ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို တမူထူးခြားစွာဖြည့်ဆည်းပေးနေတဲ့ MyID App

ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို တမူထူးခြားစွာဖြည့်ဆည်းပေးနေတဲ့ MyID App

အခုနောက်ပိုင်း ဒစ်ဂျစ်တယ်ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ တစ်ခုခုလုပ်ချင်ရင် "အဲဒီအတွက် ဒီအက်ပလီကေးရှင်းလေးရှိတယ်" ဆိုတဲ့စကားစုကို မကြာခဏ ကြားရလေ့ရှိပါတယ်။ တကယ်လည်း နေ့စဉ်ဘဝတွေမှာ မိုဘိုင်းအက်ပလီကေးရှင်းအဖုံဖုံကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပိုပြီးသုံးလာတာကို မြင်နေရပါတယ်။ အခုနောက်ပိုင်း တယ်လီကွန်းအော်ပရေတာတွေက သုံးတဲ့သူတွေ ပိုအဆင်ပြေစေဖို့ရည်ရွယ်ပြီး ဝန်ဆောင်မှု အသစ်တွေနဲ့ အက်ပလီကေးရှင်းတွေကို အပြိုင်မိတ်ဆက်လာကြပါတယ်။ ဒီလို ဝန်ဆောင်မှုအသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် အက်ပလီကေးရှင်းပေါင်းစုံကို ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲမှာ ဒေါင်းလုဒ်လုပ်ထားရတာက လက်တွေ့မှာ သိပ်အဆင်မပြေလှပါဘူး။ ဖုန်း storage မလောက်တာတွေ၊ အသုံးပြုနေတဲ့အချိန်တွေမှာ ဖုန်းလေးတာ အစရှိတဲ့ အဆင်မပြေမှုတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အဲလိုအခက်အခဲတွေကိုလျော့ချနိုင်ဖို့ တမူထူးခြားတဲ့ ဝန်ဆောင်မှုအမျိုးမျိုးနဲ့ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို တစ်နေရာထဲကနေ လုပ်နိုင်အောင်ပံ့ပိုးပေးနေတဲ့ တယ်လီကွန်းအက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ MyID အက်ပလီကေးရှင်း အကြောင်းကို ဝေမျှပေးချင်ပါတယ်။
MyID ကို အသုံးပြုတဲ့သူတွေအနေနဲ့ နေ့စဉ်ဘဝမှာ အက်ပလီကေးရှင်းတွေ အများကြီးမလိုတော့ပဲ MyID app တစ်ခုထဲနဲ့ လွယ်ကူရိုးရှင်းစွာဖြတ်သန်းနိုင်မှာပါ။ MyID ရဲ့ အဓိကထူးခြားချက်ကတော့ Mytel အသုံးပြုသူတွေသာမက အခြားတယ်လီကွန်း အသုံးပြုသူတွေပါ ဒီအက်ပလီကေးရှင်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် app ကို ကြိုက်တဲ့ ဖုန်းထဲမှာ ကြိုက်တဲ့ SIM card နဲ့ သုံးလို့ရနိုင်တာမျိုးပါ။ သူ့မှာပါတဲ့ Feature တွေကတော့ Social, Entertainment, Stranger, Selfcare, Loyalty စတဲ့ ကဏ္ဍတွေနဲ့ အခြား အသုံးတည့်တဲ့ဝန်ဆောင်မှုတွေအများကြီးပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီတိုင်းကမတူညီတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နိုင်ပါတယ်။  စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့  ဒီလင့်ခ် bit.ly/MyIDApp ကနေ ဒေါင်းလုဒ် လုပ်လို့ရပါတယ်။
MyID နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ကတော့ သူ့မှာပါဝင်နေတဲ့ နောက်ဆုံးပေါ် ခေတ်အမီဆုံး ဖျော်ဖြေရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပါ။ ဥပမာ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းဖြစ်တဲ့ Mobile Legends လို ဂိမ်းနဲ့ပတ်သတ်တဲ့ သီးသန့်အကြောင်းအရာတွေ၊ အပတ်စဉ်သောကြာနေ့တိုင်းရှိတဲ့ ပွဲစဉ်တွေ သာမက အရှေ့တောင်အာရှထိပ်တန်း ကစားသမားတွေရဲ့ သီးသန့် livestream တွေကို ကြည့်ရှုနိုင်အောင် ပထမဆုံးလုပ်ပေးထားနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာ ဂိမ်း ၅ မျိုးလောက်ပါတဲ့ MyID ရဲ့ဂိမ်းတွေကို ဆော့ပြီး အပတ်စဉ် ၅ သိန်းကျပ်အထိ ဆုကြေးငွေတွေ ရရှိနိုင်အောင်လုပ်ပေးထားတာကလည်း ဖျော်ဖြေရေးကဏ္ဍရဲ့ ထူးခြားချက်တစ်ချက်ပါ။
ဒါ့အပြင် မကြာသေးခင်က MyID က Viu နဲ့ ပူးပေါင်းပြီး ဖျော်ဖြေရေးကဏ္ဍကို အဆင့်မြှင့်လိုက်တာမို့ အသုံးပြုသူတွေဟာဆိုရင် လစဉ်ကြေးတွေ ထပ်ပေးဆောင်စရာမလိုပဲ ပရီမီယမ်ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အခမဲ့ကြည့်ရှုနိုင်ပါပြီ။ နောက်ထပ် Mytel အသုံးပြုတဲ့ စာဖိတ်ပရိတ်သတ်တွေအတွက် အသုံးဝင်စေမယ့် ကဏ္ဍတစ်ခုကတော့ MyID ရဲ့ Loyalty feature ပဲဖြစ်ပါတယ်။ ဒီကဏ္ဍထဲမှာဆိုရင်တော့ Mytel သုံးတဲ့သူတွေက Mytel ဝန်ဆောင်မှုတွေသုံးရင်း point တွေရမှာဖြစ်ပါတယ်။  ရလာတဲ့ Point တွေကိုစုပြီး တယ်လီကွန်းဆုတွေ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်ပေါင်းများစွာသော နာမည်ကြီး brand တွေရဲ့ ကူပွန် voucher တွေကိုလည်း ဆုတွေအနေနဲ့  လဲနိုင်ပြီလို့ သိရပါတယ်။ နောက်ထပ်လည်း ဒီကဏ္ဍမှာဆိုရင် အသုံးပြုသူတွေအနေနဲ့ အကောင့်လက်ကျန်ငွေကို စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်း (သို့) packages များဝယ်ယူခြင်းတွေအပြင် အကောင့်တွေ အများကြီးကိုလည်း တစ်နေရာတည်းမှာ အလွယ်တကူစီမံနိုင်ပါတယ်။
ယခု ဇွန်လအတွင်း မကြာသေးခင်က Mytel ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထပ်မိတ်ဆက်လိုက်တဲ့ “Fight COVID-19 Together” ဆိုတဲ့ ဆုကြေးရွှေ ၂၂ ကျပ်သားကို ကံစမ်းနိုင်မယ့် မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်သစ်တို့ကြောင့် ဂိမ်းဆော့ရတာ ဝါသနာပါတဲ့သူတွေအနေနဲ့လည်း MyID အက်ပလီကေးရှင်းတစ်ခုထဲနဲ့ game တွေကို အဆင်ပြေပြေ ကစားနိုင်မှာပါ။ ဒီဂိမ်းအစီအစဉ်မှာဆိုရင်တော့ ဆုကြေးရွှေ ၂၂ ကျပ်သားအပြင် ထောင်ပေါင်းများစွာသော ဆုကြေးငွေတွေအပြင် အခြားတယ်လီကွန်းဆုတွေလည်း ပါရှိနေပါတယ်။
ဒီလိုမျိုး အသုံးပြုသူတွေအတွက် အကျိုးရှိစေပြီး တစ်နေရာထဲမှာ သူမတူတဲ့ ဘက်စုံဝန်ဆောင်မှုတွေကို  စုံလင်စွာ ပံ့ပိုးပေးနိုင်နေတာကြောင့် MyID အက်ပလီကေးရှင်းဟာ စတင်မိတ်ဆက်ပြီး ပထမလအတွင်းမှာပဲ အသုံးပြုသူပေါင်း ၃ သိန်းကျော်ရှိခဲ့တာဖြစ်ပြီး စတင်မိတ်ဆက်ပြီး ၇လအကြာ ဒီနေ့မှာဆိုရင် နေ့စဉ်အသုံးပြုသူ ၂ သန်းကျော်အထိရှိလို့နေပါပြီ။ ကဲ… အခုတော့ စာဖတ်ပရိတ်သတ်ကြီးထဲမှာ MyID app ကို စမ်းမသုံးကြည့်ရသေးတဲ့သူရှိတယ်ဆိုရင် ဖုန်းလေးတာတွေ၊ storage မလောက်တာတွေ ဒီလိုအခက်အခဲတွေ လျော့နည်းသွားအောင် အသုံးသိပ်မလိုမယ့် app တွေအများကြီးအစား MyID app ကို install ပြီး စမ်းသုံးကြည့်ကြဖို့ အကြံပြုရင်း နိဂုဏ်းချုပ်လိုက်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle