Fly to Moon အဖွဲ့သားတွေကို Na’Vi Dota2 အသင်းအတွက် ခေါ်ယူလိုက်ပြီ

Fly to Moon အဖွဲ့သားတွေကို Na’Vi Dota2 အသင်းအတွက် ခေါ်ယူလိုက်ပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြ အပါအဝင် ကစားသမား သုံးဦးကို ထုတ်ပယ်ခဲ့တဲ့ နာမည်ကျော် Dota2 အသင်း Na’Vi ကတော့ ယခုအခါမှာ အသင်းရဲ့ လက်ကျန်ကစားသမား နှစ်ဦးကိုပါ ထပ်မံ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ လက်ကျန်ကစားသမား နှစ်ဦးဖြစ်တဲ့ Immersion နဲ့ illias တို့ကို ထုတ်ပယ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ CIS အခြေစိုက် Dota2 အသင်း Fly to Moon ရဲ့ ကစားသမားတွေကို Na’Vi Dota2 အသင်း အတွက် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Na’Vi Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Aleksey “xaoc” Kucherov ကတော့ FTM Dota2 အဖွဲ့သားတွေကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“FTM Dota2 အသင်းသားတွေဟာ မည်သည့်အဖွဲ့အစည်း လက်အောက်ခံ အဖြစ်မှ ရပ်တည်ခြင်း မရှိ၊ လစာရရှိခြင်း မရှိဘဲ အတူတကွ ကစားနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို အထောက်အပံ့တွေ မရှိဘဲ ရပ်တည်ခဲ့ပေမယ့် FTM အဖွဲ့သားတွေဟာ ပြိုင်ပွဲအများစုမှာ ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့သလို ချန်ပီယံဆု အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

RodjER

ကျွန်တော်တို့ CIS Dota2 လောကမှ အထောက်အပံ့ မရှိဘဲ ကာလရှည် ရပ်တည်နိုင်တဲ့ Dota2 အသင်းဆိုတာ အတော်လေးကို ရှားပါးပါတယ်။ ဒါပေမယ့်လည်း FTM အဖွဲ့သားတွေကတော့ ကျရှုံးခြင်းတွေကို အတူတကွ ခံစားခဲ့ကြသလို၊ အောင်မြင်ချိန်မှာလည်း အသင်းကို ပစ်ပယ်သွားခြင်း မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ FlyToMoon အဖွဲ့သားတွေကို ကျွန်တော်တို့ Na’Vi Dota2 အသင်းအတွက် ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုပါတယ်။

ပရိသတ်တွေ အချိန်အကြာကြီး မျှော်လင့် စောင့်စားခဲ့ရတဲ့ Na’Vi Dota2 အသင်းကို ပြန်လည် မြင်တွေ့ရဖို့ အတွက်လည်း အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

General

Na’Vi Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • V-Tune – Pos 1
  • Iceberg – Pos 2
  • General – Pos 3
  • RodjER – Pos 4
  • ALWAYSWANNAFLY – Pos 5 (Captain)

Ref: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle