သင်မသိသေးတဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေ ပေါ်ကနေ သင့်ကို အပန်းဖြေစေမယ့် ပျော်ရွှင်စေမယ့် နည်းလမ်း (၃) ခု

သင်မသိသေးတဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေ ပေါ်ကနေ သင့်ကို အပန်းဖြေစေမယ့် ပျော်ရွှင်စေမယ့် နည်းလမ်း (၃) ခု

ကဲအခုဆို ကျွန်တော်တို့ အပြင်ကိုလားလားလားလားလျှောက်မသွားပဲ အိမ်ထဲမှာပဲနေရတာ ၃လနီးပါလောက်တော့ ရှိပြီပေါ့နော်။ အဲ့၃လအတွင်းမှာပဲ ကုန်လိုက်တဲ့အကုန်ဆိုတာ အစားအသောက်လဲကုန်၊ ရေလဲကုန်၊ ဝတ်စရာအင်္ကျီလဲကုန် သလောက်ဖြစ်ကုန်ပြီ။ အင်း မကုန်နိုင်မခမ်းနိုင် ဖြစ်နေတာတစ်ခုတော့ရှိတယ် အဲ့တာကတော့အချိန်ပဲ။ ဒီကပ်ဆိုးကြီးလုပ်လို့ အခုကျွန်တော်ဆို အပေါဆုံးကအချိန်ဖြစ်နေပြီ။ ဒီလောက် ပေါများနေတဲ့ အချိန်တွေနဲ့ ဘာလုပ်ရမလဲဆိုတာ အားလုံးကိုအလင်းပြဖို့ ဒီစာရေးဖြစ်သွားတာပေါ့၊ ကျွန်တော့်အနေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေ သုံးပြီး  အချိန်တွေကို အကျိုးရှိရှိ ဘယ်လိုဖြုန်းရမလဲ - အဲမဟုတ်ပါဘူး ဘယ်လိုအသုံးချပြီး မပျင်းအောင်ဘယ်လိုနေရမလဲဆိုတာ ပြောပြသွားမှာပြဖြစ်ပါတယ်။ ကဲကဲကဲ ရှည်ရှည်ဝေးဝေးတွေ သိပ်ပြောမနေတော့ဘူး အားလုံးပဲ ဆက်ဖက်လိုက်ပါဦး။

1.Game ကစားကြပါ။
လူတိုင်း… လူတိုင်း… ကျွန်တော်တို့အယောက်တိုင်း game ဆော့ကြတယ်နော်။  အခြားလူမပြောနဲ့ အိမ်က ကျွန်တော့ မာတာမိခင်တောင် game ဆော့တာ။  သွားမစမ်းနဲ့ ကျွတ်ဆင်နော်။  ကျွန်တော်ပြောတဲ့ game ဆိုတာ အဲလို heavy game တွေအစ mini PC game, Nintendo switch, PS4 အလယ် mobile legneds တို့ PUBG တို့လို mobile game ကြီးနဲ့ mini mobile game တွေအဆုံး အကုန်အကျုံးဝင်ပါတယ်။ကဲ.. mini mobile game အကြောင်းပြောရင်းနဲ့ ဘော်ဒါတို့ကို သတင်းတစ်ခု share ဦးမယ်။  သိပ်မကြာသေးခင်ကပဲ MyID app ထဲမှာ mini game ငါးခုကိုထပ်ထည့်ပေးထားတဲ့အတွက် ဘော်ဒါတို့ game install စရာမလိုပဲ ရေမီးစုံ လေထီးခုန်လို့ရမဲ့  အခွင့်အရေးအကြောင်းလေး ပြောပြချင်တာပါ။  အဲ့ game ငါးခုက ပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမား နှင့် အအေးမိုင်းတွင်းတဲ့။  နာမည်ကြားရုံနဲ့တင် ဖျားသွားမယ် ဟဲ...ဟဲ...။  ကျွန်တော့အတွက်က MyID ရဲ့ mini game တွေဆော့ဖြစ်နေတာက ကုန်ခဲတဲ့အချိန်ကို မသိလိုက်ပဲကုန်သွားအောင် ကူညီပေးလို့ရော၊ game အမှတ်ပေးဇယားမှာ top 10 ထဲဝင်ရင် ဆုကြေးတွေရနိုင်လို့ရော ကစားဖြစ်နေတယ် ဆိုပါတော့ဗျာ။  ဆုတွေကလည်း မဆိုးဘူး မိုက်တယ်ဗျ။  အပတ်စဉ်တိုင်းမှာ  e-money မြန်မာငွေ ၅ သိန်းကျပ်ကို ပေးနေတဲ့အပြင် “Golden Pot ကံထူးရှင်” ကိုလည်း လစဉ်ပေးဦးမှာတဲ့ဗျာ။ ကဲ… ဒီထက်အဆင်ပြေတာတောင် ဒီလောက်အဆင်ပြေနိုင်ဦးမလား ပြောကြည့်စမ်းပါဦး။

ဒီ ဂိမ်းကို ဘယ်လိုမျိုး ကစားရလဲဆိုတာ တစ်ချက်ရှင်းပြပေးကြည့်မယ်ဗျာ။ ဆိုတော့ ဘော်ဒါအနေနဲ့ စကစားပြီဆိုရင် ဒင်္ဂါးတွေနဲ့ လောင်းကြေးထပ်ပြီးဆော့လို့ရသလို ဒီတိုင်း လောင်းကြေးမထပ်ပဲ အပျော်လည်းဆော့လို့ရမှာဖြစ်ပါတယ်။ အင်း လောင်းကြေးထပ်ခဲ့လို့ နိုင်ပြီဆိုရင်တော့ တစ်ဖက် ကစားသမားဆီက ဒင်္ဂါးတွေကို ရမယ့် အပြင် ချန်ပီယံရမှတ်တွေကိုလည်း ရမယ်။ ချန်ပီယံအမှတ်များများ ရလေလေ အပတ်စဉ် လစဉ်ဆုတွေ ရဖို့ အခွင့်အရေးကလည်း ပိုများလေလေပါပဲ။  ဆိုတော့ နိုင်ပွဲများလေလေ ထောလေလေပဲ။ ကိုယ့်ဆီမှာ ဂိမ်းဒင်္ဂါးတွေက များလာရင် ဘာပြန်လုပ်လို့ရလဲဆိုတော့ Mytel ဒေတာတွေ Mytel အချင်းချင်းဖုန်းပြောနိုင်တဲ့ မိနစ်တွေ ပြန်ဝယ်လို့ရမယ်။ အဲ့ bet တာများလို့ ဒင်္ဂါးတွေ ကုန်သွားခဲ့ပြီဆိုရင်လည်း  ကိုယ်ရဲ့ လက်ကျန်ငွေနဲ့ ဝယ်လို့ရမှာပါ။

2. သီချင်းနားထောင်ပါ
ပထမဦးဆုံးပြောချင်တာကတော့ သီချင်းနားထောင်ပါ။ အားလုံးတွေက်တော့မသိဘူး ကျွန်တော့်အတွက်ကတော့ တစ်နေ့တာကို သီချင်းနားမထောင်ပဲ ဘယ်လိုမှဖြတ်သန်းလို့မရဘူး။ ကျွန်တော်ကတော့ ရှေးခေတ်ကသီချင်းကနေ ဒီနေ့ခေတ်သီချင်းအထိ၊ soul၊ ballad၊ pop၊ rock၊  ဘယ်သီချင်းအမျိုးအစားပဲဖြစ်ဖြစ် ကြိုက်လဲကြိုက်တယ် နားလဲနားထောင်တယ် (ပြောချင်တာကတော့ ဘာလာလာဒေါင်းတယ်‌ဗျ 😉) ။
သီချင်းနားထောင်လို့ရတဲ့ App တွေ တော်တော်များရှိတဲ့ အထဲမှာမှ Soundcloud, Spotify, Youtube Music, Apple Music တွေကတော့ လူသိများကြပေမဲ့ လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေ ပေးရပြီးတော့ ပြည်တွင်းက သီချင်းတွေကို နားထောာင်လို့မရဘူးဆိုတဲ့ အချက်တစ်ခု ရှိနေပါတယ်။ ကျွန်တော်ကတော့ အရင်တုန်းက သီချင်းတွေကို နားထောင်ရတာကြိုက်တတ်သူ သီချင်းအစုံကြိုက်တတ်သူဆိုတော့ အဲ့လို လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေ ပေးစရာမလိုပဲ ပြည်တွင်းရော နိုင်ငံတကာက သီချင်းမျိုးစုံကို နားထောင်လို့ရမယ့် Joox တို့ MyID App တို့ လိုမျိုး App ကို သုံးကြည့်ဖို့ အကြံပေးချင်တယ်။ Joox မှာဆိုရင် ကာရာအိုကေဆိုလို့ရမယ်။ အပီဟဲလို့ရတယ်ဗျာ။ MyID မှာကျတော့ ကိုယ့်ရဲ့ အွန်လိုင်းက သူငယ်ချင်းကို ဖိတ်ခေါ်ပြီးတော့ အတူတူ သီချင်းနားထောင်တာ ဗီဒီယိုအတူတူကြည့်တာတွေပါ လုပ်လို့ရမှာပါ။ နှစ်ခုလုံးကတော့ မိုက်တယ်ဗျ။ သုံးရတာ အဆင်ပြေတယ်။

3. ဗီဒီယိုများနှင့် Live Stream များကိုကြည့်ပါ။
ကဲ… အခုချိန်ကတော့ ကြည့်မယ် ကြည့်မယ်နဲ့လုပ်ထားတဲ့ ဗီဒီယိုတွေရယ် အချိန်မရှိလို့မကြည့်ရသေးတဲ့ ဇာတ်လမ်းတွေရယ်ကို အကုန်ကြည့်ဖို့ အချိန်ကောင်းပါ။ ဗီဒီယိုတွေ ဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲအရှည်တွေပဲ မဟုတ်ဘူးနော်...Youtube ဗီဒီယိုတွေ၊ Tutorial တွေနဲ့ TikTok ဗီဒီယိုတွေအကုန်ကို ပြောချင်တာ။ ဒီလိုအချိန်မျိုးက ဗီဒီယိုတွေကနေတစ်ဆင့် ဟင်းချက်တာ၊ စက္ကူခေါက်တာ ဒါမှမဟုတ် TikTok ကစားတာမျိုး ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်တွေကို သင်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။


ပြီးတော့ နောက်တစ်ခုက  online ပေါ်ကနေ live stream တွေလည်းကြည့်ရတာလည်း ပျော်ဖို့ကောင်းတယ်လို့ မကြည့်ဖူးရင် စမ်းကြည့်စေချင်တယ်။ ကျွန်တော်ကတော့ Mobile Legends နဲ့ PUBG ဖန်ဆိုတော့ အဲ့ live stream လေးတွေ ကြည့်ပြီး လိုက်ဆော့တယ်ပေါ့ဗျာ။ ခုတလောတော့ Myanmar Game Hub ဆိုတဲ့ facebook page နဲ့ MyID app ကနေပြီး ဂိမ်း live stream တွေ meme အခွီတွေရယ် ဒီတလောကြည့်ဖြစ်နေတယ်။ အားလုံးလည်း အပျင်းပြေကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကနေ ဝင်ကြည့်လို့ရတယ်နော်။ https://www.facebook.com/myanmargamehub/
ပွင့်ပွင့်လင်းလင်းပြောရရင်  အခုဘော်ဒါတို့ရဲ့ ကုန်ခဲတဲ့အချိန်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ပြောပြ နေရင်းနဲ့မှ MyID ကအတော်ပြည့်စုံပြီး အသုံးဝင်တဲ့ app ဆိုတာကို သတိထားမိလာတာလို့ ပြောရင်ရတယ်ဗျ။  ထဲထဲဝင်ဝင်သုံးကြည့်တဲ့အခါ သူ့ထဲမှာပဲ သီချင်းနားထောင်မလား။ game livestreams ကြည့်မလား။ ဒါလည်းမကြိုက် သေးဘူးလား။  အခုနကပြောတဲ့ mini game ငါးခုကို အမုန်းဆော့လို့ရသေးတယ်။  ဆော့ရင်းအီလာပြီလား။ music video ကြည့်လို့ရသေးတယ်။  ဒါတွေတစ်ခုမှမလုပ်ချင်ဘူး သူငယ်ချင်းတွေနဲ့ စကားပြောချင်တယ် chat ချင်တယ်ဆိုလည်း MyID ကနေပဲ ဆက်သွယ်လို့ရသေးတယ်တဲ့ဗျာ။  ဒါနဲ့ MyID app ကို အခြား ဖုန်းအော်ပရေတာသုံးတဲ့ ဘော်ဒါတွေကလည်း သုံးလို့ရအောင်လုပ်ထားတဲ့အတွက် ဖုန်းနဲ့ SIM ကဒ်သာရှိရင် ဘယ်သူဖြစ်ဖြစ် သုံးလို့ရပါတယ်။  ကဲဗျာ… ကျွန်တော်ကတော့ သိသလောက်တော့ ပြောပြပြီးပြီဆိုတော့ ဘော်ဒါတို့  MyID ကို စမ်းသုံးကြည့်ပြီး chill ချင်တယ်ဆိုရင်တော့ http://onelink.to/myid ကနေ download လုပ်နိုင်ပါကြောင်း။
ဒီနေ့တော့ ဒီမျှနဲ့ပဲ ကျေနပ်လိမ့်မယ်ထင်ပါတယ်။  ကျွန်တော်ပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ အချိန်ကို ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိရှိ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။  ဘော်ဒါတို့ စိတ်ဝင်စားလောက်ပြီး အကျိုးရှိမဲ့ အကြောင်းအရာလေးတွေနဲ့ နောက်တစ်ခေါက်မှ ပြန်လာခဲ့ပါမယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle