NBA ဘက်စကက်ဘောပြိုင်ပွဲ ခေတ္တရပ်နားနေစဥ် ကာလအတွင်း Streamer ဘဝကို ခေတ္တခံယူခဲ့ကြတဲ့ နာမည်ကျော် NBA ကစားသမားများ

NBA ဘက်စကက်ဘောပြိုင်ပွဲ ခေတ္တရပ်နားနေစဥ် ကာလအတွင်း Streamer ဘဝကို ခေတ္တခံယူခဲ့ကြတဲ့ နာမည်ကျော် NBA ကစားသမားများ

COIVD-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် နိုင်ငံအများစု အနေနဲ့ ဒေသသတွင်း ပြိုင်ပွဲတွေကို ရပ်နားခဲ့ပြီဖြစ်တာနဲ့အညီ နာမည်ကျော် NBA ဘက်စကက်ဘောပြိုင်ပွဲ အနေနဲ့လည်း တစ်လခန့် ရပ်နားသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလို NBAပြိုင်ပွဲတွေ ရပ်နားထားတဲ့ အချိန်မှာ အချို့သော နာမည်ကျော် NBA ကစားသမားတွေ အနေနဲ့ Twitch Platform ကို အသုံးပြုပြီး Streamer ဘဝကို ခေတ္တခံယူခဲ့ကြပါတယ်။

ဒါကြောင့် NBA ဘက်စကက်ဘောပြိုင်ပွဲတွေ ခေတ္တရပ်နားစဥ် ကာလအတွင်း Streamer ဘဝကို ခေတ္တခံယူခဲ့ကြတဲ့ နာမည်ကျော် NBA ကစားသမားတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Devin Booker – Phoenix Suns

Phoenix Suns အသင်းရဲ့ နာမည်ကျော် ကစားသမား Devin Booker အနေနဲ့ အားလပ်ရက် ကာလတွေမှာ မကြာသေးခင် အချိန်ကမှ ထွက်ရှိခဲ့တဲ့ Call of Duty: Warzone ဗွီဒီယိုဂိမ်းကို နာမည်ကျော် Esports အဖွဲ့အစည်း 100 Thieves ရဲ့ CEO ဖြစ်သူ Matthew Haag ၊ နာမည်ကျော် Twitch Streamer ဖြစ်သူ Dennis “Cloakzy” Leopre တို့နဲ့အတူ Streaming ပြုလုပ်ခဲ့ပါတယ်။

  • Ben Simmons – Philadephia 76ers

Philadephia 76ers အသင်းရဲ့ နာမည်ရ ကစားသမား တစ်ဦးဖြစ်တဲ့ Ben Simmons အနေနြ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက COIVD-19 ကပ်ဘေးသင့် ပြည်သူတွေကို ကူညီဖို့ အတွက် ပရဟိတ Streaming Session တစ်ခုကို Faze Clan Esports အဖွဲ့အစည်းရဲ့ ကစားသမား နှစ်ဦးဖြစ်တဲ့ Thomas “Temperrr” Oliveira, Yousef “Apex” Abdelfattah တို့နဲ့ အတူ ပြုလုပ်ခဲ့ပါတယ်။

  • Paul George – Los Angeles Clippers

NBA ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Paul George အနေနဲ့ NBA ပြိုင်ပွဲများ ရပ်နားထားစဥ် ကာလမှာ အခြားသော နာမည်ကျော် ကစားသမားများနည်းတူ Call of Duty: Warzone ဗွီဒီယိုဂိမ်းကို စွဲစွဲမြဲမြဲ Streaming ပြုလုပ်ခဲ့ပါတယ်။

  • De’Aaron Fox – Sacramento Kings

De’Aaron Fox ဆိုတာကတော့ ဘက်စကက်ဘော ကစားရာမှာ အလျင်အမြန် ကစားတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်သလို ဂိမ်းကစားရာမှာ အားကြီးမာန်တက် ကစားတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ De’Aaron Fox အနေနဲ့ NBA ပြိုင်ပွဲများ ရပ်နားထားစဥ် အချိန်ကာလကို အကျိုးရှိရှိ အသုံးချတဲ့ အနေနဲ့ ဗွီဒီယိုဂိမ်းပေါင်း မြောက်များစွာကို ကစားခဲ့သလို ပရိသတ်တွေနဲ့ ထိတွေ့မှု ရှိစေဖို့ အတွက် ကိုယ်ပိုင် YouTube Channel ကနေ တစ်ဆင့်Streaming ပြုလုပ်ခဲ့ပါတယ်။

  • Josh Hart – New Orleans Pelicans

Hart အနေနဲ့ NBA ပြိုင်ပွဲတွေ ရပ်နားခြင်း မရှိစဥ် အချိန်ကတည်းက အားလပ်ချိန် ကာလတွေမှာ Streaming ပြုလုပ်ခဲ့သလို Steaming လောကထဲကို ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ရပ်နားထားစဥ် ကာလမှာတော့ Josh Hart အနေနဲ့ သူနှစ်သက် မြတ်နိုးတဲ့ Fortnite ကို တစ်နေကုန်နီးပါး Streaming ပြုလုပ်ခဲ့ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle