Wonder Woman ၊ Deadpool နဲ့ The Rock တို့ကိုသုံးပြီး Netflix က ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိ

Wonder Woman ၊ Deadpool နဲ့ The Rock တို့ကိုသုံးပြီး Netflix က ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိ

Netflix က ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ပရိသတ်တွေတော်တော်များများ စိတ်ဝင်စားလာကြတာကို တွေ့နေရပါတယ်။ အခုဆိုရင်လည်း Stranger Things Season 3 ထွက်ထားပြီး ပရိသတ်ရဲ့အားပေးမှုကို Netflix က တခဲနက်သိမ်းပိုက်ထားပါတယ်။ ပုံမှန်ဆိုရင် ဇာတ်လမ်းတွဲတွေကို ပိုပြီးအသားပေးတဲ့ Netflix က ဒီတစ်ခေါက်မှာတော့ ငွေတွေအလုံးလိုက်အရင်းလိုက်သုံးပြီး နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။

“Red Notice” ဇာတ်ကားက Action Thriller အမျိုးအစား Heist ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးက အကြီးအကျယ်အလိုရှိနေတဲ့ Art Thief တစ်ယောက်ကို လိုက်ဖမ်းမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်ကားကိုလည်း နိုင်ငံတော်တော်များများမှာ ရိုက်ကူးဖို့ပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားကိုရိုက်ဖို့အတွက် Netflix က ဒေါ်လာ ၁၃ဝ မီလီယံ လောက်ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရတယ်။ ဒါပေမယ့် အတွင်းသိတွေပြောတာအရဆိုရင် ဒေါ်လာ ၂ဝဝ မီလီယံ လောက်ထိ ကုန်သွားနိုင်ပါတယ်။ အခုနောက်ပိုင်း Superhero ရုပ်ရှင်တွေ ၊ Live-Action တွေနဲ့ ရေပန်းစားနေတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ Heist Action Thriller ဇာတ်ကားမျိုးကိုရိုက်ဖို့ Universal လို Studio မျိုးကတောင် စဉ်းစားနေတဲ့အချိန်မှာ Netflix ကတော့ ပါဝါမင်းသမီး ၊ မင်းသားတွေဖြစ်တဲ့ Gal Gadot (Wonder Woman) ၊ Dwayne Johnson (The Rock) နဲ့ Ryan Reynolds (Deadpool) တို့ကို သုံးပြီးရိုက်မယ့် Red Notice ဇာတ်ကားကို အမိအရဖမ်းဆုပ်ခဲ့ပါတယ်။ Netflix ကလည်း တစ်ကမ္ဘာလုံးမှာ အကြီးဆုံးဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု ဖြစ်ချင်နေတာနဲ့အညီ ဒီလိုခြေလှမ်းကြီးတစ်ခုကိုလှမ်းလိုက်တာပါ။

Red Notice က ၂ဝ၂ဝ ခုနှစ် မှာထွက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့် Gal Gadot ၊ Dwayne Johnson နဲ့ Ryan Reynolds ပရိသတ်တွေကတော့ မေ ျှာ်လင့်စောင့်စားကြည့်ရှုနေမယ်ထင်ပါတယ်။ ကိုယ်ကတော့ Heist ဇာတ်ကားအမျိုးအစားကို ကြိုက်တဲ့သူမို့လို့ ဒီဇာတ်ကားကို အများကြီးမေ ျှာ်လင့်ထားပါတယ်။

Photo Credit

Source: Variety, Deadline

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle