Team Liquid အဖွဲ့ဝင်သစ် ဖြစ်လာခဲ့တဲ့ Sex Education မင်းသား Asa Butterfield

Netflix ရဲ့ လူကြိုက်များတဲ့ စီးရီးတစ်ခုဖြစ်တဲ့ Sex Education မှာ Leading Actor အဖြစ် ဝင်ရောက် သရုပ်ဆောင်ခဲ့တဲ့ Asa Butterfield ကတော့ Team Liquid အဖွဲ့ဝင် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ Sex Educations Series အပြင် Asa Butterfield အနေနဲ့ အခြားသော Blockbuster ရုပ်ရှင်တွေဖြစ်တဲ့ The Boy In The Striped Pajamas, Miss Peregrine’s Home For Peculiar Children, Ender’s Game, Hugo တို့မှာ ဝင်ရောက် သရုပ်ဆောင်ခဲ့ပါတယ်။

Asa Butterfield အနေနဲ့ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦး အဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သလို Esports ဘက်မှာလည်း ပရိုကစားသမား အဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ Asa Butterfield အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Super Smash Bros. Ultimate ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ Panda Global လက်အောက်မှာ Stimpy ဆိုတဲ့ အမည်ဖြင့် ဝင်ရောက် ကစားခဲ့ဖူးသလို Dota2 ကိုလည်း နှစ်ခြိုက်စွာ ကစားလေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

Team Liquid အနေနဲ့ Asa Butterfield ကို Team Liquid အဖွဲ့ဝင် အဖြစ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းကို တွစ်တာကနေ တစ်ဆင့် ကြေညာသွားခဲ့တာဖြစ်ပြီး Team Liquid Dota2, Team Liquid Smash အသင်းတွေမှာ လူလိုအပ်ခဲ့ရင် Asa Butterfield ကို ကစားသမား အဖြစ် ထည့်သွင်း ကစားသွားမှာ ဖြစ်တယ်လို့ အရွှန်းဖောက် ရေးသားခဲ့ပါတယ်။
Welcome to the Liquid Family, @asabfb
— Team Liquid (@TeamLiquid) October 7, 2020
We’re happy to have you on board, and look forward to seeing what you accomplish next.
(also if we ever need a sub for dota or smash, you're getting a call) pic.twitter.com/71GxG6I7TY
လက်ရှိအချိန်မှာ Asa Butterfield တစ်ယောက် Team Liquid ကိုယ်စားပြု အဖြစ် မည်သည့် တာဝန်ကို ထမ်းဆောင်သွားမလဲ ဆိုတာကို သိရှိခြင်း မရှိသေးပေမယ့် Team Liquid အတွက် Content Creator တစ်ဦး အဖြစ် ရပ်တည်သွားဖွယ် ရှိနေပြီး Team Liquid ကိုယ်စားပြု Streamer အဖြစ်လည်း Twitch Channel မှာ Streaming တွေ ပြုလုပ်သွားဖွယ် ရှိပါတယ်။
REF: VpEsports