Erangel 2.0 နဲ့ UI အပြောင်းအလဲများကို တွေ့မြင်ရမယ့် PUBG Mobile Update အသစ်

Erangel 2.0 နဲ့ UI အပြောင်းအလဲများကို တွေ့မြင်ရမယ့် PUBG Mobile Update အသစ်

PUBG Mobile ရဲ့ Patch Update အသစ်ဖြစ်တဲ့ 1.0.0 မှာတော့ Erangel Map ကို ပြန်လည်ပြုပြင်ထားတဲ့ Erangel 2.0 ကို စတင်တွေ့မြင်ရတော့မှာဖြစ်ပြီး၊ UI အပြောင်းအလဲတွေကိုလည်း စ တင် တွေ့မြင်ရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

လက်ရှိ PUBG Mobile Patch ကတော့ 0.19.0 ဖြစ်ပြီး ဇူလိုင်လမှာ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အခု အသစ်ထွက်ရှိလာမယ့် 1.0.0 Update ဟာ PUBG Mobile အတွက် ကြီးမားတဲ့ Update တစ်ခုဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ဘယ်အချိန်လောက် 1.0.0 Update ထွက်မယ်ဆိုတာကို သေချာမသိသေးပေမယ့် Erangel 2.0 Map ကိုတော့ 1.0.0 Beta မှာ စတင်တွေ့မြင်ရတော့မယ်လို့ သိရှိထားရပါတယ်။

Beta Update က သြဂုတ်လ ၆ ရက်နေ့မှာ ထွက်လာမယ်လို့ကြေညာထားပေမယ့် နှောင့်နှေးနေတယ်လို့ Discord Server မှာ ကြေညာချက်အရသိရှိထားရပါတယ်။ ခန့်မှန်းရသလောက်ကတော့ 1.0.0 Update ကို စက်တင်ဘာလ လောက်မှာ မြင်တွေ့ရဖို့ရှိပါတယ်။

1.0.0 Update မှာ Erangel 2.0 အပြင် PUBG Mobile UI တွေကိုလည်းပြောင်းလဲပေးထားပြီး၊ အရင်ကလိုမျိုး UX မှာရှုပ်ထွေးနေတာမျိုးမဟုတ်တော့ဘဲ ရှင်းရှင်းလင်းလင်းလေးဖြစ်အောင် ပြုပြင်ပြောင်းလဲပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Training Park အသစ်လည်းပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Erangel Map အသစ်မှာတော့ Graphics တွေပိုကောင်းမွန်လာမယ်၊ Textures တွေလည်း ပိုကြည်တောက်လာပြီး၊ Map မှာနောက်ထပ် တူးမြောင်းတွေ၊ ကတုပ်ကျင်းတွေလည်း ထည့်ထပ်ပေးထားဦးမယ်လို့ဆိုပါတယ်။ အဆောက်အအုံပုံစံတွေလည်း Erangel 2.0 မှာ ပြောင်းလဲထားမယ်လို့သိရှိထားရပါတယ်။

Ref: Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle