Dota2 အပေါ် အမြဲတမ်း စိတ်အားထက်သန်နေရခြင်းရဲ့ အကြောင်းအရင်းကို ပြောပြသွားခဲ့တဲ့ N0tail

Dota2 အပေါ် အမြဲတမ်း စိတ်အားထက်သန်နေရခြင်းရဲ့ အကြောင်းအရင်းကို ပြောပြသွားခဲ့တဲ့ N0tail

Dota2 လောကရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်တဲ့ The International ဆုဖလားကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ပြိုင်ပွဲတွေမှာ စိတ်အားထက်သန်မှု အပြည့်နဲ့ အစွမ်းကုန် ကြိုးစားလျက်ရှိတဲ့ ကစားသမားကို ပြောပါဆိုရင် N0tail လို့ ပြောရမယ် ထင်ပါတယ်။

N0tail အနေနဲ့ 2021 DPC S1 EU Upper Division ရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ Tundra Esports (Ex Mud Golems) ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး အင်တာဗျူး အစီအစဉ်မှာ Dota2 အပေါ် အမြဲတမ်း စိတ်အားထက်သန်နေရခြင်းရဲ့ အကြောင်းအရင်းကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်က Dota2 ကစားဖို့ အတွက် မွေးဖွားလာတဲ့ လူသားတစ်ဦးပါ။ ကျွန်တော့် တစ်နေ့တာကို များသောအားဖြင့် အိပ်မယ်၊ စားမယ်၊ Dota2 ကစားမယ်နဲ့ပဲ ဖြတ်သန်းလေ့ ရှိပါတယ်။ အခုချိန်ထိ Dota2 အပေါ် စိတ်အားထက်သန်လျက် ရှိသလို ဘယ်အချိန်မှာ Dota2 အပေါ် စိတ်ကုန်သွားမလဲ ဆိုတာကိုတော့ မပြောတတ်ဘူးဗျ။

Dota2 က အမြဲတမ်း ပြောင်းလဲနေတာကြောင့်လည်း အခုလို Dota2 အပေါ် စိတ်မကုန်နိုင်သေးတာလို့ ထင်မိပါတယ်။ အခုဆိုရင် Shards တွေ ပေါ်လာပြီလေ။ Shards တွေ ပေါ်လာတာကို ကျွန်တော် အတော်လေး သဘောကျမိပါတယ်။ အခုလို ကောင်းမွန်တဲ့ ဂိမ်းတစ်ခုကို ကစားခွင့် ရရှိတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ကံကောင်းတဲ့ လူသားတစ်ဦးလို့ ခံယူထားပါတယ်။

IceFrog အပါအဝင် Dota2 အဖွဲ့သားတွေ အနေနဲ့လည်း ဆယ်စုနှစ် တစ်ခု ကြာမြင့်တဲ့ အထိ Dota2 ကို အမြဲတမ်း သစ်လွင်နေအောင် ကြိုးပမ်း ဖော်ဆောင်လျက် ရှိကြပါတယ်။ ကျွန်တော် အခုလို စိတ်အားထက်သန်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း Dota2 ကိုက ကစားရတာ အင်မတန်ကို ကျေနပ်အားရဖို့ ကောင်းလွန်းတဲ့ ဂိမ်းတစ်ခု ဖြစ်နေတာကြောင့်လို့ ပြောလို့ရမယ် ထင်ပါတယ်။

ကျွန်တော် တခြားဂိမ်းတွေ ကစားကြည့်တယ်။ ဒါပေမယ့်လည်း တစ်နာရီ၊ နှစ်နာရီလောက် ကြာတာနဲ့ Dota2 ပဲ ပြောင်းလဲ ကစားဖြစ်ခဲ့တယ်။ ကျွန်တော့်ကို ချစ်တဲ့သူတွေ၊ မုန်းတဲ့သူတွေ၊ နောက်ပြီးတော့ ခင်ဗျားတို့လို Dota2 အပေါ် အခြားနည်းလမ်း တစ်ခုနဲ့ ပေးဆပ်နေတဲ့သူတွေက ကျွန်တော့်အတွက် Dota2 အပေါ် စိတ်အားထက်သန်မှုတွေကို တိုးပွားလာစေတယ်လို့လည်း ယုံကြည်မိပါတယ်။”

N0tail အပါအဝင် OG Dota2 အဖွဲ့သားတွေ အနေနဲ့ လက်ရှိအချိန်မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ Nikobaby ဦးဆောင်တဲ့ Alliance Dota2 အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle