အသစ်ထွက်ရှိလာမယ့် Call Of Duty ဂိမ်းအသစ်နာမည် ပေါက်ကြား

အသစ်ထွက်ရှိလာမယ့် Call Of Duty ဂိမ်းအသစ်နာမည် ပေါက်ကြား

Doritos ရဲ့ Marketing Campaign အသစ်တစ်ခုကနေ ပေါက်ကြားချက်အရ အောက်တိုဘာလလောက်မှာ အသစ်ထွက်ရှိလာမယ့် Call Of Duty ဂိမ်းအသစ်နာမည်ဟာ Call Of Duty: Black Ops Cold War လို့အမည်ရပါတယ်။

ပေါက်ကြားလာတဲ့ နာမည်အသစ်ကို Doritos ရဲ့ Promotion တစ်ခုကနေ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ Doritos ရဲ့အိတ်တိုင်းမှာ 2XP ရရှိမယ့်အခွင့်အရေးလို့ ရေးသားထားပြီး အပေါ်ဆုံးမှာတော့ Cold War ရဲ့ Logo ကို တွေ့မြင်ခဲ့ရပါတယ်။

Doritos ရဲ့ Promotion ဟာ အောက်တိုဘာလ ၅ ရက်ကနေ ၃၁ ရက်နေ့အထိ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Call Of Duty ရဲ့ ၂၀၂၀ အတွက်ဂိမ်းအသစ်ဟာ အောက်တိုဘာလ မှာထွက်လာဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

လွန်ခဲ့တဲ့ မေလလောက်တုန်းကလည်း ပေါက်ကြားချက်တစ်ခုအရ နောက်လာမယ့် Call Of Duty ဂိမ်းဟာ Cold War နာမည်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် Cold War ကာလကိုအခြေခံပြီး တိုက်ပွဲဝင်ရမယ့်ဂိမ်းတစ်ခုဖြစ်မယ်လို့လည်း သိရှိထားရပါတယ်။

ဒါ့အပြင် Microsoft Store မှာ Activision ရဲ့ Listing တစ်ခုဖြစ်တဲ့ The Red Door ဟာလည်း အသစ်ထွက်ရှိလာမယ့် Call Of Duty: Black Ops Cold War အတွက် Alpha Build ဖြစ်မယ်လို့လည်းခန့်မှန်းနေကြပါတယ်။

လက်ရှိအချိန်မှာတော့ ဘယ်အရာမှ မသေချာသေးရင်တောင်မှ Doritos Marketing Campaign ကတော့ ၂၀၂၀ မှာအသစ်ထွက်ရှိလာမယ့် Call Of Duty ဂိမ်းအသစ်ရဲ့နာမည်ကို အတည်ပြုပေးလိုက်ပြီပဲဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle