ “Together we FIGHT COVID-19” ကမ်ပိန်းအောက်ကနေ SMS Donation ကရရှိခဲ့တဲ့ အလှူငွေ USD ၅,၆၀၀ ၊ MLBB Championship ပြိုင်ပွဲက ဆုကြေးငွေ USD ၁၀,၀၀၀ နဲ့ နှာခေါင်းစည်းအခု တစ်သောင်း ရဲ့ တန်ဖိုးငွေ USD ၅,၆၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး စုစုပေါင်း USD ၂၁,၀၀၀ တန်ဖိုးရှိတဲ့ ထိုလှူဒါန်းမှုအတွက် လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကိုလည်း ကျန်းမာရေး ဝန်ကြီးဌာန မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီလှူဒါန်းမှုတွေအပြင် social distancing မဖြစ်မနေ ပြလုပ်ဖို့ လိုအပ်နေတဲ့အတွက် MytelPay ရဲ့ ဝန်ဆောင်မှု အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး မေလကနေစပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နဲ့ အညစ်အကြေးခွန်တွေကို MytelPay ကနေတစ်ဆင့် ပေးသွင်းနိုင်တော့မှာဖြစ်ပါတယ်။

ဒီလို ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုလည်း ဖြစ်တဲ့ Mytel က နိုင်ငံ နဲ့ ပြည်သူတွေ အတွက် လိုအပ်နေတဲ့ အရာတွေကို တတ်စွမ်းတဲ့ဖက်က အမြဲ ဖြည့်ဆည်းပေးနေခဲ့တာဆိုရင် ၂ နှစ်တာ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလို ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “Fight COVID-19 Together” ဆိုတဲ့ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်သစ်တစ်ခုကို ထပ်မံယူဆောင်လာပြန်ပါပြီ။
ဒီဂိမ်းကို Mytel သုံးစွဲသူအားလုံး ပါဝင် ဆော့ကစားနိုင်မှာဖြစ်ပြီး ကစားခွင့်အကြိမ်တွေ ရှိဖို့လိုပါတယ်။ ကစားခွင့်တွေကို ဘယ်လိုရနိုင်မလဲဆိုတော့ USSD၊ SMS၊ MyID နဲ့ MytelPay အက်ပလီကေးရှင်းတွေကတစ်ဆင့် ပတ်ကေချ့်တွေ ဝယ်ယူပြီး ရနိုင်မှာဖြစ်သလို MytelPay ကနေတစ်ဆင့် ဖုန်းငွေဖြည့်တာ ဒါမှမဟုတ် ငွေလွှဲပြီး ဒီဂိမ်းမှာ ကစားနိုင်မည့် ကစားခွင့်အကြိမ်တွေ ရနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ ပတ်ကေချ့်နဲ့ ငွေလွှဲတဲ့ပမာဏပေါ်မူတည်ပြီး ကစားခွင့် “အကြိမ်” အနည်းအများကတော့ ကွာသွားမှာဖြစ်ပါတယ်။
ဒီ ၂ နှစ်ပြည့်ဂိမ်း အစီအစဉ်ကိုတော့ ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ ဝင်ရောက် ကစားနိုင်မှာဖြစ်ပြီး ဂိမ်းထဲမှာ Captain Mytel က Covid-19 ပိုးကောင်တွေကို ချေမှန်းနေတဲ့ ပုံစံနဲ့ ဆော့ကစားရမှာပါ။ ပိုးကောင်တစ်ကောင် ချေမှန်းပြီးတိုင်း I-L-O-V-E-M-Y-T-E-L ဆို စာလုံးတွေထဲက ကျပန်းတစ်လုံးကို ရရှိမှာဖြစ်ပြီး စာလုံး ၁၀ လုံးစလုံး ဖြည်းဖြည်းချင်း စုဆောင်းပြီး ရွှေ ၂၂ ကျပ်သားကို ကံစမ်းရမှာ ဖြစ်ပါတယ်။
ဒီဆုကြီး သာမကပဲ နေ့စဉ်ဆုကြေးတွေအနေနဲ့ကတော့ MytelPay E-money ၂၂၂,၂၂၂ ကျပ်အထိ၊ ၂,၂၂၂,၂၂၂ MB အထိ၊ ၂၂,၂၂၂ မိနစ်အထိ ၊ ဂိမ်းပွိုင့် ၅ ပွိုင့် တို့ကိုလည်း ကံစမ်းနိုင်ပါသေးတယ်။ ဂိမ်းပွိုင့်က ဘာပြန်လုပ်လို့ရလည်းဆိုတော့ ဂိမ်းပွိုင့်အများဆုံး ကစားသမားတွေထဲက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကစားသမား ၁၀ ယောက်က အပတ်စဉ်ပေးအပ်တဲ့ ဆုငွေ ၂၂,၂၂၂ ကျပ် ကိုလည်း ထပ်မံရရှိနိုင်မှာပါ။ ကစားသမားတစ်ယောက်ကို တစ်နေ့ကို အများဆုံး အကြိမ် ၃၀ အထိပဲ ဝင်ရောက်ကစားနိုင်မှာဖြစ်ပြီးတော့ Mytel သုံးစွဲသူတွေကတော့ နေ့စဉ် အခမဲ့ကစားခွင့် သုံးကြိမ် ထပ်ဆောင်းရရှိမှာဖြစ်ပါတယ်။ ဒီလို အလန်းစားဆုကြီးတွေရနိုင်မယ့် ဂိမ်းကို ဝင်ရောက် ကစားနိုင်ဖို့ MyID App ကို မဒေါင်းရသေးဘူးဆိုရင်တော့ ဒီလင့်လေးကနေတစ်ဆင့် bit.ly/MyIDApp ဝင်ဒေါင်းထားလို့ရပါတယ်။
ကဲ အားလုံးလည်း Mytel ရဲ့ ၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုရင်း “Fight COVID-19 Together” ဆိုတဲ့ ဂိမ်းကို ဆော့ပြီး Covid 19 ကို အတူတူ တိုက်ဖျက် ချေမှန်းလိုက်ရင်း ရွှေဆုကြီးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle