နည်းပြဖြစ်သူ Mag အပါအဝင် ကစားသမား သုံးဦးနဲ့ လမ်းခွဲလိုက်တဲ့ နာမည်ကျော် Dota2 အသင်း Na’Vi

နည်းပြဖြစ်သူ Mag အပါအဝင် ကစားသမား သုံးဦးနဲ့ လမ်းခွဲလိုက်တဲ့ နာမည်ကျော် Dota2 အသင်း Na’Vi

CIS အခြေစိုက် နာမည်ကျော် Dota2 အသင်း Natus Vincere ကတော့ ကစားသမား နှစ်ဦးသာ ကျန်ရှိတဲ့ ဘဝကို ပြန်လည် ရောက်ရှိလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ DPC ရာသီ စတင်ချိန်မှာ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ထင်သလောက် အောင်မြင်ခြင်း မရှိတာကြောင့် Natus Vincere Dota2 အသင်း အနေနဲ့ နည်းပြဖြစ်သူ Mag အပါအဝင် Carry ကစားသမား Crystallize, Mid Lane ကစားသမား Young G, Offlane ကစားသမား 9pasha တို့ကို အသင်းကနေ ပြန်လည် ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

9pasha

အခုလို ကစားသမား သုံးဦးအပါအဝင် နည်းပြဖြစ်သူကိုပါ အသင်းကနေ ထုတ်ပယ်ခံရခြင်းနဲ့ ပတ်သက်ပြီး Na’Vi Dota2 အသင်းရဲ့ COO ဖြစ်သူ Xaoc ကတော့ အောက်ပါအတိုင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

“Na’Vi Dota2 အသင်းရဲ့ အဖွဲ့သားတွေ အားလုံးကို ယုံယုံကြည်ကြည်နဲ့ အချိန်တစ်ခု ပေးခဲ့ပေမယ့်လည်း ထင်သလို ဖြစ်လာခြင်း မရှိခဲ့ပါဘူး။ Na’Vi Dota2 အသင်းရဲ့ ပရိသတ်တွေ အပါအဝင် ကျွန်တော် အပါအဝင် အသင်း အတွင်း ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်လာခဲ့ပြီလို့ ယုံကြည်မိပါတယ်။

Crystallize

လက်ရှိအချိန်မှာ အသင်းရဲ့ Pos4 ကစားသမား Immersion နဲ့ Pos5 ကစားသမား illias တို့သာ အသင်းမှာ ကျန်ရှိတော့မှာ ဖြစ်ပေမယ့် အစမ်းခန့် ကစားသမားတွေ ခေါ်ယူပြီး အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားတွေကို ဆက်တိုက် ရှာဖွေသွားမှာ ဖြစ်ပါတယ်။ Na’Vi Dota2 အသင်းရဲ့ ပရိသတ်တွေ အားလုံးကိုလည်း စိတ်ရှည်ရှည်နဲ့ ဆက်လက် အားပေးသွားဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

Mag

Na’Vi Dota2 အသင်းမှာ ကစားသမား နှစ်ဦးသာ ကျန်ရှိတော့ပေမယ့်လည်း အောက်တိုဘာလ ၅ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် ESL One Germany အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာကြောင့် လက်ကျန် ကာလအတွင်းမှာ ဘယ်ကစားသမားတွေကို ခေါ်ယူသွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle