OGA Dota PIT Season 3 ပြိုင်ပွဲကနေ နိုင်ပွဲမရှိ ထွက်ခွာခဲ့ရတဲ့ Nigma Dota 2

OGA Dota PIT Season 3 ပြိုင်ပွဲကနေ နိုင်ပွဲမရှိ ထွက်ခွာခဲ့ရတဲ့ Nigma Dota 2

ပရိသတ် အချစ်တော် Dota2 အသင်း Nigma ကတော့ OGA Dota PIT Season 3 ပြိုင်ပွဲကနေ နိုင်ပွဲမရှိဆိုတဲ့ မှတ်တမ်းလေးနဲ့ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ Kuroky ပါဝင်ခြင်း မရှိပေမယ့် OGA Dota PIT Season 2 မှာ ပထမ၊ OMEGA Leauge: EU Immortal Division မှာ တတိယတို့ကို အစားထိုး ကစားသမားလည်းဖြစ်၊ နည်းပြလည်းဖြစ်တဲ့ rmn နဲ့အတူ ရရှိခဲ့တာကြောင့် OGA Dota PIT Season 3 မှာလည်း ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်ဖို့ ပရိသတ် အများစုက မျှော်လင့်ထားကြပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကတော့ ထပ်တူ မကျခဲ့ပါဘူး။

Kuroky

OGA Dota PIT Season 3 ကို Double Elimination ပုံစံဖြင့် ကစားခဲ့ရတာဖြစ်ပြီး Nigma Dota2 အသင်း အနေနဲ့ အဖွင့်ပွဲစဉ်မှာ Natus Vincere (Ex- FlyToMoon) အဖွဲ့သားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲငယ် နှစ်ပွဲလုံးကို မိနစ် (၃၀) ဝန်းကျင်ဖြင့် အရှုံးပေးခဲ့ရသလို Lower Bracket Round 1 ပွဲစဉ်မှာလည်း နောက်ထပ် CIS အသင်း တစ်သင်းဖြစ်တဲ့ VP.Prodigy ကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

Miracle

Nigma Dota2 အသင်းဟာ ယခင် ပြိုင်ပွဲတွေတုန်းက သိပ်မသိသာပေမယ့် ယခုပြိုင်ပွဲမှာတော့ Captain ကြီး Kuroky မပါနိုင်ခြင်းရဲ့ အကျိုးရလဒ်တွေကို စတင် ခံစားနေရပြီ ဖြစ်ပါတယ်။ Kuroky မပါဝင်နိုင်တဲ့ ကာလမှာ အသင်းရဲ့ Drafter အဖြစ် တာဝန်ယူထားတဲ့ Miracle ဟာ တစ်ဖက် အသင်းတွေရဲ့ ကစားဟန်တွေနဲ့ ရင်းနှီးခြင်း မရှိတာကြောင့် Pick/ Ban တွေမှာ အမှားအယွင်း အချို့ ပြုလုပ်မိခဲ့သလို In-Game Leader ဖြစ်သူ Kuroky မရှိတာကြောင့် In-Game အတွင်း Call ခေါ်ရာမှာလည်း အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ပြီး မလုပ်သင့်တဲ့ အမှားတွေကို ကျူးလွန်မိကာ တစ်ဖက် အသင်းရဲ့ ပွဲအပေါ် အုပ်စိုးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ OGA Dota PIT Season 3 ပြိုင်ပွဲကို ဆက်လက် ကျင်းပလျက်ရှိပြီး ထုံးစံအတိုင်း Team Secret ကတော့ လက်စွမ်းကောင်းတွေကို ပြသလျက် ရှိတာကြောင့် ယခုပြိုင်ပွဲရဲ့ Grand Final မှာလည်း သုံးပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ ဗိုလ်စွဲသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle