IEM Katowice 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တဲ့ Na’Vi CSGO

IEM Katowice 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တဲ့ Na’Vi CSGO

IEM Katowice 2020 ဆိုတာကတော့ S-Tier အဆင့်ရှိ CSGO ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ၊ ၂၄ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ပိုလန်နိုင်ငံ၊ Katowice မြို့တော်မှာ ကျင်းပခဲ့ပြီး ပရိုဖက်ရှင်နယ် CSGO အသင်းပေါင်း (၁၆) သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့သလို စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်းခန့် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

Na'Vi

ယခုအခါမှာ IEM Katowice 2020 ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ CSGO အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ IEM Katowice 2020 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ CSGO အသင်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ပရိုဖက်ရှင်နယ် CSGO အသင်းဖြစ်တဲ့ Natus Vincere CSGO အသင်းပဲ ဖြစ်ပါတယ်။

Na’Vi CSGO အသင်း အနေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အသင်းရဲ့ နာမည်ကျော် ကစားသမားဖြစ်သူ Guardian ကို ထုတ်ပယ်ပြီး လူငယ်ကစားသမား တစ်ဦးဖြစ်သူ Perfecto ကို ခေါ်ယူပြီး နောက်ပိုင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး Blast Premier Spring 2020 Regular Season မှာ 1st - 3rd ၊ ICE Challenge 2020 ပြိုင်ပွဲမှာ ဒုတိယစတဲ့ အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်ခဲ့သလို ယခုအခါမှာလည်း IEM Katowice 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Na'Vi.SImple

Na’Vi CSGO အသင်း အနေနဲ့ IEM Katowice 2020 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဥ်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အုပ်စု တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ် အဆင့်မှာ NA အခြေစိုက် နာမည်ကျော် CSGO အသင်း Team Liquid ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို ဆီမီးဖိုင်နယ် အဆင့်မှာလည်း လက်ရှိ ကမ္ဘာ့အဆင့် (၁) CSGO အသင်း အဖြစ် ရပ်တည်လျက်ရှိတဲ့ Astralis CSGO အသင်းကို ပထမပွဲစဥ် (Dust II) မှာ (၁၆-၅) ၊ ဒုတိယပွဲစဥ် (Nuke) မှာ (၁၆-၅) စတဲ့ ရလဒ်တွေဖြင့် အနိုင်ယူနိုင်ခဲ့တဲ့ အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

G2 Esports

ဖိုင်နယ်ပွဲစဥ်မှာတော့ Na’Vi CSGO အသင်း အနေနဲ့ KennyS ပါဝင်တဲ့ G2 Esports နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ G2 Esports အနေနဲ့ IEM Katowice 2020 ပွဲစဥ် တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် CSGO ချစ်ပရိသတ်တွေ အနေနဲ့ ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ရှုခွင့် ရရှိတော့မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Na’Vi CSGO အသင်းကတော့ G2 Esports CSGO အသင်းကို ပထမပွဲစဥ်(Nuke) မှာ (၁၆-၄) ၊ ဒုတိယပွဲစဥ် (Dust 2) မှာ (၁၆-၁၃) ၊ တတိယပွဲစဥ် (Mirage) မှာ (၁၆-၂) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူကာ IEM Katowice 2020 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို အလွယ်တကူပဲ ရယူနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၂ သိန်းခွဲကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Na’Vi CSGO အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Simple အနေနဲ့လည်း IEM Katowice 2020 ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle