'' နွေရာသီနှင့် အပူရှပ်ခြင်းအန္တရာယ်အတွက် ဆောင်ရန်ရှောင်ရန် ''

'' နွေရာသီနှင့် အပူရှပ်ခြင်းအန္တရာယ်အတွက် ဆောင်ရန်ရှောင်ရန် ''

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဒီနှစ်ထဲမှာ နေပူချိန်ကလည်း သိသိသာသာမြင့်တက်နေပါတယ်။အပူရှိန်လွန်ကဲခြင်းကြောင့် ဖြစ်တဲ့ အပူရှပ်ခြင်းအန္တရာယ်ကလည်း ရှိနေပါသေးတယ်။ဒီတော့ အပူရျပ်ခြင်းနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးခြင်းပါတယ်။

Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းက ခန္ဓာကိုယ်က အပူချိန်ကို မထိန်းနိုင်တော့သည့်အခါ ဖြစ်ပေါ်တတ်တဲ့ အပူနှင့်ဆိုင်တဲ့ အပြင်းထန်ဆုံးရောဂါဖြစ်ပြီး အများအားဖြင့် အပူချိန်နှင့် ကြာရှည်စွာ ထိတွေ့ခြင်း သို့မဟုတ် မြင့်မားသော အပူချိန်များတွင် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့အခါမှာဖြစ်လေ့ရှိပါတယ်။ခန္ဓာကိုယ်ရဲ့  အပူချိန်ဟာ လျင်မြန်စွာ တက်လာပြီး ချွေးထွက်သည့် လုပ်ငန်းစဉ် ပျက်သွားကာ ခန္ဓာကိုယ်က အေးမြမှု မရှိတော့ပဲ  အပူဒဏ်ကြောင့် 10မိနစ်မှ 15မိနစ်အတွင်း  ခန္ဓာကိုယ်အပူချိန် 106°F အထိ မြင့်တက်လာနိုင်ပါတယ်။ဒါဟာ အပူရှပ်ခြင်းဖြစ်ပြီး အပူဒဏ်ကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို လျင်မြန်စွာ ပျက်စီးစေနိုင်ပြီး ပျက်စီးမှုက ပိုဆိုးလာလေလေ ကုသမှု နှောင့်နှေးလေလေ၊Heat stroke (အပူရှပ်ခြင်း)က သေဆုံးသည်အထိ ပါဖြစ်နိုင်တာမို့လို့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။

အပူရှပ်ခြင်း လက္ခဏာများမှာ-

1.အလွန်မြင့်မားသောခန္ဓာကိုယ်အပူချိန်(103 ဒီဂရီ နှင့် ထိုထက် မြင့်မားခြင်း)

2.ချွေးမထွက်ခြင်း (အလွန်ပူပြင်းသောအခြေအနေမှာတောင် ခန္ဓာကိုယ်က ချွေးမထုတ်တော့ခြင်း)သို့မဟုတ် ချွေးထွက်များခြင်း။

3.စိတ်ရှုပ်ထွေးခြင်း

4.လျင်မြန်သောသွေးခုန်နှုန်း

5.တက်ခြင်း၊တတ်ခြင်း ၊ သတိလစ်ခြင်း,ကုသမှု နောက်ကျရင် ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

အပူရှပ်ပြီဆိုရင်ဘာတွေလုပ်သင့်လဲ?

-အရိပ်ရသောနေရာ၊နေအေးတဲ့နေရာသို့ သွားပေးပါ။

-အဝတ်များထူထဲနေပါက ချွတ်ပေးပါ။

-လူနာကို တတ်နိုင်သလို အေးအောင်လုပ်ပေးပါ။(ရေတိုက်ခြင်း၊လေရအောင်ပြုလုပ်ပေးခြင်း

-နီးစပ်ရာဆေးရုံ၊ဆေးခန်းအမြန်ဆုံးသွားပါ။

ပူပြင်းသော ရာသီဥတုတွင် အပူရှပ်ခြင်းမှ ကြိုတင်ကာကွယ်ရန် အတွက် ဒါတွေကိုပြုလုပ်ပါ။

1.ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ဆင်ပါ။ထူထူထဲအဝတ်အစား တွေနဲ့ တင်းကျပ်စွာလိုက်ဖက်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ခြင်းက ခန္ဓာကိုယ်ကို အေးမြစေမှာမဟုတ်ပါဘူး။

2.နေလောင်ဒဏ်ကိုကာကွယ်ပါ။

နေပူရှိန်က ခန္ဓာကိုယ်ရဲ့ အအေးခံနိုင်စွမ်းကို ထိခိုက်စေတာကြောင့် အပြင်သွားတဲ့အခါ ထီး၊ဦးထုပ်နှင့် နေကာမျက်မှန်တို့ဖြင့် သင့်ကိုယ်သင် ကာကွယ်ပြီး SPF 15 ထက်မနည်းရှိတဲ့ Sunscreenကို အသုံးပြုပါ။

3.ရေများများသောက်ပါ။

ဒါကတော့ အရေးကြီးဆုံးအချက်ပါပဲ။ရေခဲရေမဟုတ်ဘဲ ပုံမှန်ရေကိုများများသောက်ပေးပါ။ချွေးထွက်များတဲ့အချိန်တွေမှာဆိုရင် ‌ဓာတ်ဆားရေသောက်သုံးပေးနိုင်ပါတယ်။ရေဓာတ်ရှိနေခြင်းက ခန္ဓာကိုယ်ကို ချွေးထွက်စေပြီး ပုံမှန်ကိုယ်အပူချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ရှောင်ရန်အချက်​တွေက​တော့~

1.အရက်သောက်ခြင်းက တတ်နိုင်သမျှဆင်ခြင်ပါ။အရက်သောက်ခြင်း က ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

2.နေပူအပြင်းဆုံးအချိန်တွေမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်းကိုရှောင်ပါ။ပူပြင်းတဲ့ ရာသီဥတုမှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို မရှောင်နိုင်ရင် အရည်များများ သောက်ပြီး အေးမြတဲ့ နေရာမှာ မကြာခဏ အနားယူပါ။ နံနက်စောစော ဒါမှမဟုတ် ညနေပိုင်းကဲ့သို့ သော နေအေးတဲ့အချိန်တွေမှာ သာ လေ့ကျင့်ခန်းပြုလုပ်ပါ။

3.နောက်ထပ်တစ်ချက်ကတော့ နေပူထဲမှာ ရပ်ထားသည့်ကားထဲမှာ မည်သူကိုမျှ မထားခဲ့ပါနှင့်။ နေပူပြင်းပြင်း ၏ထဲတွင် ရပ်ထားသည့်အခါ ကားရဲ့ အပူချိန်က 10 မိနစ်အတွင်း 20 ဒီဂရီ F (11 C ထက်ပိုပြီး ) မြင့်တက်နိုင်ပါတယ်။ဒါက အပူနဲ့ဆက်စပ်ပြီး သေဆုံးရတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါ။