IEM Beijing EU ပြိုင်ပွဲမှာ ချန်ပီယံဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့တဲ့ Vitality CSGO

IEM Beijing EU ပြိုင်ပွဲမှာ ချန်ပီယံဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့တဲ့ Vitality CSGO

၂၀၂၀ ခုနှစ် အတွင်း ဂရန်းဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သမျှ ပြိုင်ပွဲတိုင်းမှာ ဒုတိယဆုနဲ့သာ‌ ကျေနပ်ခဲ့ရတဲ့ Vitality CSGO ကတော့ IEM Beijing EU ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခြင်းနဲ့အတူ ကျိန်စာဆိုးကြီးကို ပယ်ဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ IEM Beijing EU ပြိုင်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကျော် CSGO အသင်းပေါင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

IEM Beijing EU ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို Double Elimination ပုံစံဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Vitality CSGO အသင်း အနေနဲ့ Upper Bracket Round 1 ပွဲစဉ်မှာ Team Spirit ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပေမယ့် Round2 မှာတော့ Faze Clan ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပါတယ်။ Lower Bracket မှာ Mad Lions ကို နှစ်ပွဲပြတ်ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ရှုံးထွက်အဆင့် ပွဲစဉ်တွေကို Single Elimination ပုံစံဖြင့် ကစားခဲ့ရတာဖြစ်ပြီး အနည်းငယ် ခြေချော်မှုတွေသာ ရှိခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာရမှာ ဖြစ်ပေမယ့် Team Vitality အနေနဲ့ Heroic ကို (၂-၁) ၊ Complexity ကို (၂-၀) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

IEM Beijing EU ပြိုင်ပွဲရဲ့ Grandfinal ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Vitality အဖွဲ့သားတွေ အနေနဲ့ နာမည်ကျော် ကစားသမား Simple ဦးဆောင်တဲ့ Natus Vincere CSGO အဖွဲ့သားတွေနဲ့ ရင်ဆိုင်ခဲ့ရကာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ Nuke မှာ (16-5), ဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ Dust2 မှာ (16-12) စတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ထပ် တစ်ပွဲသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သုံးပွဲပြတ် ရှုံးနိမ့်ခြင်းတို့နဲ့ ရလဒ်ဆိုးကြီးနဲ့ ရင်ဆိုင်ရမယ့် လက်တစ်ကမ်း အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း တတိယမြောက် ပွဲစဉ်က စတင်ကာ Vitality အဖွဲ့သားတွေ အနေနဲ့ လက်စွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး Overpass မှာ (16-6), Inferno မှာ (16-9), နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ Mirage မှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ZywOo ရဲ့ အထူးလက်စွမ်းပြသမှုများနဲ့အတူ (16-8) ဆိုတဲ့ ရလဒ်တို့ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် IEM Beijing EU ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်တန်စွာနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Team Vitality အနေနဲ့ IEM Beijing EU ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် ဒီဇင်ဘာလ ၁၅ ရက်မှာ စတင် ကျင်းပသွားမယ့် IEM XV – Global Challenge မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သလို ကစားသမား (၆) ကို အလှည့်ကျ သုံးစွဲပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး အသင်း အဖြစ်လည်း စံချိန်သစ် တစ်ခုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Team Vitality CSGO အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • apEX
  • RpK
  • ZywOo
  • Shox
  • Misutaaa
  • Nivera
  • XTQZZZ (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle