အွန်လိုင်းပြိုင်ပွဲတွေနဲ့ LAN ပြိုင်ပွဲတွေ အကြား ကွာခြားချက်ကို ပြောကြားသွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

အွန်လိုင်းပြိုင်ပွဲတွေနဲ့ LAN ပြိုင်ပွဲတွေ အကြား ကွာခြားချက်ကို ပြောကြားသွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

OG Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Notail အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ LAN ပြိုင်ပွဲတွေနဲ့ အွန်လိုင်းပြိုင်ပွဲတွေ အကြား ကွဲခြားချက်တွေ၊ လော့ခ်ဒေါင်း ကာလ အတွင်း နေထိုင် စားသောက်မှု ပုံစံတွေ၊ COVID-19 ကြောင့် Dota2 လောက အတွင်း ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ပြောကြားသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် LAN ပြိုင်ပွဲတွေကို အတော်လေး လွမ်းမောမိပါတယ်။ ဒါပေမယ့်လည်း အခုလို မထင်မှတ်ဘဲ အိမ်တွင်းအောင်း နေရတော့လည်း အရင်တုန်းက မလုပ်ဖြစ်ခဲ့တဲ့၊ အချိန်မပေးဖြစ်ခဲ့တဲ့ ကိစ္စတွေကို အတိုးချ ပြုလုပ်ဖြစ်ခဲ့ပါတယ်။

များသောအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်လိုက်၊ ဟင်းတွေချက်ပြုတ်လိုက်၊ ဂိမ်းကစားလိုက်၊ အိပ်ချိန် ပုံမှန်ဖြစ်အောင် ကြိုးစားလိုက်နဲ့ တစ်နေ့တာကို ကုန်ဆုံးလေ့ ရှိပါတယ်။ ကျွန်တော်တို့ Esports ကစားသမားတွေက အထိုင်များတဲ့ အတွက်ကြောင့် အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်ကြဖို့ အကြံပေးချင်ပါတယ်။

ကျွန်တော့် တစ်ဦးတည်း အမြင်အရတော့ အွန်လိုင်း ပြိုင်ပွဲတွေထက်စာရင် LAN ပြိုင်ပွဲတွေကို ပိုပြီးတော့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း အရင်ကဆို အိမ်မှာနေရင်း ဂိမ်းဆော့ရတဲ့ အခါမှာ မနိုင်လို့ မဖြစ်ဘူးဆိုတဲ့ ခံစားချက်မျိုးကို ရရှိခဲ့ခြင်း မရှိပါဘူး။ အခုကျတော့ ဒီပွဲစဉ်က အရေးကြီးတယ်၊ အကောင်းဆုံး ကစားနိုင်မှဖြစ်မယ် ဆိုတဲ့ စိတ်လှုပ်ရှားမှုမျိုးကို ခံစားလာရပါတယ်။ တဖြည်းဖြည်းနဲ့တော့ အွန်လိုင်းပြိုင်ပွဲတွေနဲ့ အသားကျလာမယ်လို့ ထင်မိပါတယ်။

Dota2 လောကရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ပြောရတဲ့ အခါတိုင်းမှာ အလိုလို ဝမ်းနည်းလာမိပါတယ်။ 2019-2020 DPC ရာသီ ဘယ်အချိန် ပြီးဆုံးမယ် ဆိုတာကို မသိသေးသလို ကျန်ရှိနေတဲ့ ၂၀၂၀ ခုနှစ်အတွင်း LAN ပြိုင်ပွဲတွေ ပြန်လည် ကစားခွင့် ရရှိမလား ဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။

ဒါပေမယ့်လည်း သေချာတာ တစ်ခုကတော့ Dota2 တည်ရှိနေသေးသရွေ့ OG အသင်းသားတွေ အနေနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ TI ပြိုင်ပွဲ မကျင်းပ ဖြစ်တော့ဘူး ဆိုရင်တော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မယ့်၊ TI ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ လက်စွမ်းကောင်းတွေ ရှိနေသေးကြောင်း ပြသနိုင်မယ့် ပြိုင်ပွဲတစ်ခုလောက် ပေါ်ထွက်လာဖို့ အတွက်တော့ မျှော်လင့်မိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle