Na’Vi CS 1.6 အသင်းနဲ့ လက်ရှိ Na’Vi CSGO တို့ အကြား ရင်ဆိုင် ယှဉ်ပြိုင်မှုကို မကြာခင်မှာ မြင်တွေ့ရတော့မည်

Counter Strike ပရိသတ်တွေ အချိန်အကြာကြီး မျှော်လင့် စောင့်စားခဲ့ရတဲ့ နာမည်ကျော် Na’Vi CS 1.6 အသင်းနဲ့ လက်ရှိ Na’Vi CSGO အသင်းတို့ အကြား ယှဉ်ပြိုင်မှုကို ဩဂုတ်လ (၁) ရက်နေ့မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
The classic 2010 roster vs our current CS:GO team, @YegorMarkeloff against @s1mpleO, zoomers vs boomers — whatever you call this show match from our @1xBet_Esports, it's simply impossible to miss!
— Natus Vincere (@natusvincere) July 20, 2020
See you on the 1st of August at the official broadcast!https://t.co/F3K8ERzgll pic.twitter.com/c7p6fqSu8T
Na’Vi CS 1.6 နဲ့ Na’Vi CSGO အသင်းတို့ ယှဉ်ပြိုင်သွားမယ့် ပွဲစဥ်ကို “Boomers vs Zoomers” တစ်နည်းအားဖြင့် “အဘိုးကြီးများနဲ့ မျိုးဆက်သစ်များ အကြား အားပြိုင်ပွဲ” လို့ ခေါင်းစဥ် တပ်ထားပြီး အဆိုပါ ပွဲစဥ်မှာ CSGO မြေပုံတွေ အပြင် CS 1.6 မြေပုံတွေကိုပါ ထည့်သွင်း ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Counter Strike ပရိသတ်တွေ အနေနဲ့ Na’Vi CS 1.6 အသင်းနဲ့ Na’Vi CSGO အသင်းတို့ ယှဉ်ပြိုင်တာကို ကြည့်ရှုခွင့် ရရှိဖို့ အတွက် တောင်းဆိုခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Na’Vi CSGO အသင်းရဲ့ AWPer ဖြစ်သူ s1mple အနေနဲ့လည်း Na’Vi CS 1.6 အသင်းရဲ့ AWPer Markeloff နဲ့ ရင်ဆိုင် ယှဉ်ပြိုင်လိုကြောင်း ဖွင့်ဟ ဝန်ခံခဲ့ဖူးတာကြောင့် ပရိသတ်တွေရဲ့ ဆုတောင်းပြည့်သွားခဲ့ပြီ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်သလို နာမည်ကျော် AWPer နှစ်ဦးအကြား ယှဉ်ပြိုင်မှုတွေကိုလည်း ကြည့်ရှုခံစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
Na’Vi CS 1.6 အသင်းဟာ အဲဒီအချိန်တွေတုန်းက ကမ္ဘာ့အကောင်းဆုံး Counter Strike အသင်း အဖြစ် ရပ်တည်နိုင်ခဲ့သလို IEM IV World Championship, ESWC, WCG, DreamHack Winter စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Markeloff အနေနဲ့လည်း ၂၀၁၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး Counter Strike ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ Na’Vi CS 1.6 အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Zeus, ceh9, markeloff တို့ အနေနဲ့ ပရိုကစားသမား လောကကို စွန့်ခွာသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း Edward နဲ့ Starix တို့ကတော့ CSGO လောကမှာ ဆက်လက် ကျင်လည်နေတုန်းပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် CS 1.6 ပရိသတ်တွေရော၊ CSGO ပရိသတ်တွေ အတွက်ပါ Boomers vs Zoomers ပြိုင်ပွဲဟာ တကယ်ကို ကျေနပ်ဖွယ်ကောင်းတဲ့ အမှတ်တရ ပွဲစဥ် တစ်ခု ဖြစ်လာမှာ အသေအချာပဲ ဖြစ်တာကြောင့် GameJoe ပရိသတ်တွေ အနေနဲ့ အဆိုပါ ပွဲစဥ်ကို စောင့်မျှော် ကြည့်ရှုချင်တယ် ဆိုရင်တော့ ဩဂုတ်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲခန့်မှာ Twitch.tv/ Maincast Channel ကနေ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Na’Vi CS 1.6 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Danylo “Zeus” Teslenko
- Sergey “starix” Ischuk
- Yegor “markeloff” Markelov
- Ioann “Edward” Sukhariev
- Arseny “ceh9” Trynozhenko
Na’Vi CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Kirill “Boombl4” Mikhailov
- Egor “flamie” Vasilyev
- Aleksandr “s1mple” Kostyliev
- Denis “electronic” Sharipov
- Ilya “Perfecto” Zalutskiy
REF: VpEsports