နေလောင်ဒဏ်ကာကွယ်ဖို့ Sunscreen အသုံးပြုခြင်းက ကျန်းမာရေးကို ထိခိုက်စေသလား

နေလောင်ဒဏ်ကာကွယ်ဖို့ Sunscreen အသုံးပြုခြင်းက ကျန်းမာရေးကို ထိခိုက်စေသလား

Sunscreen ကို လူတွေ အသုံးပြုခဲ့ကြတာ ရာစုနှစ်ဆယ်စုတောင် ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ စားသုံးသူများအသင်းက ဒီ Sunscreen အသုံးပြုမှုကို တားဆီးပိတ်ပင်ဖို့ ကြိုးစားနေကြပါတယ်။ Sunscreen တွေရဲ့ အဓိကပြဿနာက တပြေးညီ တစ်ပုံစံတည်း မထုတ်လုပ်ထားဘဲ တချို့ဟာတွေကို ကျန်းမာရေးနဲ့ ကိုက်ညီပြီး တချို့ဟာတွေက ကျန်းမာရေးနဲ့ မကိုက်ညီလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီအထဲကမှ Sunscreen ကြောင့် ထိခိုက်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကျန်းမာရေးဗဟုသုတရရှိစေဖို့ ဖော်ပြပေးချင်ပါတယ်။

နေရောင်ကာကွယ်ဆေးကို ထုတ်လုပ်တဲ့အခါမှာ နှစ်မျိုးကာကွယ်နိုင်အောင် ထုတ်လုပ်ကြပါတယ်။ Mineral Barrier နဲ့ Chemical Barrier ကနေ ကာကွယ်နိုင်အောင် ထုတ်လုပ်ကြပါတယ်။ Mineral Barrier ကို ကာကွယ်ပေးတဲ့ Sunscreen ကိုတော့ Zinc Oxide နဲ့ Titanium Oxide တို့ပေါင်းစပ်ပြုလုပ်ထားပြီး အသားအရေကို နေရောင်မထိခိုက်အောင် အတားအဆီးအနေနဲ့ ပြုလုပ်ပေးပါတယ်။ Sunscreen ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကတော့ Avobenzone ၊ Oxybenzone ၊ Homosalate ၊ Actinoxate နဲ့ Octisalate Octocrylene အစရှိတာတွေ ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ အရေပြားကို ဖြတ်သန်းပြီး တခြားတစ်ရှုးတွေဆီကို ရောက်ရှိသွားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြုလုပ်ထားတဲ့ သုတေသနအသစ်အရ သက်သေပြထားတာက Sunscreen မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဟော်မုန်းတွေကို အနှောင့်အယှက်ဖြစ်စေပြီး သိုင်းရွိုက်တွေနဲ့ ခန္ဓာကိုယ်ရဲ့ တခြားလုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်စေပါတယ်။

ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက Sunscreen မှာ ဓာတုပစ္စည်းပေါင်း ၉၆ ရာခိုင်နှုန်း တွေ့ရှိရတယ်လို့ လေ့လာထုတ်ဖော်ပြသခဲ့ပါတယ်။ Sunscreen မှာပါဝင်တဲ့ ဓာတုပစ္စည်း Oxybenzone ကြောင့် အမျိုးသမီးတွေဟာ သားအိမ်အတွင်းရှိ တစ်ရှုးများ သားအိမ်ပြင်ပကို ရောက်ရှိခြင်း (Endometriosis) ဖြစ်တတ်သလို အမျိုုးသားတွေမှာတော့ သုတ်ပိုးအရေအတွက် လျော့ကျခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် Sunscreen မှာ ပါဝင်တဲ့ ဓာတုဗေဒတွေက ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေကို အလွန်အကျူုးထိခိုက်စေပါတယ်။

Sunscreen မှာပါဝင်တဲ့ Triclosan ၊ Parabens ၊ Oxybenzone နဲ့ Phthalates အစရှိတဲ့ ဓာတုပစ္စည်းတွေကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းဟန်ချက်ကို မညီမျှအောင် လုပ်ဆောင်ပါတယ်။ ဈေးကွက်မှာတွေ့ရှိရတဲ့ Sunscreen တွေအားလုံးမှာ အပေါ်က ဓာတုပစ္စည်းတွေ အကုန်ပါဝင်နေတတ်ကြပါတယ်။

Sunscreen မှာ နောက်ထပ်တွေ့ရတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်တဲ့ Benzophenones က ခန္ဓာကိုယ်မှာ Estrogen တွေ တိုးပွားလာအောင် လုပ်ဆောင်ပေးပါတယ်။ အီစထရိုဂျင်တွေ လိုတာထက် ပိုများပြားလာခြင်းကြောင့် အမျိုူးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများလာပါတယ်။

ဒါ့အပြင် မတော်တဆ မျက်လုံးထဲကို Sunscreen ဝင်သွားခဲ့ရင် မျက်လုံးရောင်ရမ်းလာပြီး နာကျင်မှုတွေ ဖြစ်လာစေပါတယ်။ ဆရာဝန်တချို့ ပြောကြားချက်အရဆိုရင် Sunscreen မှာပါဝင်တဲ့ ဓာတုပစ္စည်းတချို့တွေကြောင့် အမြင်အာရုံဆုံးရှုံးသွားစေနိုင်တဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ Sunscreen မျက်လုံးထဲဝင်သွားခဲ့ရင် မျက်လုံးကို ရေနဲ့သေချာဆေးကြောပေးတာမျိုး ပြုလုပ်ပါ။ ရေနဲ့သေချာဆေးကြောလို့မှ မသက်သာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

Sunscreen မှာ ပါဝင်တဲ့ဓာတုပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေကနေ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေ ပိုမိုပေါက်ဖွားလာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဓာတုဗေဒတွေကြောင့် မျိုးရိုးဗီဇတွေ ပြောင်းလဲလာရာကနေ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေ ပိုမိုပေါက်ဖွားလာကြတာ ဖြစ်ပါတယ်။

ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်လို့ ကျန်းမာရေးထိခိုက်တာမျိုး မဖြစ်ရလေအောင် မလိုအပ်ရင် တတ်နိုင်သမျှ Sunscreen မသုံးဘဲနေတာမျိုး ၊ Sunscreen သုံးဖြစ်လို့ ဝယ်ရင်လည်း ပါဝင်ပစ္စည်းတွေကို သေချာဂရုစိုက်ပြီး ဖတ်တာမျိုးလုပ်ကာ ကိုယ်ကျန်းမာရေးကို ကိုယ့်ကိုယ်တိုင် ဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ