အိပ်ခန်းပေါင်း ၁၇ ခန်း ပါဝင်တဲ့ စံအိမ်ကြီးကို ဝယ်ယူခဲ့တဲ့ TI ၂ ထပ်ကွမ်း ချန်ပီယံ Notail

အိပ်ခန်းပေါင်း ၁၇ ခန်း ပါဝင်တဲ့ စံအိမ်ကြီးကို ဝယ်ယူခဲ့တဲ့ TI ၂ ထပ်ကွမ်း ချန်ပီယံ Notail

ကမ္ဘာ့အချမ်းသာဆုံး Esports ကစားသမားဖြစ်တဲ့ Johan “N0tail” Sundsetin ကတော့ ပြိုင်ပွဲတွေကနေ ရရှိတဲ့ အမြတ်ငွေထဲက တချို့ကို ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်ရှိ အိပ်ခန်းပေါင်း ၁၇ ခန်း ပါဝင်တဲ့ နေအိမ် တစ်လုံး ဝယ်ယူရာမှာ အသုံးပြုခဲ့ပါတယ်။ TI နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ဦးဖြစ်တဲ့ Notail အနေနဲ့ BBC နဲ့ ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ အဆိုပါ အိမ်အတွက် ကုန်ကျစရိတ် စုစုပေါင်းကို အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။

“ကျွန်တော် အိမ်အတွင်း ပရိဘောဂတွေ၊ အနည်းငယ် ပြုပြင်မွမ်းမံမှုတွေ အတွက် စုစုပေါင်း ဒေါ်လာ ၄ သိန်းနီးပါး အသုံးပြုပြီးပြီ ဖြစ်သလို နောက်ထပ် ဒေါ်လာ ၃ သိန်းလောက် ထပ်ပြီးတော့ အသုံးပြုသွားဖို့လည်း စဉ်းစားထားပါတယ်။ အိမ်ရဲ့ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁.၅ သန်းခန့် တန်ကြေးရှိပါတယ်။ အပြီးအစီး ကန်ဒေါ်လာ ၂ သန်းကျော် ကုန်သွားတယ်လို့ ပြောရမှာပေါ့ဗျာ။”

Notial ဟာ ဆိုရင် ကမ္ဘာ့အချမ်းသားဆုံး Esports ကစားသမား အဖြစ် ရပ်တည်လျက် ရှိသလို ပြိုင်ပွဲတွေကနေ တစ်ဆင့် ဆုကြေးငွေ ကန်ဒေါ်လာ ၇.၄ သန်းခန့် ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Notail အနေနဲ့ OG Dota2 အသင်းနဲ့အတူ The International 2018, The International 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Major ပြိုင်ပွဲ လေးပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Notial အနေနဲ့ အခုလို လစ္စဘွန်းမှာ အိမ်ဝယ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်း၊ Esports လောကထဲကို ဝင်ရောက် လာဖြစ်တဲ့ အကြောင်းအရင်းတွေကို အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“အဓိကကတော့ ပေါ်တူဂီနိုင်ငံရဲ့ နွေးထွေးတဲ့ ရာသီဥတုကို ကျွန်တော် အတော်လေး သဘောကျပါတယ်။ ဒါကြောင့် ယခုအိမ်ကို ဝယ်ယူဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် လူမှန်းသိတတ်စ အရွယ်က စတင်ပြီး ဂိမ်းကစားရတာကို နှစ်သက် မြတ်နိုးခဲ့တယ်။ အသက် ၁၃၊ ၁၄ နှစ်မှာ ကျောင်းကနေ အိမ်ပြန်ရောက်တာနဲ့ ဂိမ်းကစားခြင်းနဲ့ပဲ အချိန် အများစုကို ကုန်ဆုံးစေခဲ့ပါတယ်။

ကလေးဘဝထဲက တစ်နေ့ကို ၁၂ နာရီခန့် ဂိမ်းကစားလေ့ရှိပြီး ကျောင်းပိတ်ရက်တွေမှာ နာရီ ၂၀ လောက် ဂိမ်းကစားလေ့ ရှိပါတယ်။ ကျွန်တော့် အမေကတော့ ကျွန်တော့် ကျန်းမာရေး၊ ပညာရေးနဲ့ ပက်သက်ပြီး စိတ်ပူတာပေါ့ဗျာ။ အသက် (၁၅) နှစ်လောက်က စပြီး ကျွန်တော် ပညာရေးမှာ အတော်လေး အားနည်းလာခဲ့တယ်။ အသက် ၁၇ လောက်မှာ ကျွန်တော် ကျောင်းထွက်ပြီး ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ စတင် ဆုံးဖြတ်ခဲ့ပါတယ်။”

ကစားသမားဘဝကနေ အနားယူချိန်မှာ နည်းပြဘဝနဲ့ ဆက်လက် မြင်တွေ့သွားရမလား ဆိုတာနဲ့ ပက်သက်ပြီး မေးမြန်းခဲ့ရမှာတော့ Notail အနေနဲ့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော့်အတွက် အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့် အသက်က တစ်နှစ်ထက် တစ်နှစ် ပိုကြီးလာတာ အမှန်ပဲ ဖြစ်ပေမယ့် ကျွန်တော် ကစားသမား ဘဝနဲ့ ဆက်လက် ရပ်တည်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ ကျွန်တော်က Mechanical Skill အရ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး မဟုတ်ပေမယ့် အသင်း အောင်မြင်ဖို့ အတွက် ဘယ်လို လုပ်ဆောင်သွားရမယ် ဆိုတာကို သိရှိတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ကစားသမား အဖြစ်နဲ့ အချိန်အကြာကြီး ဆက်လက် ရပ်တည်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle