အဖြူရောင် Shirt လေးတစ်ထည်ရှိရုံနဲ့ ဝတ်စုံဘယ်နှစ်စုံထွက်မလဲ

အဖြူရောင် Shirt လေးတစ်ထည်ရှိရုံနဲ့ ဝတ်စုံဘယ်နှစ်စုံထွက်မလဲ

နွေရာသီရဲ့အလိုက်အဖက်ဆုံးအရောင်ကိုပြောပါဆိုရင် အဖြူရောင်ပါပဲ့။အဖြူရောင်ရဲ့ အဓိပ္ပါယ်က အပြစ်ကင်းစင်းခြင်း၊တည်ငြိမ်ခြင်းကိုကိုယ်စားပြုပါတယ်။အဖြူရောင်လေးဝတ်ထားလိုက်ရင် လူကအလိုလိုနေရင်းသန့်သွားတယ်လို့ခံစားရတယ်။ ပျိုပျိုမေမေတို့ဆီမှာ Shirt အဖြူရောင်လေးတစ်ထည်ရှိရုံနဲ့အရာရာအဆင်ပြေပြီးဘာနဲ့တွဲဝတ်ဝတ်လိုက်ဖက်ပါတယ်။မင်မင်တွေ့ရသလောက်ကတော့ ဂျင်းဘောင်းဘီတွေနဲ့ပဲ့တိုက်ဝတ်ကြတာများတာတွေ့ရပါတယ်ဒါမှမဟုတ်သာမာန်ရိုးကျတွဲဝတ်နေတဲ့ စကတ်လေးတွေနဲ့လည်းတွဲဝတ်ကြတာများတယ်။အင်္ကျီအဖြူရောင်တစ်ထည်ကတော့ပျိုမေတိုင်းမှာရှိကြပါတယ်။အခုတစ်ခါတော့ အဖြူရောင် Shirt လေးကိုဘယ်လိုလေးတွေနဲ့ဝတ်လိုရသေးလဲဆိုတာ Akhayar ရဲ့ Fashion ပုံလေးတွေ့နေမျှဝေပေးချင်ပါတယ်။

Photo Credit - Akhayar The New Look

Kelly (Akhayar Lifestyle)