ပွစိပွစိပြောတဲ့မိဘတွေကြောင့် သားသမီးတွေပိုပြီးအောင်မြင်တာ အမှန်တကယ်ပါ

ပွစိပွစိပြောတဲ့မိဘတွေကြောင့် သားသမီးတွေပိုပြီးအောင်မြင်တာ အမှန်တကယ်ပါ

လူရယ်လို့ဖြစ်လာတာနဲ့ အမေ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့ကြရတယ်။ ဒါကြောင့် အမေအဖေတွေရဲ့ပွစိပွစိဆူပူစကားတွေကို ဘယ်တုန်းကမှရှောင်လွှဲလို့မရခဲ့ဘူးပေါ့။ အမေတွေဆိုရင် အမြဲလိုလိုပဲ အခန်းရှုပ်တာကအစ ဆံပင်ပုံမကျတာကအဆုံး ပြောလို့မဆုံးနိုင်ဘူးလေ။ ဒါပေမယ့် ဒီလိုမိဘတွေကြောင့်ပဲ သားသမီးတွေက အောင်မြင်နေကြတာလို့ University of Essex ရဲ့ လေ့လာချက်အရ သိရတယ်။

လေ့လာချက်အရ မိဘတွေကနေ အရမ်းမျှော်မှန်းထားတဲ့ သားသမီးတွေက အသက်ကြီးလာတဲ့အခါ အောင်မြင်တဲ့သူတွေဖြစ်လာတာကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ မိဘတွေကအများကြီးမျှော်လင့်ထားတာကြောင့် ကိုယ့်သားသမီးအတွက်ပိုဖြည့်ဆည်းပေးတယ် ၊ ပိုပြီးတော့အနစ်နာခံပေးတယ် ၊ ပိုပြီးတော့တွန်းပို့တယ်။ ဒီလိုတွန်းပို့မှုတွေက သားသမီးတွေအတွက်တစ်ခါတလေမှာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုပေမယ့် ဒီမျှော်မှန်းချက်တွေကသားသမီးတွေကို တစ်ထောင့်တစ်နေရာကနေ လွှမ်းမိုးနေပါတယ်။ ဒါကြောင့် “ငါ့အမေကလည်းတစ်ချိန်လုံးပွစိပွစိနဲ့ ငါ့အဖေကလည်းအမြဲဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့ ပြောနေတာပဲလို့” ဘယ်လိုခံစားနေရပါစေ သူတို့ဒီလိုဖြစ်စေချင်ရင် ငါဒီလိုဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ ခံစားချက်လေးကလည်း သားသမီးတွေဆီမှာ ကိန်းအောင်းနေပါတယ်။ ဒါတွေကြောင့် မိဘတွေကအရမ်းတွန်းပို့တာခံရတဲ့ သားသမီးတွေက သူတို့မိဘတွေဖြစ်စေချင်တာကိုလိုက်လုပ်ရင်းနဲ့ ပိုပြီးတော့အောင်မြင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြတယ်တဲ့။

ကိုယ့်မိဘကအမြဲပွစိပွစိပြောတိုင်း စိတ်အလိုမကျနဲ့တုန့်ပြန်ပြောနေသေးတယ်ဆိုရင် သူတို့ဘက်ကိုနည်းနည်း ငဲ့ကြည့်ပေးလိုက်ပါ။ သူတို့ကလည်းဖြစ်စေချင်လို့ ပြောတာဆိုတာပဲလေ။ ဆူတယ်ဆိုတာချစ်လို့ ဂရုစိုက်လို့မဟုတ်ဘူးလား။ ဒါကြောင့် အမေအဖေတွေက ပွစိပွစိပြောနေရင်တောင် ပြန်ခံမပြောဘဲနားထောင်ပေးလိုက်ပါ။ သူတို့ပြောတဲ့အတိုင်းလိုက်လုပ်တာမလုပ်တာကတော့ တစ်ကဏ္ဍပေါ့နော်။

Photo Credit- Redefine

Source: Mental Floss

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle