မကြာခင် အချိန်အတွင်း OG Dota2 အသင်းနဲ့အတူ Topson ကို ပြန်လည် မြင်တွေ့ရတော့မည်

မကြာခင် အချိန်အတွင်း OG Dota2 အသင်းနဲ့အတူ Topson ကို ပြန်လည် မြင်တွေ့ရတော့မည်

OG Dota2 အသင်းရဲ့ Mid Lane ကစားသမားလည်းဖြစ်၊ TI နှစ်ထပ်ကွမ်းချန်ပီယံ ကစားသမားလည်းဖြစ်တဲ့ Topson အနေနဲ့ ချစ်သူရှိရာ မလေးရှား နိုင်ငံကို သွားရောက် လည်ပတ်ရာကနေ တစ်ဆင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါမှာတော့ OG Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Notail ရဲ့ ပြောကြားချက်များအရ Topson တစ်ယောက် မကြာခင် အချိန်အတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်တော့မှာဖြစ်တဲ့ အကြောင်းကို နာမည်ကျော် Dota2 Streamer Gorgc ရဲ့ Streaming Session တစ်ခုမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“သတင်းကောင်း တစ်ခု ပြောစရာ ရှိပါတယ်။ အသင်းနဲ့ အချိန်အကြာကြီး ဝေးကွာနေတဲ့ ကစားသမား တစ်ဦးကို မကြာခင် အချိန်အတွင်း ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်လည်း အတော်လေးကို စိတ်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း ပြန်ရောက်မယ်လို့တော့ သိထားပါတယ်။ ရက်အတိအကျကို မပြောနိုင်သေးပေမယ့်လည်း Topson တစ်ယောက် သေချာပေါက် ပြန်လာမယ် ဆိုတာကတော့ ကျိန်းသေသွားပြီ ဖြစ်ပါတယ်။

Topson ရဲ့ စွမ်းဆောင်ရည် ပိုကောင်းလားမလား၊ ဆိုးလာမလား ဆိုတာကိုတော့ အတိအကျ ပြောနိုင်မှာ မဟုတ်ပေမယ့် သူလည်းပဲ EU Pub Games တွေကို လွမ်းနေလောက်ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ EU Pub Games တွေက အကောင်းဆုံးပဲလေ။ အဆိုးဆုံးကတော့ NA Pub Games တွေပေါ့။ NA Pub Games တွေမှာဆိုရင် အကြောင်းပြချက် စိတ်ဆိုးနေတဲ့ ကစားသမားတွေ၊ အဆိပ်အတောက် ကစားသမားတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒါတောင်မှ Immortal Rank 1000 အထက်မှာနော်။ တကယ်ကို အခြေအနေ ဆိုးဝါးလွန်းပါတယ်။”

ဒါ့အပြင် Topson အနေနဲ့ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်တော့မှာ ဖြစ်ကြောင်းကို Instagram က‌နေ တစ်ဆင့် အရိပ်အမြွက် ပြောကြားသွားခဲ့ပြီ ဖြစ်တာကြောင့် OG.Topson ရဲ့ ကစားဟန်တွေကို လွမ်းနေတဲ့ ပရိသတ်တွေ အတွက်တော့ တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle