Forbes DACH မှ ရွေးချယ်တဲ့ အသက် (၃၀) နှစ်အောက် အောင်မြင်သူများ စာရင်းတွင် ပါဝင်လာခဲ့တဲ့ Kuroky

Forbes DACH မှ ရွေးချယ်တဲ့ အသက် (၃၀) နှစ်အောက် အောင်မြင်သူများ စာရင်းတွင် ပါဝင်လာခဲ့တဲ့ Kuroky

Team Nigma Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Dota2 လောကရဲ့ အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေ အထဲမှာ တစ်ဦး အပါအဝင်လည်းဖြစ်တဲ့ Kuroky ကတော့ Forbes DACH မှ ရွေးချယ်တဲ့ (၃၀) နှစ်အောက် အောင်မြင်သူများ စာရင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

Forbes DACH ဆိုတာကတော့ Forbes မဂ္ဂဇင်းမှ ဂျာမနီ၊ ဩစတြီးယား၊ ဆွစ်ဇာလန်နိုင်ငံတို့မှ အသက် (၃၀) အောက် အောင်မြင်သူများကို နှစ်စဉ် ရွေးချယ်ဖော်ပြပေးတဲ့ အစီအစဉ် တစ်ခုဖြစ်ပြီး ယခုနှစ်အတွက် Esports နယ်ပယ်မှ Kuroky တစ်ဦးသာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းကတော့ OG Dota2 အသင်းနဲ့အတူ TI နှစ်ထပ်ကွမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ Ana အနေနဲ့လည်း Forbes မှ ရွေးချယ်တဲ့ အသက် (၃၀) အောက် အာရှတိုက်တွင်း အောင်မြင်သူများ စာရင်းတွင် ပါဝင်ခဲ့ဖူးပါတယ်။

Kuroky အနေနဲ့ Dota2 လောက အတွင်းမှာ ကျင်လည်နေခဲ့တာ ၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချန်ပီယံဆုပေါင်းများစွာ၊ ဆုကြေးငွေပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Forbes DACH ဘက်ကတော့ Kuroky နဲ့ ပက်သက်ပြီး အခုလို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

“Kuroky အနေနဲ့ ငယ်စဉ် ကာလမှာ လမ်းလျှောက်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဗီဒီယိုဂိမ်းတွေနဲ့သာ ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ အခုလို ဗီဒီယိုဂိမ်းတွေကို စွဲစွဲမြဲမြဲ ကစားရင်း သူပိုင်ဆိုင်ထားတဲ့ အရည်အချင်းကို ရှာဖွေတွေ့ရှိခဲ့သလို အသက် (၁၆) နှစ် အရွယ်မှာပဲ ဂျာမနီ Esports အဖွဲ့အစည်း Mousesports ကိုယ်စားပြု Dota အသင်းမှာ ဝင်ရောက် ကစားနိုင်ခဲ့ပါတယ်။

Kuroky အနေနဲ့ Dota ကစားသမား ဘဝမှာ အနိမ့်အမြင့် အတက်အကျပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ Team Liquid နဲ့အတူ Esports လောကရဲ့ အခမ်းနားဆုံး ပြိုင်ပွဲတွေ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ The International 2017 ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။”

Ana နဲ့ Kuroky တို့ အပြင် ၂၀၁၉ ခုနှစ်တုန်းက Ramzes666 အနေနဲ့လည်း Forbes မဂ္ဂဇင်းမှ ရွေးချယ်ပေးခဲ့တဲ့ အသက် (၃၀) နှစ်အောက် ရုရှားဒေသတွင်း အောင်မြင်သူများ စာရင်းမှာ ပါဝင်ခဲ့ဖူးသလို OG Dota2 အသင်းရဲ့ ကပ္ပတိန်ကြီး Notail အနေနဲ့လည်း Forbes မဂ္ဂဇင်းမှ ရွေးချယ်ပေးခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာ အသက် (၃၀) နှစ်အောက် အောင်မြင်သူများ စာရင်းမှာ ပါဝင်ခဲ့ဖူးပါတယ်။

Kuroky အနေနဲ့ လက်မောင်းဒဏ်ရာကြောင့် Dota2 ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ (၆) လခန့် ရှိလာခဲ့ပြီ ဖြစ်တာကြောင့် နိုဝင်ဘာလ (၁၄) ရက်နေ့ (ယနေ့) မှာ ယှဉ်ပြိုင်သွားရမယ့် Mudgolems နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်လာမှာ ဖြစ်တာကြောင့် အသင်းနဲ့အတူ ချန်ပီယံဆုကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle