လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ အသုံးပြုခဲ့တာကြောင့် ဒဏ်ရိုက်ခံခဲ့ရတဲ့ Na’Vi Dota2 အသင်း Mid Lane ကစားသမား Young G

လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ အသုံးပြုခဲ့တာကြောင့် ဒဏ်ရိုက်ခံခဲ့ရတဲ့ Na’Vi Dota2 အသင်း Mid Lane ကစားသမား Young G

Na’Vi Dota2 အသင်းရဲ့ Mid Laner အသစ်လေး Nikita “Young G” Bochko ကတော့ ပြိုင်ပွဲတွေမှာ လက်စွမ်းမပြခင် PUB Game တစ်ခုမှာ စာရိုက်စွမ်းရည် ပြသခဲ့တာကြောင့် Na’Vi Esports အဖွဲ့အစည်းရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံယူရတော့မှာ ဖြစ်ပါတယ်။

ယခုအပတ် အစောပိုင်း ကာလမှာ Young G အနေနဲ့ PUB Game တစ်ခုမှာ အစ္စလာမ် ဘာသာဝင် ကစားသမား တစ်ဦးကို ရိုင်းဆိုင်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုခဲ့ပါတယ်။ ပရိုကစားသမား အဖြစ် ရပ်တည်လျက်ရှိတဲ့ Young G အနေနဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ အသုံးပြုပြီး တစ်ဖက် ကစားသမားကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်က လက်ခံနိုင်စရာ မရှိကြောင်း ဝေဖန်ပြစ်တင်မှုတွေ ပေါ်ပေါက်လျက် ရှိပါတယ်။

Young G ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး Na’Vi Esports အဖွဲ့အစည်းဘက်ကလည်း ဒဏ်ရိုက်ခဲ့ကြောင်း အခုလိုပဲ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Esports အဖွဲ့အစည်းကို စတင် တည်ထောင်ခဲ့တဲ့ အချိန်ကတည်းက ယခုအချိန်ထိ အမုန်းစကား ပြောဆိုခြင်း၊ ရိုင်းပြတဲ့ အပြုအမူများနဲ့ ပြောဆို ဆက်ဆံခြင်းကို အထူး တားမြစ်ခဲ့ပါတယ်။ Young G ရဲ့ အပြုအမူဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

Young G ကို ဒဏ်ကြေးပေးဆောင်ဖို့ စေခိုင်းခဲ့သလို အမြဲတမ်း ကစားသမား အဖြစ် စာချုပ် ချုပ်ဆိုမယ့် ကိစ္စကိုလည်း ခေတ္တ ရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Young G အနေနဲ့ Na’Vi Dota2 အသင်းရဲ့ အစမ်းခန့် ကစားသမား အဖြစ်သာ ဆက်လက် တည်ရှိသွားမှာဖြစ်ပြီး အခုလို အပြုအမူမျိုး နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်ခဲ့မယ်ဆိုရင် အသင်းကနေ အပြီးပိုင် ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။

Young G ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသူ အားလုံးကိုလည်း ကျွန်တော်တို့ဘက်က အနူးအညွတ် တောင်းပန်ပါတယ်။ နောက်တစ်ကြိမ် အခုလို ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိအောင်လည်း ဂရုတစိုက် စောင့်ကြည့် သတိပေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

Young G ကိုယ်တိုင် အနေနဲ့လည်း သူ့ရဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

“ကျွန်တော့် အပြုအမူတွေနဲ့ ပတ်သက်ပြီး တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသူတွေ အားလုံးကိုလည်း တောင်းပန်ပါတယ်။ အခုလိုတွေ ပြောဆိုမိခဲ့တဲ့ အတွက်လည်း တကယ်ကို နောင်တရမိပါတယ်။ ယခုဖြစ်ရပ်ကို သင်ခန်းစာယူသွားမှာ ဖြစ်သလို နောက်တစ်ကြိမ် ထပ်မဖြစ်စေဖို့လည်း ကတိပေးအပ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle