Twitch ကနေ လေးကြိမ်မြောက် ဘန်းခံလိုက်ရတဲ့ နာမည်ကျော် CS:GO ပရို S1mple

Na’Vi CSGO အသင်းရဲ့ နာမည်ကျော် AWP ကစားသမားဖြစ်တဲ့ Oleksandr “s1mple” Kostyliev ကတော့ Twitch ကနေ လေးကြိမ်မြောက် ဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။ s1mple အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ သုံးကြိမ်တိုင် ဘန်းခံခဲ့ရသလို ၂၀၂၀ ခုနှစ် အတွက် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဘန်းခံခဲ့ရတာ ဖြစ်ပါတယ်။
❌ Twitch Partner "s1mple" (@s1mpleo) has been banned! ❌https://t.co/yhtBxArv7H#twitch #ban #fourthban #partner #twitchpartner 🔳
— StreamerBans (@StreamerBans) October 30, 2020
ယခုတစ်ကြိမ် ဘန်းခံခဲ့ရတဲ့ အကြောင်းအရင်းကတော့ S1mple ကြောင့် မဟုတ်ခဲ့ဘဲ Twitch ကနေ တစ်ဆင့် Live လွှင့် ကစားပြနေစဉ် အချိန်မှာ S1mple ဘက်မှာ ပါဝင်တဲ့ ကစားသမား တစ်ဦး အနေနဲ့ Pidor (မိန်းမလျာ) ဆိုတဲ့ စကားလုံးကို ပြောဆိုခဲ့တာကြောင့် ဘန်းခံခဲ့ရတာ ဖြစ်တယ်လို့ S1mple ကတော့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။
It’s funny that I get banned for aggression towards a person that says the word "Pidor" and specifically tries to ban me on the platform and I try to condemn him for this and say the forbidden word because I have a negative attitude towards it (because of rules)
— Sasha (@s1mpleO) October 30, 2020
“အဲဒီလူက ကျွန်တော် Live လွှင့်နေမှန်းလည်း သိတယ်။ Pidor (မိန်းမလျာ) ဆိုတဲ့ စကားလုံးကို အသုံးပြုရင် Twtich ကနေ ဘန်းခံရနိုင်တယ် ဆိုတာလည်း သိသိကြီးနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုအခုလိုတွေ မပြောဖို့ ကျွန်တော် တားမြစ်ခဲ့တယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ကျွန်တော် နောက်တစ်ကြိမ် ဘန်းခံခဲ့ရပါတယ်။”

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းများအရ S1mple အနေနဲ့ Twitch ကနေ စတုတ္ထအကြိမ် ဘန်းခံခဲ့ရပေမယ့် ၇ ရက်ခန့်သာ ဘန်းခံရဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် S1mple ရဲ့ Stream တွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေ အနေနဲ့ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ပြန်လည် မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။
REF: VpEsports