OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Nigma

OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲကြီးကတော့ ဇွန်လ (၃၀) ရက်နေ့မှာ Team Nigma အနိုင်ရ ဗိုလ်စွဲခြင်းနဲ့ အတူ အောင်မြင်စွာ ပြီးဆုံးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Team Nigma အနေနဲ့ OGA Dota PIT Season 2 ပြိုင်ပွဲမှာ ကပ္ပတိန်ဖြစ်သူ Kuroky တစ်ယောက် ကျန်းမာရေး ပြဿနာကြောင့် ပါဝင်နိုင်ခြင်း မရှိတာကြောင့် နည်းပြဖြစ်သူ rmn ကို အစားထိုး အသုံးပြုခဲ့ရပေမယ့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ နာမည်ကျော် Dota2 အသင်း ၈ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Double-Elimination Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Team Nigma အနေနဲ့ အဖွင့်ပွဲစဉ်မှာ Iceberg, General တို့ ပါဝင်တဲ့ FlyToMoon ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း Ceb ပြန်လည် ပါဝင်လာခဲ့တဲ့ OG Dota2 အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Upper Bracket Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Upper Bracket Final အဆင့်မှာလည်း Nikobaby တို့ တစ်သိုက်ကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲရဲ့ Grand Finals အဆင့်ကို စောစီးစွာ တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။
Nigma ကို ရှုံးနိမ့်ခဲ့တဲ့ Alliance ကတော့ Lower Bracket ကို သက်ဆင်း ပေးခဲ့ရပေမယ့် Lower Bracket Final ပွဲစဉ်မှာ TI နှစ်ထပ်ကွမ်း ချန်ပီယံ Dota2 အသင်း OG ကို (၂-၁) ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals မှာ Nigma နဲ့ ပြန်လည် ရင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။

OGA Dot PIT Season 2 Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Game 1 နဲ့ Game 2 တို့မှာ Nigma ဘက်က အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Alliance အဖွဲ့သားတွေ အနေနဲ့ စိတ်ဓာတ်အလျင်း ကျသွားခြင်း မရှိဘဲ Game 3 နဲ့ Game 4 တို့မှာ အနိုင်ရလဒ်ကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
.@TeamNigma recover and take the series and the🏆tournament with a 3:2 win! Congratulations!
— OGA Dota PIT (@OGADotaPIT) July 30, 2020
Thank you all for watching and hope to see you next time!#dota2 pic.twitter.com/oiM3a1GDm9
ဒါပေမယ့်လည်း အဆုံးအဖြတ် ပွဲစဉ်ဖြစ်တဲ့ Game 5 မှာ Nigma ကို ပြန်လည် ရှုံးနိမ့်ခဲ့ရတာကြောင့် Alliance Dota2 အသင်းကတော့ OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲရဲ့ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ Nigma Dota2 အသင်း အနေနဲ့ မတ်လနောက်ပိုင်း ချန်ပီယံဆုတွေနဲ့ ဝေးကွာနေခဲ့တဲ့ ကျိန်စာဆိုးကြီးကို OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခြင်းနဲ့အတူ ပယ်ဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
REF: VpEsports