LoL က Dota 2 ထက် သာလွန်ကြောင်း ပြောကြားချက်အပေါ် ပြန်လည် တုံ့ပြန်သွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

LoL က Dota 2 ထက် သာလွန်ကြောင်း ပြောကြားချက်အပေါ် ပြန်လည် တုံ့ပြန်သွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

ကမ္ဘာ့အကောင်းဆုံး MOBA ဂိမ်းများ အဖြစ် လူအများ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြတဲ့ League of Legends နဲ့ Dota 2 အကြားမှ တိုက်ပွဲတွေကတော့ တဖြည်းဖြည်းနဲ့ ပိုမို ပြင်းထန်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နေ့တုန်းက ပရိုဖက်ရှင်နယ် LoL ကစားသမား Yiliang “Doublelift” Peng အနေနဲ့ League of Legends က Dota 2 ထက် ပိုမို သာလွန်ကြောင်း၊ သူ့အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ခံယူသွားဖို့ အရင်ကတည်းက စိတ်ကူးမရှိကြောင်း ထုတ်ဖော် ပြောကြားမှုနဲ့အတူ တိုက်ပွဲကို စတင်ခဲ့ပါတယ်။

Double Lift

ယခုအခါမှာတော့ The International 2018, 2019 ပြိုင်ပွဲတွေမှာ ၂ နှစ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Notail အနေနဲ့ Doublelift ရဲ့ ပြောကြားချက်ကို ပြန်လည် တုံ့ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Notail အနေနဲ့ Doublelift ရဲ့ ပြောကြားချက်များကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလို ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်လည်း LoL ကို ပထမဆုံး ကစားတဲ့ အချိန်ကတည်းက ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့ပါတယ်။ ပြီးတော့ အမှန်အတိုင်း ပြောရရင် မိနစ် ၃၀ ဝန်းကျင်အထိ Hero Kill ၄ ကောင်၊ ၅ ကောင်ပဲ ရှိသေးတာက သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ Lane ပေါ်မှာ အမြဲတမ်း ထိုင်နေပြီး Creep စားလိုက်၊ ပြိုင်ဘက်ကို အနှောင့်အယှက်ပေးလိုက် လုပ်နေရုံနဲ့ ကျေနပ်နေရမယ် ဆိုရင်တော့ ကျွန်တော့်အတွက် အဆင်မပြေဘူးဗျ။"

ဒါ့အပြင် Notail အနေနဲ့ နာမည်ကျော် LoL ကစားသမား အချို့နဲ့ ဆက်သွယ်ပြီး ဂိမ်းနှစ်ခု အကြားက ကွာဟချက်တွေ၊ ကောင်းကျိုး ဆိုးကျိုးတွေကို ဆွေးနွေးခဲ့ကြောင်းကိုလည်း ထပ်မံ ပြောကြားသွားခဲ့သလို မကြာမီ အချိန်အတွင်းမှာ Dota 2 နဲ့ LoL အကြောင်း အသေးစိတ် ဆွေးနွေးမှုတွေကို ဖော်ပြသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Notail ရဲ့ League of Legends အပေါ် ပြန်လည် တိုက်ခိုက်မှုများ အပေါ် Doublelift ဘက်က လက်ရှိအချိန်ထိ ပြန်လည် တုံ့ပြန်ခဲ့ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် Notail အနေနဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ The International ပြိုင်ပွဲကြီးမှာ ၂ နှစ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲထားခဲ့ပေမယ့် Doublelift ကတော့ LoL လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ World Championship ပြိုင်ပွဲမှာ စတုတ္ထဆုသာ အမြင့်ဆုံး အနေနဲ့ ရရှိဖူးတာကြောင့် အောင်မြင်မှုခြင်း နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ Doublelift က Notail ထက် တစ်ဆင့်နိမ့်နေတာ အမှန်ပါပဲ။

Notail

ဒါကြောင့် Doublelift အနေနဲ့ Notail ရဲ့ တိုက်ခိုက်မှုများ အပေါ် ဘယ်လို ပြန်လည် တုံ့ပြန်သွားမယ် ဒါမှမဟုတ် နာမည်ကျော် LoL ကစားသမား တစ်ဦးဦးက Notail ရဲ့ ပြောကြားချက်များကို ဘယ်လို ပြန်လည် ချေပသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle