နေပူထဲ သွားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပါ !!🌞💗

နေပူထဲ သွားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပါ !!🌞💗

အခုတ​လော ရာသီဥတုက ​အေးတယ်လို့ ထင်ရ​ပေမယ့် ​နေရှိန်က​တော့ ​တော်​တော်​လေးကိုပြင်းပါတယ်။အသားအရေကို ပျက်စီးဖို့ နေရောင်အောက်တွင် ၁၅ မိနစ်ခန့်ပဲကြာပါတယ်..

​ဒီလို နေအရှိန်နဲ့​တော့ ​​ အပြင်မထွက်ခင် ​​ကိုယ့်အသားအ‌ရေ ကို ကြိုတင်ကာကွယ်ထားမှစိတ်ချရပါမယ်။ဒီ‌တော့ ​​နေ​လောင်ဒဏ်က​နေ ကိုယ့်အသားအရေကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အချက်တွေကို ​ပြောပြ​ပေးချင်ပါတယ်။

Sunscreen ကိုမဖြစ်မ​နေလိမ်းပါ။မိုးအုံ့တဲ့​နေ့ ဖြစ်​နေပါ​စေ၊အိမ်မှာ​နေတဲ့ အချိန်ဖြစ်​နေပါ​စေ..နေ့တိုင်း Sunscreen သုံးပေးပါ။အနည်းဆုံး SPF 30 ပါတဲ့ Sunscreenကို အပြင်မထွက်မီ အနည်းဆုံး ၁၅ မိနစ် ​လောက်ကြိုပြီးလိမ်းပါ။Sunscreen လိမ်းတာက နေ​ရောင်ဒဏ်မှ ​ကာကွယ်နိုင်တာကို သိကြ​ပေမယ့်အများစုကတော့ Sunscreen လိမ်းဖို့ မေ့နေကြတုန်းပါပဲ။အ​လေ့အကျင့်တစ်ခုအဖြစ် သတိတရ​လိမ်း​ပေးပါ။

နေရှိန်ပြင်းတဲ့အချိန်​ဆိုရင် တတ်နိုင်သမျှအပြင်ထွက်ခြင်းကိုရှောင်ပါ။နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ​နေ​ က ခရမ်းလွန်​ရောင်ခြည်ပါဝင်မှု မြင့်မားတာ​ကြောင့်ပြင်ပလှုပ်ရှားမှုများကို  တတ်နိုင်သမျှ ​ရှောင်ပါ။အ​​ရေးကြီးကိစ္စရှိခဲ့ပါကလည်း အကာကွယ်အချို့ ယူပါ။

အင်္ကျီကို ​သေချာ​ရွေးချယ်ဝတ်ပါ။အဝတ်အစား​တွေကလည်း ​နေ​ရောင်ခြည်ကို အသင့်အတင့် ကာကွယ်​ပေးလို့ သေချာရွေးချယ်ပြီးဝတ်စေချင်ပါတယ်။ထူထဲတဲ့ အင်္ကျီတွေထက် ချည်သား အင်္ကျီလက်ရှည်၊​ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ဖို့ အကြံပေးပါရစေ။အ​ရောင်ရင့်လွန်းတဲ့ အင်္ကျီ၊ဘောင်းဘီ​တွေ၊အထူးသဖြင့် အနက်​​ရောင် ​ကိုတော့ တတ်နိုင်သမျှ​ရှောင်ပါ။

ထီး ဒါမှမဟုတ် ဦးထုပ်​ဆောင်းပါ။မျက်နှာ၊ လည်ပင်းနှင့် နားရွက်တို့ကို အရိပ်ပေးနိုင်ဖို့ ဦးထုပ် နှင့် ထီးတို့ကိုအသုံးပြုပါ။အနက်ရောင်က အပူကိုစုပ်ယူတဲ့အတွက် ပိုပြီးပူစေနိုင်လို့ အနက်ရောင်ကိုတော့ တတ်နိုင်သမျှရှောင်ပါ။

နေကာမျက်မှန် ဆောင်ပါ။ခရမ်းလွန်ရောင်ခြည် စုပ်ယူမှု 99% မှ 100% ထိပါတဲ့ နေကာမျက်မှန်တွေက မျက်လုံး ကိုအကောင်းဆုံးကာကွယ်မှုပေးပါသည်။နေကာမျက်မှန်က မျက်လုံးကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီး အတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

နေပူရှိန် အရမ်းပြင်း​တော့ အပူမရှပ်ဖို့ကလည်းအ​ရေးကြီးတဲ့အတွက် ​​အပြင်ကပြန်​ရောက်တဲ့အခါ ​​ခြေလက်တန်းမ​ဆေးပဲ၊ ​ရေတစ်ခွက်​အရင်သောက်၊နားပြီးမှ ​ရေချိုးဖို့​ပြောပါရ​စေ..အသားအရေ ပျက်စီးမှု နှင့် အရေပြားကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို မမေ့မလျော့ နဲ့ သတိထားပြီး လုပ်ကြရအောင်နော်…

#akhyarlifestyle #sunscreen #summertips #sunburn