စိတ်ဓာတ်ကျတဲ့သူတွေဟာတစ်ပါးသူတွေအေပေါ်မှာရောအကောင်းမြင်တဲ့စိတ်ရှိရဲ့လား

စိတ်ဓာတ်ကျတဲ့သူတွေဟာတစ်ပါးသူတွေအေပေါ်မှာရောအကောင်းမြင်တဲ့စိတ်ရှိရဲ့လား

လောကကြီးမှာ အကောင်းမမြင်တတ်ပဲ အမြဲတမ်း Negative  ပဲတွေးနေတဲ့သူတွေကအများကြီးပါ။အဲ့ဒီအထဲမှာကိုယ်ကိုတိုင်ရောပါလား? တစ်နည်းအားဖြင့်ပြောရရင် ထိုသူတွေက ကိုယ့်ကိုကိုယ်ရော ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုရော စိတ်အနှောက်အယှက်ပေးတဲ့ သူလို့ပြောလို့ရပါတယ်။ကိစ္စတစ်ခုခုဆို အဖြေရင်မရှာပဲ၊ အမြဲတမ်းမှာ ငြင်းဆိုမှုတွေ၊ မကောင်းမြင်မှုတွေနဲ့  ကိုယ့်စိတ်ကိုယ်ချုပ်ကိုင်ထားတဲ့သူတွေပါ။ကိုယ့်မှာအဲလိုအချက်တွေသာရှိနေရင်တော့ပြင်သင့်တယ်လို့မြင်ပါတယ်။မုဒိတာတည်ဆောက်နိုင်ဖို့ကလည်းလိုအပ်ပါတယ်။

Photo Credit -Success Magazine

ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းက တစ်ခြားသူတွေနဲ့ ဆက်စပ်တည်မှီနေတဲ့သူတွေဆို တစ်ပါးသူတွေအပေါ်ပိုပြီးတော့ အကောင်းမြင်တတ်ဖို့၊ မုဒိတာပွားတတ်ဖို့ကအရမ်းအရေးကြီးပါတယ်။မုဒီတာပွားတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုရင်တော့ သူနဲ့ကိုယ့်နဲ့ကအလုပ်လုပ်နေတယ် ဆိုသူ့ဘက်ကအဆင်ပြေရဲ့လားဆိုတာမျိုး၊ကိုယ့်ကိုတိုင်ထက်သူတစ်ပါးကိုပိုတွေးပေးတတ်၊ကိုယ်ချင်းစာတတ်တာမျိုးကိုပြောချင်တာပါ။

Photo Credit -Thrive

ကိုယ့်ရဲ့မိသားစုမှာလည်းအလားထူပဲ တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးတတ်ဖို့ ၊ အရေးကိစ္စကြီးငယ်ကြုံလာတိုင်းခေါင်းအေးအေးထားပြီးအဖြေရှာတတ်ဖို့လည်းလိုပါတယ်နော်။ကိုယ်ကအမြဲ စိတ်တိုနေမယ်၊ အမြဲဒေါသထွက်နေတဲ့သူတစ်ယောက်ဆိုရင်လည်း အကောင်းမြင်တတ်တဲ့စိတ်ကိုပိုင်ဆိုင်ဖို့ကလည်းဝေးသထက်ဝေးလာတတ်ပါတယ်။ဘဝမှာကျရှုံးမှုတွေ၊ခွဲခွာမှုတွေနဲ့လည်းကိုယ့်ဘဝမှာကြုံလာရတတ်ပါတယ်။

Photo Credit - Lovely

Kelly -Akhayar Lifestyle